Thursday, February 27, 2014
For Sensus Karen Brotherly Suggestion 28/2/2014
တိုင်းရင်းသား မျိုးမပျောက်ရေး သန်းကောင်စာရင်း ကိစ္စ ညီနောင်လူမျိုးစုများသို့  တင်ပြချက်..
“မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်သည်” ဆိုတဲ့အတိုင်း
လ၀ကအမှုထမ်းတွေက ခေတ်အဆက်ဆက် လူမြိုလုပ်ငန်းကိုဝတ္တရားအဖြစ်မပျက်မကွက်လုပ်ဆောင်
ဆောင်းပါး - Agga
ဒီမိုကရေစီအစိုးရလို့ ပြောလာကြတဲ့ လွန်ခဲ့တဲ့၃နှစ်လောက်ကစပြီး လူမျိုးစုတွေရဲ့ နာမယ်ရှေ့ မှာ လူမျိုးခြား တွေရဲ့ သင်္ကေတရှေ့ စီးတွေမထည့်ဖို့ အထူးသဖြင့် ဦး ဒေါ်တွေအစား ကရင်ဖြစ်ရင် စော မန်း နော် နန်းစတာတွေကိုအမှန်အတိုင်းထည့်ပေးဖို့  အီးမေးလ် နဲ့ မီဒီယာ တချို့ မှာ ကျနော်ဝေစာတွေမျှပေးခဲ့ပါတယ်။ ဥပဒေအောက်က ကရင် နိုင်ငံရေးပါတီအတွေ အပြင် မွန်၊ သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ၊ ရခိုင်၊ အဲန်အဲလ်ဒီ၊ အောင်ဆန်းစုကြည်၊ ဒီဖီအဲန်အက်စ်၊ အေဘီအက်စ်ဒီအက်စ်၊ ကြံ့ ဖွံ့ ၊ သမ္မတ စတဲ့ ရသမျှ ဆိုရှယ်မီဒီယာလိပ်စာတွေကနေပြီးတော့ လဲ ကွန်မန့် တွေအဖြစ်ညတိုင်းနီးပါးဖြန့် ပေးခဲ့ပါတယ်။
မကြာခင်မှာ ဒီကိစ္စအတွက် ကရင် ၄ပါတီကနေပူးပေါင်းဆောင်ရွက်မှုတွေကိုတွေ့ လာရတယ်။ နောက်မကြာခင်မှာဘဲ ချင်း အဖွဲ့ အစည်းတွေဒီကိစ္စကို ပြောလာကြတယ်။ သျှမ်းနီတွေနဲ့ မွန်တွေဘက်မှာလဲ ဒီအရေးဟာအသက်ဝင်အားကောင်းလာတယ်။ နောက်ဆုံးတော့ လွှတ်တော်မှာပြောကြဆိုကြတဲ့အဆင့်ကိုရောက်တယ်။
ဒီလိုဖြစ်လာတာကို လိုလားမှာမဟုတ်တဲ့ စစ်တပ်လက်ဝေခံဦးသိန်းစိန်အစိုးရဘက်ကဘာတွေတုံ့ ပြန်မယ်ဆိုတာကို ကြိုတင်ခန့် မှန်းကြည့်ရာမှာ သူတို့ ခုလက်ရှိလုပ်နေသလို တိုင်းရင်းသားနာမယ်သင်္ကေတအစိတ်စိတ်အမွှာမွှာခွဲပစ်မယ် ဆိုတာကိုတွက်မိခဲ့ပါတယ်။ ဒီနည်းက တိုင်းရင်းသား ၇ပြည်နယ်ကို ၁၃၅မျိုးခွဲခြားလိုက်တဲ့ နည်းနဲ့တထပ်ထည်းပါဘဲ။
ဒီနည်းက တိုင်းရင်းလူမျိုးစုတစုစီအတွင်းအချင်းချင်းစိတ်ဝမ်းကွဲသွေးအခွဲနိုင်ဆုံးနည်းဖြစ်လို့ ပါဘဲ။
ဒီတော့ ကရင်အပါအ၀င်ညီနောင်တိုင်းရင်းသားလူမျိုးစုအားလုံးကို ကျနော်အကြံပေးချင်တာတခုကိုတင်ပြပါရစေ။
မိမိလူမျိုးအတွင်းမှာရှိတဲ့ လူမျိုးကွဲတွေက သူတို့ ရဲ့ မူလရှိပြီးသားသီးခြားရှေ့ စီးသင်္ကေတတွေကို သုံးချင်ရင် သုံးခွင့်ပေးလိုက်ပါ။ သူ့ လက်ရှိ အခြေအနေအရဖြစ်ပေါ်နေတဲ့ အသိစိတ်ဓါတ်နားလည်မှုအဆင့်အတန်းနဲ့သူတို့ ကိုယ်တိုင်ဆုံးဖြတ်ကြပါစေ။
ဒီကိစ္စတွေကို ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာတဲ့အခါဗဟိုအစိုးရရဲ့ သွေးခွဲ ပယောဂလုံးဝမပါစေဘဲ ပြည်နယ်တခုစီရဲ့  အတွင်းရေးကိစ္စအဖြစ် အချင်းချင်းညှိနှိုင်းရင် အဖြေရှာရမခက်ပါ။ ခုချိန်မှာတော့ စစ်တပ်လက်ဝေခံအစိုးရကအဓိကဆူးညောင့်ခလုတ်ဖြစ်နေတာမို့ တိုင်းရင်းသားတွေ
လှုပ်လေ နစ်လေဖြစ်သွားပါမယ်။ အခု အဓိကအရေးအကြီးဆုံးဟာ တိုင်းရင်းသားမှန်သမျှရဲ့ နာမယ်ရှေ့ မှာ ဦးတွေဒေါ်တွေနဲ့ အစားထိုးလှီးလွှဲ အုပ်စီးချုပ်နှောင်ထားခံရတာကနေလွတ်မြောက်ဖို့ တခုထဲပါ၊ ဒီနည်းက တိုင်းရင်းသားလူမျိုးစု လူဦးရေအချိုးအစား ကို အမှန်အတိုင်း ပြန်သိလာမဲ့နည်းဖြစ်တယ်။
ခုဆိုတိုင်းရင်းသားတွေ စုစုပေါင်း ၃၀%ဘဲရှိတော့တယ်လို့ မီဒီယာရော ဆိုင်ရာအစိုးရအဖွဲ့ အစည်းတချို့ ကပါစပြောနေကြပြီ။ ဒါဟာ ညီနောင်တိုင်းရင်းသားအချင်းချင်းတွေအကြားမှာ လူမျိုးရေးအသာစီးရသထက်ရဖို့ အတွက် စိတ်ဓါတ်ဗေဒသက်ရောက်မှုပျင်းထန်တဲ့သူတို့ လုပ်နေကြ လှည့်ကွက်တခုပါ။ ဒါဟာသူတို့ ရဲ့ အတောမသတ်နိုင်သေးတဲ့ လူမျိုးရေးတကိုယ်ကောင်းစိတ်ဓါတ်တခုပါ။ ဒီနေရာမှာ သမိုင်းကြာင်းလေးကိုနဲနဲပြန်နွှေးဖို့ လိုတာမို့ ပြောပါရစေ။ အင်္ဂလိပ်ခေတ်အစဦးပိုင်းမှာ အင်္ဂလိပ်က ဘားမားဆိုပြီးကင်ပွန်းတပ်ခေါ်ဆိုလိုက်တဲ့
ဘားမားဆိုတဲ့ အင်ပါယာမှာ ဗမာလူမျိုးတွေကအထင်ရှားဆုံးဖြစ်ခဲ့တယ်။ လူဦးရေအရကြည့်ရင် အောက်ပိုင်းကိုလွမ်းမိုးထားခဲ့တဲ့ မွန်ရယ် အရှေ့ နဲ့ မြောက်မှာ နယ်စားပယ်စားတွေဖြစ်နေကြတဲ့ သျှမ်း အနောက်ပင်လယ်ကမ်းရိုးတန်းတလျှောက်ကိုမင်းလုပ်အုပ်ချုပ်ခဲ့တဲ့ ရခိုင်စတဲ့ လူမျိုးတွေထက် ဗမာက ပိုများမယ်လို့ 
အဂ်လိပ်ကထင်မြင်ခန့် မှန်းခဲ့ပါတယ်။ အဂ်လိပ်ခေတ်မှာရော ဂျပန်ခေတ်မှာပါ သူတို့ အစိုးရရုံးစိုက်ရာ မြို့ ပြတွေကိုအခြေခံတဲ့ သန်းကောင်းစာရင်းအကြမ်းတွေကိုကောက်ယူခဲ့ကြပါတယ်။
အဲဒီတုန်းကလဲ ဗမာလူမျိုးကပိုများပြီး တပြည်လုံးရဲ ၃၀%ထက်မနဲရှိမယ်ဆိုတာကိုအကြမ်းဖျင်းပြောဆိုမှတ်တမ်းတင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနှစ်ပိုင်းအတွင်းမှာဘဲ ဗမာလူမျိုးက ၄၀%နဲ့ ကျန်တာက တိုင်းရင်းသားပေါင်းစုံလို့ ပြောကြပြန်တယ်။ နောက်ပိုင်းမှာ တိုင်း(၇)တိုင်းပြည်နယ်(၇)လို့ အညီအမျှခွဲလိုက်ပြီး လူဦးရေကိုလဲ ၅၀-၅၀ ဖြစ်သရောင်ပုံဖေါ်လာခဲ့တယ်။
နေ၀င်းမဆလစစ်အစိုးရခေတ်မှာတော့ဂဏန်းအရေအတွက်တွေပြောင်းပြန်စဖြစ်လာတယ်။ တိုင်းရင်းသား ၄၀% ဗမာ ၆၀% လို့ ပြောဆိုလာကြတယ်။ ခု စစ်တပ်လက်ဝေခံဦးသိန်းစိန်အစိုးရခေတ်ရောက်တော့ တိုင်းရင်းသား ၃၀% ဗမာ၇၀%လို့ စပြောနေကြပြီ။ ဒါဟာ တိုင်းရင်းသားလူမျိုးစုတွေနည်းမျိုးစုံ ဖျောက်ဖျက်ခံရမှုအရှိန် အဟုန်မြင့်မားပျင်းထန်မှုကိုထင်ထင်ရှားရှားပြနေတဲ့အချက်ဘဲ။ ဒီနှုန်းနဲ့သွားနေရင် နောက်ဆယ်စုနှစ် တခု နှစ်ခု အတွင်းမှာ တိုင်းရင်းသား ၅% ဗမာ ၉၅% ဖြစ်လာမှာကိုသချာင်္နည်းနဲ့တွက်ကြည့်နိုင်တယ်။
ပဒေသရာဇ်မင်းအဆက်ဆက်-အစိုးရအဆက်ဆက်နဲ့ သူတို့ ရဲ့ အထုံဗီဇ အမွေခံ အလိုတူအလိုပါတွေဟာ တိုင်းပြည်စည်းလုံးဖို့  လူတမျိုးတည်းရှိနေရမယ်ဆိုတဲ့ သီအိုရီယုံကြည်ချက်တွေတူနေသလို နယ်ပယ်အသီးသီးကနေ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ချက်တွေကလဲတူနေတယ်။ ဒီတော့ခေတ်အဆက်ဆက် ဒီသဘောတရားနဲ့ လုပ်ဆောင်ခဲ့မှုတွေကြောင့် ဖြစ်ပေါ်နေခဲ့တဲ့ သက်ရောက်မှုမှန်သမျှကို ရပ်တန့် ဖို့ 
ကျနော်တို့ တိုင်းရင်းသားညီကိုလူမျိုးစုအားလုံးက ကိုယ့်နာမယ်ရှေ့ မှာ ဦးတွေဒေါ်တွေကိုဖြုတ်ပစ်ခြင်းဟာ စိတ်ဓါတ်အရရောလက်တွေ့ အရပါ အထိရောက်ဆုံးနည်းဖြစ်ပြီး လက်ရှိဖွဲ့ စည်းပုံဥပဒေနဲ့ ဌာနဆိုင်ရာ အက်ဥပဒေပုဒ်မတခုတလေကိုမျှဖေါက်ဖျက်စရာလဲမလိုတဲ့လှုပ်ရှားမှုဖြစ်တာမို့ - လူအားလုံးက မိမိနေ့ စဉ်ဘ၀အနေအထားမပျက်တဲ့နည်းတွေနဲ့  ဒီအရေးအခင်းကိုပါဝင်ပြိး ကိုယ့်လူမျိုးအရေ
အတွက်ခြေမှုန်းဖျေက်ဖျက်ခံနေရမှုကနေ ကျော်လွန်အောင်မြင်နိုင်မှာဖြစ်ပါတယ်။
လူမျိုးကိုဖျောက်ဖျက်ရာမှာ ဘာသာစကားစာပေ နဲ့ဝတ်စားဆင်ယင်မှုတွေကိုသွားပြီး ထိပါးရိပါးလုပ်တာက ခါးသီးတဲ့ခံစားချက်နဲ့ ပျင်းထန်တဲ့အသက်စွန့် တုံ့ ပြနှ်ုတွေကျယ်ကျယ်ပြန့် ပြန့် ဖြစ်ပွားလာစေမှာမို့  အဲလိုလုပ်မဲ့အစား သန်းကောင်စာရင်းမှာ လူမျိုးမပေါ်အောင်လုပ်လိုက်တာက အလွန့် အလွန်လွယ်ကူပြီး အလွန့် အလွန်ထိရောက်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းဟာ တပြည်လုံး ငလျှင်လှုပ်သလိုလှုပ်ခါသွားစေလောက်အောင်ကြီးမားတဲ့ ပြသနာကြီးတခုကို သာမန်အစိုးရဌာနခွဲလေးတခုကနေ ရုံးစာရေးလောက်အဆင့် ကနေပြီး နေ့ စဉ်ပုံမှန်လုပ်နေကျ
အသေးဖွဲတာဝန်လေးတခုလို အလွယ်တကူ လုပ်ဆောင်နိုင်တဲ့နည်းပါ။ ဒါပေမဲ့ အဲဒီလောက်အလွယ်တကူ လုပ်လို့ ရတဲ့ နည်းနာအောက်မှာ တိုင်းရင်းသားတွေ မျိုးပျောက်လုပြီလေ။
ကိုယ့်အမျိုးသားဝတ်စုံလေးကိုယ်ဝတ်ခွင့်ရလို့ ကြည်နူးနေတဲ့  အသင်ဟာ သင့်ရဲ့ လူမျိုးစာရင်းမှာပါပါရဲ့ လား။
ဗမာစကားကိုမပီကလာ ပီကလာပြောရင်း ကိုယ့်အိမ်ထဲမှာကိုယ့်ဘာသာစကားပြောခွင့်ရနေသူ အသင်ဟာ သင့်ရဲ့ လူမျိုးစာရင်းမှာပါပါရဲ့ လား။ ရိုးရာအကတွေကိုကပြသီဆိုရင်း ရွှင်မြူးနေတဲ့ အသင်ဟာ အသင်ဟာ သင့်ရဲ့ လူမျိုးစာရင်းမှာပါပါရဲ့ လား။ တကယ်တော့ လူမျိုးတမျိုးဆိုတာ မျိုးရိုးဇာတိကိုအခြေခံတဲ့ သဘာဝအဖွဲ့ အစည်းကြီးတခုပါ။
သင်ဘာအ၀တ်အစားဘဲဝတ်ဝတ်၊ဘာစကားဘဲပြောပြော ပြီးတော့ဘယ်အကဘဲကက သင့်လူမျိုးစာရင်းမှာသင်မပါရင် သင်ဟာ သင့်လူမျိုးမဟုတ်ပါဘူး။
ဒီနည်းနဲ့ သင်ဟာ သင့်လူမျိုးကို ကိုယ်တိုင်ဖျောက်ဖျက်နေသူလဲဖြစ်နေပါမယ်။
သန်းကောင်စာရင်းဟာ သင့်လူမျိုးရဲ့ အလေးထားလောက်တဲ့ တရားဝင်အင်အားပါဘဲ။
သန်းကောင်စာရင်းဟာ သင့်လူမျိုးတွေရဲ လေးစားလောက်တဲ့စုစည်းမှုအဆင့်အတန်းကိုလဲပြနေတာပါဘဲ။
“မြေမြို၍ လူမျိုးမပျောက်၊ လူမြို၍သာ လူမျိုးပျောက်သည်” ဆိုတဲ့ ဆိုင်းပုဒ်တွေကို လ၀ကရုံးတိုင်းမှာ ခေတ်အဆက်ဆက်
လ၀ကအမှုထမ်းတွေက လူမြိုလုပ်ငန်းကိုဝတ္တရားအဖြစ်မပျက်မကွက်လုပ်ဆောင်ကြဖို့ သွေးထိုး ကျောက်တိုင်တွေအဖြစ်စိုက်ထူထားဆဲဖြစ်နေပါတယ်။ ဒီဆိုင်းပုဒ်ပါသြ၀ါဒကိုကိုင်စွဲပြီး လ၀ကအမှုထမ်းတွေက တိုင်းရင်းသားတွေကို လူမြိုရေးလုပ်နေကြဆဲလဲဖြစ်ပါတယ်။ တကယ်တော့ဘယ်လူမျိုးကဘယ်လူမျိုးကိုမှ မမြိုအောင် လုပ်ဆောင်ပေးရမှာက လ၀က အမှုထမ်းအဆင့်ဆင့်ရဲ့ ပြည်ထောင်စုစိတ်ဓါတ်နဲ့ တိုင်းရင်းသားတွေအပေါ်ကောက်ကျစ်စင်းလဲမှုကင်းစင်တဲ့စိတ်ဓါတ်သဘာဝတွေအပေါ်မှာအဓိကတည်နေပါတယ်ခင်ဗျား....
အမှန်တရားကိုလေးစားလျှက်
Agga
Karen Name in Census in Burma 28/2/2014
သန်းခေါင်စာရင်းတွင် ကရင်တစ်မျိုးတည်းသာ ထည့်သွင်းရန် ကရင်ရေးရာဝန်ကြီးများ တိုက်တွန်း
ဖေဖေါ်ဝါရီ ၂၆ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
၂၀၁၄ ခုနှစ်၊ တပြည်လုံးသန်းခေါင်စာရင်း ကောက်ယူရာ၌ ကရင်လူမျိုးများအားလုံး တစ်စုတစ်စည်းတည်း ဖြစ်စေရေးအတွက် ကောက်ခံချိန်အတွင်း မိမိလူမျိုးကို ကရင်(ကုတ်သင်္ကေတနံပါတ် ၃၀၁ )တွင် ထည့်သွင်းကြရန် ကရင်ရေးရာဝန်ကြီးများက တိုက်တွန်းထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက် အမှတ် (၇)၊ ဘူတာရုံးလမ်း အစည်းအဝေး ခန်းမ၌ နယ်ပယ်အသီးသီးမှ ကရင်အမျိုးသားများပါဝင်သည့် အစည်းအဝေးတစ်ရပ်တွင် ရန်ကုန်တိုင်းဒေသကြီး ကရင်ရေးရာဝန်ကြီးများက ထိုသို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောဂျူပလီစံလှက “ကရင်ဟာ ကရင်ဆိုတာပဲ ဖြစ်စေချင်တယ်လေ။ အခုသန်းခေါင်စာရင်းမှာ ကရင်မျိုးနွယ်စုတွေ သတ်မှတ်ထားတာက အရင်ပေါ်လစီအရ ဖြစ်ပေမယ့် ရှုပ်ထွေးမှုတွေဖြစ်တာတော့ အမှန်ပဲ။ ဒါကြောင့် ကျနော်တို့ အဲလိုတိုက်တွန်းခဲ့တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်တွင် ကျင်းပခဲ့သည့် ယင်းအစည်းအဝေးတွင် ကရင်ဝန်ကြီးများအပါအ၀င် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုအလုပ်အမှုဆောင် ပဒို စောတာဒို့မှူး၊ သမိုင်း အငြိမ်းစားပါမောက္ခ စောထွန်းအောင်ချိန်နှင့် ဘာသာရေး၊ လူမှုရေးအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့ သည်ဟု သိရသည်။
အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်က ဖေဖေါ်ဝါရီ ၁၂ရက်၊ ပြည်ထောင်စုနေ့၌ နေပြည်တော်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသားရေးရာ ၀န်ကြီးများတွေ့ဆုံခဲ့စဉ် သန်းခေါင်းစာရင်းကောက်ခံသည့်အခါ လူမျိုးအလိုက် ပင်မလူမျိုးတွင်သာ တစ်စုတစ်စည်းတည်း စာရင်းသွင်းသင့်သည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ကရင်ရေးရာဝန်ကြီးများ၏ တိုက်တွန်းချက်များအပေါ် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတတ်ရေးအဖွဲ့(KWEG)မှ ဒါရိုက်တာ နော်စူစဲန်နာ လှလှစိုးက “ကျမအမြင်ကတော့ ကရင်မျိုးနွယ်စုအလိုက် ညှိနှိုင်းဖို့ အဆင်မပြေတော့တဲ့ အချိန်ကျမှ နောက်ဆုံးအနေနဲ့ မျိုးနွယ်စုလိုက်မခွဲဘဲ ကရင်လို့သာ သန်းခေါင်စာရင်းမှာထည့်ဖို့ လုပ်သွားရမှာ ထင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်နှင့် ပတ်သက်၍ ဇန်န၀ါရီ ဒုတိယအပတ်အတွင်းက ဖားအံမြို့၌ ကရင်ကိုယ်စားလှယ် သုံးရာနီးပါးတတ်ရောက်သည့် အစည်းအဝေးအပြီးတွင် သဘောထားထုတ်ပြန်ချက် တစောင်ထုတ်ပြန်ခဲ့သလို လူမျိုးစုသတ်မှတ်ခြင်းကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် တောင်းဆိုခဲ့သေးသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဆိုရှယ်လစ်အစိုးရလက်ထက်က ၁၉၇၃ ခုနှစ်၌ တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်၌ တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူခဲ့ကာ နှစ်ပေါင်း (၃၀)ကျော်အကြာတွင် ယခုလို ပြန်လည်ကောက်ယူ ရန် စီစဉ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
Sunday, February 16, 2014
How Aung San Su Kyi will correct the truth 17/02/2014
ဒေါ်အောင်ဆန်းစုကြည် ဘာမှားသလဲ ဘာပြင်သင့်သလဲ
ဒေါ်အောင်ဆန်းစုကြည် ကယ်ရီကေးချား (သရုပ်ဖော် – စိုင်းစိုးကြည် / ဧရာဝတီ)
၂၀၁၅ ရွေးကောက် ပွဲအကြောင်း စာနယ်ဇင်း အတော် များများက ရေးသား ပြောဆို ကြတယ်။ တရား မျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်မယ်ဆို ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နေရာ အများ အပြားမှာ နိုင်မယ် ဆိုတာ အများစုက ယူဆကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် ပိတ်ပင် ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက ခက်ခဲတာမို့ ဘယ်သူ့ကို တိုင်းပြည် ဦးဆောင်ဖို့ ပါတီက လျာထားသလဲ မသိရသေးဘူး။ နောက် အစိုးရ အဖွဲ့ကို သင့်လျော်တဲ့ ဘယ်သူတွေနဲ့ ဝန်ကြီးနေရာ ခန့်အပ်ပြီး ဖွဲ့စည်းမယ် ဆိုတဲ့ အဆင်သင့် ပြင်ထားမှုလည်း မရှိဘူး။
လူငယ်တွေနဲ့ ပွဲထွက်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို ပွဲမဝင်ခင် ပြင်ဆင်ထားမှု မလုပ်ဘဲ နီးမှ လူစုတာ ၂၀၁၅ အလွန် အုပ်ချုပ်ရေး အတွက် မကောင်းပါ။  တိုင်းပြည်ရဲ့  ပြုပြင်ပြောင်း လဲရေးကို အရှိန်လျော့ သွားစေနိုင်တယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ကလည်း ၂၀၁၅ ရွေး ကောက်ပွဲ အပြီး ပိုဝင်လာ နိုင်တာမို့ စီမံခန့်ခွဲ တတ်မှုက အရေးပါတယ်။ အခုကိုပဲ မြန်မာ့နိုင်ငံရေး လေ့လာသူ အတော် များများက ရှေ့ဖြစ်ဟော ကုန်ကြပါပြီ။ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲဟာ နိုင်ငံရေးအရ ဒီမိုကရေစီပို ရှိလာဖို့နဲ့ စီးပွားရေးအရ ပိုညီမျှလာဖို့ကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောကုန်ပြီ။  အကြောင်းက ဖြစ်ပျက်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေက တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့နဲ့ နိုင်ငံရေးအရ တည်ငြိမ်ဖို့ လမ်းကို ပိတ်ဆို့ထားကြလို့ပါ။ ဒါတွေကို ကိုင်တွယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရပ်တည်ချက်က မရေမရာဆန်လာတယ်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။
နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦး အနေနဲ့ ရခိုင်မှာတင်မက မြန်မာပြည်အလယ်ပိုင်း မိတ္ထီလာမြို့ကြီးတွေအထိ တောက်လောင်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခမီးတောက်တွေအကြောင်း နှုတ်ဆိတ်နေခဲ့တာ၊ အမုန်းတရားတွေ ဟောပြောပျံ့နှံ့နေတာကို ရင်မဆိုင်တာ၊ ကချင်စစ်ပွဲတွေကို လျစ်လျူရှုခဲ့တာတွေက သူ့အတွက် အမှတ်လျော့စရာတွေ ဖြစ်ခဲ့ရတယ်။ ဒီအတောအတွင်း အောင်မြင်မှု မရှိခဲ့တဲ့ တပ်မတော်နဲ့ နီးစပ်အောင် ကြိုးပမ်းခဲ့တာတွေကလည်း ပြောစရာပါ။ ဗြိတိန်နိုင်ငံ ဒုတိယအကြိမ်ခရီးမှာ လူ့အခွင့်အရေး တိုက်ပွဲဝင် ရဲဘော်ရဲဘက်ဟောင်းတွေနဲ့ မတွေ့ဘဲ နိုင်ငံရေးထိပ်သီး တွေနဲ့ တွေ့ပြီး မြန်မာ့တပ်မတော်ကို အကူအညီပေးဖို့ တိုက်တွန်းတာ၊ တပ်မတော်နေ့အခမ်းအနား ဗိုလ်ချုပ် တွေနဲ့အတူ တက်ခဲ့တာတွေဟာ နောက်ဆုံး အရာမထင်ခဲ့ပါဘူး။
သမ္မတဦးသိန်းစိန်ကို ယုံတယ်လို့ပြောပြီး ကြားဖြတ်ရွေးကောက်ပွဲ မှာ ဝင်ပါလို့ အရပ်သားအသွင်ဆောင် စစ်တပ်ကြီးစိုး အုပ်ချုပ်ရေး စနစ်ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင်  ထောက်ခံပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါပြီ။ ဦးသိန်းစိန် အစိုးရကို ထောက်ခံမှုပေးပြီး လူမသိသူမသိ တွေ့ဆုံဆွေးနွေးမှုကနေ ဘာတွေ သဘောတူညီခဲ့သလဲဆိုတဲ့ သံသယတွေက သူ့အပေါ်ထောက် ခံမှုတွေ စကျဆင်းလာစေခဲ့တယ်။ နာမည်ပျက်နေတဲ့ စစ်အုပ်ချုပ် ရေးကို တရားဝင်လူရာသွင်းပေးပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေး အောင်လုပ်ခဲ့လို့ တပ်ခေါင်းဆောင်တွေက သူ့ကို အသုံးချပြီး လိုတာယူ သွားနိုင်ခဲ့တယ်။
လက်ပံတောင်းကော်မရှင်မှာ အစိုးရနဲ့ တပ်ဘက်က ရပ်တည်ခဲ့တာကလည်း ထောင်ချောက်ထဲ တိုးဝင်သွားသလို ဖြစ်ခဲ့တယ် လို့ ဝေဖန်ခဲ့ကြတယ်။  အခုတော့လည်း ဦးသိန်းစိန်နဲ့ အရင်လို အစေး မကပ်တော့ဘဲ နိုင်ငံရေးပြိုင်ဘက်လိုဖြစ်သွားပြီး ဖြစ်နေသမျှပြဿနာ တွေအတွက် တာဝန်ရှိသမျှဟာ ဦးသိန်းစိန်ဆိုပြီး နိုင်ငံရေးဖိအားတွေကို ပုတ်ထုတ်နေတော့တယ်။ သူရဦးရွှေမန်းနဲ့တပူးတွဲတွဲလုပ်လာပြီး လွှတ် တော်မှာ တရားဥပဒေစိုးမိုးမှု ကော်မတီဥက္ကဋ္ဌ ဖြစ်လာခဲ့ပေမယ့် ဘာမှ လုပ်လို့မရဘူး။
လူမျိုးရေးပဋိပက္ခတွေကို ချဉ်းကပ်ရာမှာလည်း ကျဉ်းထဲကျပ်ထဲမှာပါ။ မွတ်စလင်တွေအပေါ် တိုက်ခိုက်တာတွေကို ရှုတ်ချလိုက်ရင် ဗုဒ္ဓဘာသာဝင်တွေကြား ထောက်ခံမှု လျော့မယ်။ အခုကို ဘုန်းတော်ကြီးတချို့နဲ့ မွတ်စလင်ဆန့်ကျင်သူတွေက မျိုးမစောင့်ဘူးဆိုတဲ့ အကြောင်းပြချက် နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ကို မဖျက်ပေးဖို့ လှုံ့ဆော်နေပါပြီ။ နှုတ်ဆိတ်နေရင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ အမှတ်လျော့ပေမယ့် အဲဒီလမ်းပဲ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခဲ့တယ်။ သတင်းတွေအရ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်နဲ့ ဘုန်းတော်ကြီး ဒလိုင်း လားမား၊ ဒက်စမွန်တူးတူးတို့က ဒီကိစ္စထုတ်ပြောဖို့ တိုက်တွန်းပေမယ့် မကြားချင်ယောင်ဆောင်ခဲ့တယ်လို့ သိရတယ်။
မြန်မာပြည် မြောက်ဖျားက ကချင်တွေကို တပ်က အကြီးအကျယ် စစ်ဆင်တုန်းကလည်း စစ်ရပ်စဲရေး ဒေါ်အောင်ဆန်းစုကြည် မပြောခဲ့ဘူး။ ဒီအတွက် တိုင်းရင်းသားတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ ထောက်ခံမှုတွေ လက်လွှတ်ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ နီးစပ်ဖို့ သူတန်ဖိုးထားခဲ့တဲ့ စံတန်ဖိုးတွေကို စွန့်ခွာခဲ့ပြီ၊ တိုင်းရင်းသားတွေ သူ့ကိုထောက်ခံခဲ့သမျှ သဲထဲရေသွန်ဖြစ်ခဲ့ပြီလို့ ဝေဖန် သံတွေညံလာခဲ့တယ်။ တချိန်က နိုင်ငံရေးမှာ အတူ ကျောချင်းကပ်ခဲ့တဲ့ ရဲဘော်ရဲဘက် ရှမ်းနိုင်ငံရေးသမား ဦးခွန်ထွန်းဦးကဆို ဒေါ်အောင်ဆန်းစုကြည် “အချည်ခံ”  လိုက်ရပြီလို့ လူသိရှင်ကြား ဝေဖန်ခဲ့တယ်။
ခင်ဗျား ဒေါ်အောင်ဆန်းစုကြည် နေရာမှာဆို ဘာလုပ်မလဲလို့ မေးရင် အဖြေရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လေးစားအားကျတဲ့ ခေါင်းဆောင်တွေ ဒီလိုမျိုး ပဋိပက္ခကို ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်ခဲ့ကြဖူးတယ်။ ဒီနေ့ ရခိုင်မှာဖြစ်နေတဲ့ အရေးအခင်းတွေလိုမျိုး ဟိန္ဒူနဲ့ မွတ်စလင်တွေ လွတ်လပ်ရေးအကြိုခေတ်က အိန္ဒိယမှာ အကြီးအကျယ် သတ်ဖြတ်ခဲ့ကြတုန်းက မဟတ္တမဂန္ဒီက သွေးထွက်သံယိုမှုတွေ ရပ်သွားရေး အစာငတ်ခံဆန္ဒပြခဲ့တယ်။ အမေရိကန် လူမည်းခေါင်းဆောင် မာတင်လူသာကင်း လူဖြူတွေ လူမည်းတွေကိုသတ်တုန်းက သတ်ဖြတ် ခံရသူတွေဘက်က ရပ်တည်ပြီး ငြိမ်းချမ်းတဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေကို ဦးစီးခဲ့တယ်။ တောင်အာဖရိကမှာ လူမျိုးစုအချင်းချင်း တိုက်ခိုက်သတ် ဖြတ်တာကို လူဖြူအစိုးရက ဘက်လိုက်လို့ နယ်ဆင်မန်ဒဲလားက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို သပိတ်မှောက်ဖို့ ဖိအားပေးခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခုအချိန် ဝေဖန်တာဟာ အကဲဆတ်တဲ့ အသွင်ကူးပြောင်းရေးအတွက် အထောက်အပံ့ မဖြစ်ဘူးလို့ ပြောသူတွေလည်း ရှိတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ လူ့ဘောင်တခုဆီသွားရာမှာ ဝေဖန်ရေးဟာ အရေးကြီးတယ်။ ၂၀၁၅ ရွေးကောက်ပွဲဝင်ပြီး တိုင်းပြည်ကို ခေါင်းဆောင်မယ့်သူကို ဝေဖန်ဆန်းစစ်ရမှာကိုဖြစ်တယ်။ မြန်မာပြည်ရေး ကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တနာကဆို “ဒီနေ့ မြန်မာပြည်ရဲ့ ပြဿနာတစိတ်တပိုင်းက သူ့ဘေးနားမှာသူ ဘာမှားသလဲ ဆိုတာ မပြောရဲတဲ့သူတွေချည်း ဝိုင်းနေတာပါပဲ။ သူတို့ဟာ အဓိပ္ပာယ် ရှိတဲ့ အကြံပြုချက်တွေတောင် မတင်ပြရဲဘူး။ အဲဒါဟာ ဒေါ်အောင်ဆန်း စုကြည်ကျရှုံးမှုကိုလည်း ဖြစ်ကောင်းဖြစ်သွားစေနိုင်တယ်” လို့ အင်တာဗျူးတခုမှာ ဆိုခဲ့တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်သတင်းအချက် အလက် အမှန်တွေမရဘူး၊ ဒါ့ကြောင့် သူ့ဗျူဟာ အားနည်းပြီး ဆုံးဖြတ် ချက်အမှားတွေ လုပ်ခဲ့တာလို့ ဆိုလိုတာပါ။
ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမိသားစု အသိုင်းအဝိုင်းက လေးစားချစ်ခင်ကြပြီး မြန်မာပြည်သူ အများစုက ချစ်ခင်ကြည်ညိုကြသူဆိုတာ သံသရှိစရာ မလိုပါဘူး။ မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ တခြားနိုင်ငံရေးမိသားစုမျိုးဆက်တွေထက်လည်း တိုင်းပြည်နဲ့ နိုင်ငံသားတွေအတွက် စွန့်လွှတ်အနစ်နာခံပြီး လူအများရဲ့ ယုံကြည် ကိုးစားမှုကိုလည်း ရယူနိုင်ခဲ့တယ်။ စစ်ခေါင်းဆောင်တွေလို စာရိတ္တချို့ ယွင်းမှုမရှိဘဲ တိုင်းပြည်ကို ဆင်းရဲဒုက္ခတောထဲ ဆွဲမချခဲ့သေးဘူး။ ပညာအရာမှာလည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတွေက အသိအမှတ်ပြု လေးစားကြရတဲ့ အဆင့်အတန်းပါ။ ဒါကြောင့် သူ့ကို တိုင်းပြည်က လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံကို ခေါင်းမော့အောင် ပြန်လုပ်နေရတဲ့ အခုအချိန်မှာ ပိုလိုတယ်။ သူ တိုင်းပြည်ခေါင်းဆောင်ဖြစ်လို့ တိုင်းပြည် ပိုအကျိုးများနိုင်တယ်။
ဒါပေမယ့်  ဝမ်းလေဒီရှိုးနဲ့ တကိုယ်တော်အစွမ်းပြနေတာ တော်လောက်ပြီလို့ ဆိုချင်တယ်။ နှစ် ၂၀ ကျော် ထောက်ခံခဲ့ပြီး လက်တွဲလာခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပြန်စည်းရုံးသင့်တယ်။ သူ့ကို ထမ်းတင် ပေးခဲ့တဲ့ ပြည်တွင်းပြည်ပက ၈၈ မျိုးဆက်တွေနဲ့ ဒီမိုကရေစီ အင်အားစု တွေကို ပြန်စုစည်းသင့်တယ်။ အရေးအကြီးဆုံးက ပါတီတွင်းမှာ ပြုပြင်ပြောင်းလဲရေးလုပ်ပြီး မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်မွေးထုတ် ဖို့လိုတယ်။ ၂၀၁၅ ရွေးကောက်ပွဲလွန် တိုင်းပြည်အနာဂတ်ကို ရေရှည်မှာ စိတ်ချရဖို့ ခေါင်းဆောင်ကောင်း ပီသစွာ ပွဲမဝင်မီ အခုအချိန်က စပြီး ကြိုတင်ပြင်ဆင်ဖို့ လိုနေပါပြီ။
U Aye Myint speech about elections 17/02/2014
ဗိုက်ကြီးလှန်ပြီး သူရအေးမြင့်မဲဆွယ်
ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား
 ကြံ့ခိုင်ရေးပါတီက လူကြီးမင်းတယောက် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ပြောရဲဆိုရဲရှိစွာ ပြောဆိုသွားခဲ့ မဲဆွယ်သွားခဲ့တယ်ဆိုတဲ့ အချက်အလက်တချို့ မီဒီယာထဲ ရောက်လာပါပြီ။
သူက သူရဦးအေးမြင့်ပါပဲ။ 
လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ အဲသလို မဲဆွယ်သွားတယ် ဆိုတဲ့ ရေးသားချက်တွေ မှန်ကန်တယ် ဆိုရင်တော့  ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်ကိုင်တော့မှာလားလို့ မေးသူက မေးပါလိမ့်မယ်။
သူရဦးအေးမြင့်ပြောသွားတာကတော့ ... လာမယ့်နှစ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်မယ်ဆိုရင် ယှဉ်ရဲပါတယ် တဲ့။
သူက သူရဘွဲ့ ရရှိခဲ့ခြင်းဟာ တိုက်ပွဲအတွင်း ဗိုက်မှာ ဒဏ်ရာရတဲ့အထိ တိုက်ခဲ့လို့ဖြစ်ပါတယ် တဲ့။
သက်သေပြတဲ့အနေနဲ့ သူ့ဗိုက်ကို လှန်ပြခဲ့တယ်လို့ ဆိုပါတယ်။
ကျည်ဆံက ဗိုက်ကို ထိလို့ တော်သေးတာပ။
တင်ပါးတို့ ဘာတို့ သွားထိခဲ့ရင်တော့ .... အင်း.... ။
တင်ပါးတို့ ဘာတို့ သွားထိခဲ့ရင်လည်း သူရဘွဲ့ ရမှာပါပဲ၊ ဒီအကြောင်း ဧရာဝတီ ဘလော့မှာ နည်းနည်းပါးပါးတော့ ရေးဦးမှ ဆိုပြီး အခုလို ရေးလိုက်ပါပြီ။
ရေးချင်တာကတော့ သူရခဲ့တယ်ဆိုတဲ့ သူရဘွဲ့အကြောင်း မဟုတ်ပါ၊ စစ်တိုက်ဖူးတယ်ဆိုတဲ့အကြောင်းပါ။
စစ်တိုက်ဖူးတယ်၊ အခြေခံဥပဒေထဲကစကားလုံး ငှားသုံးရရင် စစ်ရေးအတွေ့အကြုံ ရှိတယ် ဆိုတော့ တပမ်းသာတာပေါ့လေ။
အနည်းဆုံး ညွှန်ချုပ်၊ ညွှန်မှူး အော်တိုမစ်တစ် ဖြစ်နိုင်တယ်၊ အများဆုံး သမ္မတဖြစ်နိုင်တယ် မဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်က စစ်မတိုက်ဖူးဘူး၊  စစ်ရေးအတွေ့အကြုံ ရှိဘူး ဆိုတော့ တပမ်းရှုံးသလို ဖြစ်နေပါတယ်။
အဲဒါကြောင့် ဘေးကနေ တွေးကြည့်မိသူတွေက ... အထက်မှာ ဆိုခဲ့သလိုပဲ ... ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား ဆိုပြီး မေးခွန်းထုတ်နိုင်တယ်မဟုတ်လား။
  သူရဦးအေးမြင့်ကြီးက သူ့ဗိုက်ကို လှန်ပြပြီး သို့ကလို ပြောခဲ့ခြင်း ရှိမရှိ ဆိုတာကတော့ ကိုယ်တိုင် တရားဝင် ငြင်းဆိုခြင်း၊ မငြင်းဆိုခြင်း မရှိသေးပါဘူး။
ဗိုက်ကြီးကိုလှန်ပြခြင်းက လက်ဝါးထောင်ပြခြင်းထက်တော့ သိမ်မွေ့မယ်၊ ပိုပြီးလည်း ကြည့်လို့ကောင်းမယ်လို့ ယူဆရပါတယ်။ ကြည့်ပျော်ရှုပျော်တော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်က စစ်မတိုက်ဖူးဘူး ဆိုပြီး သူရဦးအေးမြင့် ပြောဆိုကြောင်း   ဖေဖော်ဝါရီ ၁၅ ရက်စွဲတပ် သံတော်ဆင့်ဂျာနယ်မှာ ဖော်ပြထားတာပါ။
 ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ - ၂ သူရဦးအေးမြင့်သို့ အိတ်ဖွင့်ပေးစာ ဆိုတဲ့ ဆောင်းပါးမှာ ဆောင်းပါးရှင် ချင်းတွင်းချစ်ဆန်းက ရေးထားပါတယ်။ 
  နိုဝင်ဘာ ၂၈ ရက်နေ့က မင်းကင်းမြို့နယ်မှာ သူရဦးအေးမြင့် အဲသလို မိန့်ခွန်းချွေခဲ့တာလို့ သူက ရေးထားတာပါ။
ဒီလိုသာ ပြောဆိုခဲ့ရိုးမှန်ရင်တော့ မြန်မာပြည်မှာ ဝန်ကြီးတွေက ခေသူမဟုတ်တွေပါလားလို့ ဆိုရမှာဖြစ်ပါတယ်။
Sunday, February 9, 2014
Than Navy visit Burma 10/02/2014
ထိုင်းရေတပ်ဗိုလ်လောင်းတွေရဲ့ မြန်မာပြည် ချစ်ကြည်ရေးခရီး
ထိုင်းတော်ဝင်ရေတပ် - အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်စဉ်။ထိုင်းတော်ဝင်ရေတပ် - အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်စဉ်။
ထိုင်း-မြန်မာ ရေတပ်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းတော်ဝင်ရေတပ် စစ်သင်္ဘော ၃ စင်း သီလဝါဆိပ်ကမ်းကို ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ဆိုက်ရောက်လာမှာဖြစ်ပါတယ်။
Replace Burma Airforce from Boeing 10/02/2014
မြန်မာ့လေကြောင်း Boeing လေယာဉ်တွေနဲ့ တိုးချဲ့မည်
10.02.2014
မြန်မာနိုင်ငံက စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ဖွင့်ပေးလိုက်တာနဲ့အမျှ မြန်မာ့လေကြောင်းလိုင်းကလည်း Boeing 737 လေယာဉ် တဒါဇင်ကို ငှားရမ်းပြီး ပြေးဆွဲဖို့လုပ်ဆောင်နေတယ်လို့ လေကြောင်းလုပ်ငန်းနီးစပ်တဲ့သူတွေက ပြောလိုက်ပါတယ်။ ဒါဟာ တခေါက်တည်းနဲ့ လေယာဉ်တွေ အများဆုံးချဲ့ထွင်လိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီလေယာဉ်တွေကို ကမ္ဘာ့အကြီးဆုံး အငှားကုမ္ပဏီကြီးဖြစ်တဲ့ GE ကုမ္ပဏီရဲ့ လေကြောင်းအငှားဆိုင်ရာ GECAS က အငှားချသွားမှာ ဖြစ်တယ်လို့ လေကြောင်းလုပ်ငန်းနီးစပ်တဲ့ အမည်မဖော်လိုသူက ပြောပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် လေကြောင်းပြပွဲမှာ ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့လေကြောင်းလိုင်းက တစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသလို Boeing ကုမ္ပဏီကလည်း တစုံတရာ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆန်ခဲ့တဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အစိုးရပိုင် မြန်မာ့လေကြောင်းလိုင်းဟာ MAI လို့ခေါ်တဲ့ MYANMAR AIRWAYS INTERNATIONAL ကို ၂၀ % ပိုင်ဆိုင်ထားပြီး အခုလောလောဆယ်မှာ မြန်မာ့လေကြောင်းလိုင်းဟာ ပြည်တွင်းခရီးစဉ်တွေကိုပဲ ပြေးဆွဲနေတာ ဖြစ်ပါတယ်။ ခရီးသည် ၁၆၀ ဆန့်တဲ့ BOEING 737 လေယာဉ်တွေက လေကြောင်းလိုင်းအတွက် ခရီးစဉ်အပြောင်းအလဲတွေ ရွေးချယ်စရာတွေ ပိုလုပ်လာနိုင်မှာဖြစ်ပြီး နိုင်ငံတကာကိုလည်း စတင်ပြေးဆွဲလာနိုင်မှာဖြစ်တယ်လို့  ကျွမ်းကျင်သူတွေက ပြောပါတယ်။
လေယာဉ်အငှားကုမ္ပဏီတွေက လေကြောင်းလိုင်းတွေကို ဒီလေယာဉ်တွေကို လစဉ်ကြေးနဲ့ ငှားနေတာဖြစ်ပါတယ်။ BOEING 737 လေယာဉ်ကို ကုမ္ပဏီကနေ ၀ယ်ယူဖို့မှာမယ်ဆိုရင်တော့ အဲဒီလေယာဉ်တစင်းဟာ အမေရိကန်ဒေါ်လာ သန်း ၉၀ လောက်ရှိကုန်ကျမှာဖြစ်ပါတယ်။
Tuesday, February 4, 2014
U Oo Myint's speech 05/02/2014
န်ကြီး ဦးအုံးမြင့်၏ပြောစကားနှင့်ပါတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမှ အရေးကြီး အဆိုတင်သွင်း
ဥက္ကဋ္ဌကြီးခင်ဗျား....။
ကျွန်တော်အခုတင်ပြမဲ့ အရေးတကြီးအဆိုကတော့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက် ဒေသ၀န်ကြီးမှ ပြည်ထောင်စုဝန်ကြီး ဦးအုံးမြင့်၏ကိစ္စပဲဖြစ်ပါတယ်။ ဥက္ကကြီးနှင့်လွှတ်တော်ကိုယ်စား လှယ်များလည်းကြားသိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တင်ပြချင်တာကတော့- တနင်္သာရီ တိုင်းဒေသ ကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံစဉ်ကလည်းကောင်း၊ မကွေး တိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ကလည်း ကောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုပဲဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား............။
မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် သည် အောက်တိုဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ်မှာ" တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာပြည်သူလူထုနှင့်တွေ့ဆုံစဉ် ကျေးလက်ကျောက်ခင်း လမ်းပြုပြင်ရေး နှင့်ပါတ်သက်၍ ကျောက်ခင်း လမ်းခင်းပေးဖို့ ၀န်ကြီးကပြောကြားရာ ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်းလမ်းအစား ကွန်ကရစ်လမ်း ခင်းပေးဖို့ တောင်းဆိုရာမှာ- ပြည်ထောင်စုဝန်ကြီး ကယခင်အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်၊ ဘာမှထော်လော် ကန့်လန့် မလုပ်နဲ့ ပါးရိုက် ခံရမယ်၊ မကျေနပ်ရင်တောခို- ဟုပြောကြားခဲ့သည်။
 ထို့အတူ ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂၈ ရက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သစ်ရာကောက် ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံစဉ် အောက်ပါစကားများကိုလည်း ပြောကြားခဲ့သည်ဟု
သိရှိရသည်။
" ဘာနိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူး၊ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ ဆိုပြီး မိန့်ခွန်းပြောလာတာ၊ ကျွှန်တော်ပြောတာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး"ဟုလည်းကောင်း၊
" နိုင်ငံရေး စကားဆိုတာ တက်နေတဲ့ အစိုးရပေါ်မှာ စော်ကားတဲ့ကောင် တွယ်မှာဘဲ၊ ပါးစပ်နဲ့တွယ်လို့မရရင် အချုပ်ထဲထည့်မှာဘဲ၊ နိုင်ငံတကာမှာ ဒီလိုဘဲကျင့်သုံးနေတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ကောင်ဆိုရင် မင်းအချုပ်ထဲသွားနေ၊ ငါတို့အစိုးရထွက်ရင်မင်းထွက် ဒါဘဲ၊ အဲ့တာ မင်းတို့ တရားဝင်ဘောင်ထဲက ပြောနိုင်တဲ့ ကောင်တွေ ပြော၊ ပြောခွင့်ရှိတဲ့အတွက်ကျွန်တော်ပြောတယ်"
" ကျွန်တော်တို့ခါးကြားမှာ သေနတ်ထိုးပြီးတော၊့ ပုခုံးပေါ်မှာသေနတ်လွယ်ပြီး အုပ်ချုပ်ခဲ့တာ ဘဲဟာ၊ ဘာမှ မတိုးတက်ဘူးပြော၊ သောက်ရူးတွေပြောနေတာ၊ သောက်ရူးတွေပြောနေတာ မယုံနဲ့" - လည်းကောင်း ဆိုပြီးဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြိးက ဆက်လက်ပြီး လက်ရှိအစိုးရအပေါ် စေတနာပျက်အောင်မလုပ်ရန်နှင့် ဘုဂ လန့်မလုပ်ရန် ဒေသခံရွာသားများကို မှာကြားသွားပြီး၊ ယင်းသို့လုပ်ဆောင်ပါက ငွေကြေး အထောက်အပံ့ လုံးဝပေးမည်မဟုတ်ကြောင်း ပြောသွားခဲ့သည်။
ဥက္ကဋ္ဌကြီးခင်ဗျား.......။
ဒါတွေဟာ ပြည်ထောင်စုဝန်ကြီးပြောသွားတာတွေထဲကတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အပြည့်အစုံ မှာ Unity အပတ်စဉ်ထုတ် ဂျာနယ်မှာ ပါပါတယ်၊ ပြောစကားတွေကိုခြုံငုံ၍ ကောက်ချက်ဆွဲလိုက်လျှင်
၁။ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးသမားတွေကို စော်ကားတဲ့အချက်။
၂။ ပြည်သူလူထုကိုခြိမ်းခြောက်တဲ့အချက်- စတဲ့
အချက်နှစ်ချက်ကိုတွေ့ရပါတယ်။ ဒီပြောကြားချက်ဟာ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်ဖြစ်တဲ့အတွက် အံ့ဩတုန်လှုပ်ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး တောင်အံ့ဩတုန် လှုပ်ရရင် တောသူတောင်သား ရိုးသားတဲ့ပြည်သူလူထုဆိုရင် ဘယ်လောက် ကြောက်လိုက်မလဲ တွေးမိပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား.............။
၃-နှစ်သားပြည့်ကာစလွှတ်တော်ကြီးဟာ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို အကောင်ထည် ဖေါ်ဆောင်ရွက်နေတာ အတော်အသင့်လုပ်နိုင်ခဲ့ပြီး ဆက်လုပ်စရာတွေ ကျန်သေး တယ် ဆိုတာ ဥက္ကဌကြီးဘဲ မိန့်ကြားခဲ့ပါတယ် ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ ၀ါဒစွဲ မထားပဲပြည်သူ့အကျိုးကို ဆောင်ရွက်နေတဲ့ လွှတ်တော်ကြီး မှာ တက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီကို ကိုယ်စားပြုပြီး တက်ရောက် နေကြတဲ့ နိုင်ငံရေးသမားများ ဖြစ်ကြပါတယ်၊ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အနည်း ငယ်မျှသာပါရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ကြိးများဟာ ကောင်းမွန်သော၊တရားမျှတသော ဥပဒေများကိုပြဌာန်းနိုင်ဖို့ကြိုးစားနေကြသလို မတရားတဲ့၊အကျိုးမပြုတဲ့၊ ဖိနှိပ်တဲ့ ဥပဒေတွေ ပယ် ဖျက်တဲ့လုပ်ငန်းကို အစွမ်းကုန်လုပ်ဆောင်နေလို့ နိုင်ငံတကာကချီးကျူးနေကြတာဖြစ်ပါတယ်၊
ဒီလို အချိန်မျိုးမှာ အစိုးရကိုဆန့်ကျင်ရင် အချုပ်ထဲ ထည့်မှာဘဲ၊ နိုင်ငံတကာမှာလည်း ဒီလိုပဲ ကျင့်သုံး နေတယ် ဆိုပြီးပြောဆိုခဲ့တဲ့အတွက် နိုင်ငံတကာ အစိုးရများကိုပါ စော်ကားသလို ဖြစ်သွားပါတယ်။ အာဏာ(၃)ရပ် အပြန်အလှန်ထိန်းကျောင်းရမယ့် မူအရလည်း လွှတ်တော်များက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင် တို့ကို စောင့်ကြည့်တဲ့လုပ်ငန်း များကိုလည်း ကော်မတီများဖွဲ့စည်းပြီးဆောင်ရွက်နေကြတာပါ။
ဥက္ကဋ္ဌကြီးခင်ဗျား.............။
လွှတ်တော်ကိုယ်စားလှယ်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ မူဘောင်တွင်းကလုပ်ဆောင်ပြီး အပြုသဘောနဲ့ဝေဖန်ထောက်ပြရင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် နိုင်ငံရေးအရ ဆောင်ရွက်နေချိန်မှာ ဘယ်နိုင်ငံရေးသမားကိုမှဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံရေး ပါတီမှလည်းမကြောက်ဘူးဆို တဲ့ စကားရပ်ဟာ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုတက်ရောက် နေကြတဲ့ လွှတ်တော်ကြီးကို စော်ကားလိုက်တာပါပဲ၊ ဒီလိုစော်ကားခံရတာ၊လွှတ်တော်ဂုဏ်သိက္ခာကို ထိပါးခံရတာဟာ တတိယအကြိမ်ရှိသွားပါပြီ၊ လွှတ်တော်ကိုစော်ကားထိပါးတာဟာ ပြည်သူတွေကို စော်ကားထိပါးသလိုပါပဲ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့တွေဟာ ပြည်သူကိုကိုယ်စားပြုပြီး လွှတ်တော်ထဲရောက်လာကြလို့ပါ။
ဥက္ကဋ္ဌကြီးခင်ဗျား......။
ပြည်ထောင်စုဝန်ကြီးရဲ့ပြောစကားတွေဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုငြိမ်းချမ်းစွာ လုပ်ဆောင်နေမှုကို ကပျက်ကရက် လုပ်ဆောင်နေသလိုဖြစ်နေပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အဆိုပါပြောစကားများ ကြောင့် မတည်မငြိမ်မှုတွေဖြစ်လာနိုင်ပါတယ်၊ ဆန္ဒဖေါ်ထုတ်မှုတွေဖြစ်လာ နိုင်ပါတယ်၊ အသွင်ကူးပြောင်းရေးကာလမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးလုပ်ငန်း အဖြစ် လုပ်ဆောင်နေချိန်မှာ တစ်ဦးပေါ်တစ်ဦး အထင်မြင်လွဲမှားမှုတွေဖြစ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အနှောက်အယှက်ဖြစ်စေပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မတရားမှုတွေကို ခေါင်းငုံခံ ၊အစိုးရလုပ်သမျှ ဘာမှမဆန့်ကျင်နဲ့၊ ခေါ်ရင် လာ၊ခိုင်းတာလုပ်၊ ခံမပြောနဲ့ဆိုတဲ့ အာဏာရှင် စနစ်ပုံစံကို ပြန်ဖေါ်ထုတ်နေသလို ခံစား ရပါ လိမ့်မယ်၊ ဒီမိုကရေစီနဲ့လည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေပါတယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား တစ်ဦးရဲ့ လွတ်လပ်စွာ ဖေါ်ထုတ်မှုတွေကို ချိုးဖောက်နေသလိုဖြစ်နေပါတယ်။
သို့ပါ၍ ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးတာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးပါရန်ပြည်ထောင်စုအစိုးရသို့တိုက်တွန်းကြောင်း ပြည်သူ့ လွှတ်တော်မှတဆင့် အရေးတကြီး အဆိုတင်သွင်းအပ်ပါတယ်။
Sunday, February 2, 2014
2 years looked for suitutions 03/02/2014
၂နှစ်အတွင်း အကြည့်အများဆုံးနဲ့ 
အကြည့်အနည်းဆုံး 
ရုပ်သံဖိုင် ၂ခု
By မင်းစိုးစံ
ဒီလိုရှိပါတယ်။
ကိုယ့်အလုပ်ကို ကိုယ်ပြန်ဆန်းစစ်ကြည့်တဲ့သဘောပါ။
ကျုပ်တင်ထားတဲ့ရုပ်သံဖိုင်တွေထဲက လွန်ခဲ့တဲ့ ၂နှစ်ကျော်ကျော်လောက်က ဘလော့ဂ်မိတ်ဆွေတွေ အကြည့်အ
များဆုံး ရုပ်သံဖိုင်နဲ့ အကြည့်အနည်းဆုံး ရုပ်သံဖိုင် ၂ခုကို ပြန်တင်ပြပေးလိုက်တာပါ။
လူကြည့်အနည်းဆုံး ရုပ်သံဖိုင်ကတော့ ဖိုင်နံမည် My mine 010 ဖြစ်ပြီး July 28 2011နေ့က YouTube ပေါ်တင်
ခဲ့ပါတယ်။
ဒီနေ့အထိ ကြည့်ရှုသူအားလုံးပေါင်း   61ပဲရှိပါတယ်။
နောက်ရုပ်သ့ဖိုင်တခုကတော့ ဖိုင်နာမည် My mine 079 ဖြစ်ပြီး တင်ခဲ့တဲ့နေ့ကတော့ January 12, 2012နေ့မှာ
တင်ခဲ့တာပါ။ ဒီနေ့အထိ ကြည့်ရှုသူပေါင်း   6897 ရှိပါတယ်။
အကြောင်းအရာတွေကတော့ မတူကွဲပြားမှု သိပ်မရှိလှပါဘူး။
BBC မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောတဲ့ လွတ်လပ်ခွင့်အကြောင်းဟော
ပြောချက် အပိုင်း(၁)ဖြစ်ပါတယ်။ ဒေါ်တင်ထားဆွေ ဘာသာပြန်တင်ဆက်ထားတာပါ။
နောက်ရုပ်သံဖိုင်တခုကတော့ KNU ဒုဥက္ကဌ ဒေးဗစ်သာကပေါ်နဲ့ ဆက်သွယ်မေးမြန်းခန်းလေးပါ။
RFA မြန်မာပိုင်းအစီအစဉ်ကနေပြီး ကိုဉာဏ်ဝင်းအောင် တင်ဆက်ထားတာပါ။
ဘာကြောင့် အကြည့်နည်းရတယ်၊ ဘာကြောင့် အကြည့်များရတယ်ဆိုတာကို ဘလော့ဂ်မိတ်ဆွေများ သုံးသပ်နိုင်
အောင် ထပ်ဆင့်တင်ဆက်လိုက်ရပါတယ်။