Friday, November 29, 2013
Answer and Questions at Opera House 30/11/2013
dassk-ausi-305.jpg
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ Opera House မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ကကျင်းပတဲ့ တက္ကသိုလ် ၃ ခုပေါင်း ဘွဲ့နှင်း သဘင် အခမ်းအနားမှာ ဒေါ်အောင်ဆန်ုးစုကြည်ကို တွေ့ရစဉ်
photo: Internet
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  ဒီမိုကရေစီနဲ့ ကိုက်ညီအောင်  ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒ သဘောထားပေါ်မှာ အဓိကမူတည်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့Opera House မှာ ကျင်းပတဲ့ တက္ကသိုလ် ​​၃ ​​ခုပေါင်း ​​ဘွဲ့နှင်းသဘင် ​အခမ်းအနားမှာ ဒေါ်အောင်ဆန်ုးစုကြည် က ပြောကြားခဲ့တာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ ထောက်ခံချက်  ၇၅ ရာခိုင်နှုန်း အထက်ရှိရမှာဖြစ်တဲ့အတွက် အနည်းဆုံး ရဲရင့်တဲ့တပ်မတော်သားတစ်ဦးက ပါဝင်ထောက်ခံဖို့လိုကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ် စေလွှတ်တာဖြစ်ကြောင်း၊  ကာကွယ်ရေးဦးစီးချုပ်ကသာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလက်ခံရင် အဲဒီတပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ထောက်ခံ မှာဖြစ်ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် NLD ပါတီအနေနဲ့  ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်အနှံ့ လူထုသဘောထားဆန္ဒတွေကို ကောက်ယူနေကြောင်းနဲ့  ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒရှိကြတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအခမ်းအနားမှာ ဆစ်ဒနီတက္ကသိုလ် နှစ်ခုကချီးမြှင့်တဲ့  ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။
Sydney Opera House မှာ ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
Wednesday, November 27, 2013
Sukyi Criticise burma army leader 28/11/2013
ကာကွယ်ရေးဦးစီးချုပ်တစ်ဦးတည်း အာဏာရှိနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒေါ်စုဝေဖန်
Thursday, November 28, 2013
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် စစ်တပ်ရဲ့ထောက်ခံမှု လိုအပ်နေတဲ့အကြောင်း ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာစေဖို့ သြစတြေးလျ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အားပေးကူညီမှုတွေ ရှိပေမဲ့ အသွင်ကူးပြောင်းရေးအတွက် စိန်ခေါ်မှုတွေ ရှိနေတာတွေကို အလေးထား ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ် ပထမနေ့နဲ့ ပတ်သက်လို့ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ မကြာသေးခင် နှစ်တွေအတွင်း အပြောင်းအလဲတွေ တွေ့မြင်လာနေရပေမဲ့ ခိုင်မာတဲ့ အခြေအနေမှာ မရှိသေးတာကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ သတိမူကြဖို့၊ အထူးသဖြင့် အသွင်ကူးပြောင်းရေးအတွက် အဓိက အဟန့်အတား ဖြစ်နေရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာတွေကို ဒေါ်အောင်ဆန်းစုကြည် အလေးထား ပြောသွားတာ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲနိုင်ဖို့အတွက်လည်း စစ်တပ်ရဲ့ အားပေးထောက်ခံမှု အဓိက လိုအပ်နေတယ်လို့ ဆစ်ဒနီမြို့က နာမည်ကျော် Opera House မှာ သြစတြေးလျ နည်းပညာတက္ကသိုလ် (UTS) နဲ့ ဆစ်ဒနီတက္ကသိုလ်တို့က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို လက်ခံရယူပြီးနောက် ပရိတ်သတ်ကို စကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားခဲ့တာပါ။
“မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အောင်အောင်မြင်မြင် လျှောက်လှမ်းနေပြီလို့ ယူဆသူတွေ ရှိတယ်ဆိုရင်တော့ မှားပါလိမ့်မယ်။ ဘာကြောင့် မှားတယ်လို့ ပြောနိုင်သလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံက အခြေခံဥပဒေကို လေ့လာကြည့်ရင်ပဲ သိနိုင်ပါတယ်။ သိပ်များများစားစား လုပ်စရာလည်း မလိုပါဘူး။ အသေအချာ လေ့လာကြည့်မယ်ဆိုရင် ဒီလို အခြေခံဥပဒေအောက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ မရနိုင်ဘူးဆိုတာကို သိရပါလိမ့်မယ်။”
အချေအတင် ဖြစ်စရာ အခြေအနေတွေအောက်မှာ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဆိုရင်တော့ နိုင်ငံခြားသားနဲ့ ဆွေမျိုးသားချင်း တော်စပ်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရရဲ့အဆင့်မြင့် ရာထူးတွေကို တာဝန်ယူခွင့်လည်း မရှိပါဘူး။ ဒီလို ပြင်ဆင်စရာတွေ အများအပြားရှိနေတဲ့ အခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော်တွင်းက တာဝန်ရှိသူတွေ၊ သမ္မတတို့ တွေ့ဆုံဆွေးနွေးရေးအတွက်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက မကြာသေးခင်ကပဲ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း နေရာယူထားတဲ့ စစ်တပ်က ထောက်ခံမှုရဖို့ လိုအပ်နေတာကို သြစတြေးလျ ခရီးစဉ်အစမှာပဲ ပြောဆိုခဲ့တာပါ။
“ပြင်နိုင်တယ်၊ မပြင်နိုင်ဘူးဆိုတာနဲ့ ပတ်သက်လို့ ရွေးကောက်တင်မြှောက်ထား သူ မဟုတ်တဲ့ လူပုဂ္ဂိုလ်တယောက်ရဲ့ ဆန္ဒအပေါ်မှာ မူတည်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီဆန်တယ်လို့ ခေါ်လို့ရမှာတဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ရေး ဦးစီးချုပ် ဆိုတာက ရွေးကောက်တင်မြှောက်ထားသူ မဟုတ်ပါဘူး။ အခြေခံဥပဒေထဲက လုံးဝကို ဒီမိုကရေစီ မဆန်တဲ့ ကိစ္စတွေ တသီတတန်းထဲမှာ ဒီကိစ္စက ထိပ်ဆုံးက ပါပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ် ဆိုရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရပါလိမ့်မယ်။”
ပရိတ်သတ်တွေနဲ့ အပြန်အလှန် မေးမြန်းခန်းတွေ အပါအ၀င် မြန်မာနိုင်ငံ အနာဂတ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆစ်ဒနီ Opera House မှာ စကားပြောရာမှာတော့ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အာရုံစိုက်နေကြတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုသွားခဲ့တာပါ။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းအဖြစ် တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုပေးဖို့ အစိုးရက ပျက်ကွက်တာဟာ ပြဿနာတခုအဖြစ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ပါတယ်။
“အစိုးရအနေနဲ့ ကျမတို့ တိုင်းပြည်တွင်းက လူတွေအားလုံးကို အကာအကွယ်ပေးရမယ့် တာဝန်ရှိပါတယ်။ အားလုံးအတွက် လုံခြုံစိတ်ချရမှု ရှိစေဖို့ တရားဥပဒေစိုးမိုးအောင် လုပ်ရပါလိမ့်မယ်။ လုံခြုံမှုမရှိဘဲနဲ့ ငြိမ်းချမ်းမှုလည်း မရှိနိုင်ပါဘူး။ ကျမ ထပ်တလဲလဲ ပြောခဲ့ပြီးပါပြီ၊ လုံခြုံမှု မရှိသေရွေ့ ပြဿနာကို စားပွဲမှာထိုင်ပြီး ဆွေးနွေးနိုင်မှာလည်း မဟုတ်ပါဘူး။ လူတွေ သတ်ဖြတ်ခံရ၊ အိုးအိမ်ပစ္စည်းတွေကို တိုက်ခိုက်ဖျက်ဆီး ခံနေရတဲ့ အခြေအနေမျိုးမှာ တဘက်နဲ့တဘက် အဓိပ္ပါယ်ရှိရှိ ဆွေးနွေး စကားပြောနိုင်ကြမှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့လည်း တရားဥပဒေ စိုးမိုးမှုရှိအောင် လုပ်သင့်သလောက် လုပ်ခဲ့တယ်လို့ ကျမကတော့ မယူဆပါဘူး။”
သြစတြေးလျနိုင်ငံကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ထောက်ခံသူပေါင်း ထောင်ဂဏန်းချီ ကြိုဆိုခဲ့ကြပြီး၊ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ New South Wales ဘုရင်ခံ Marie Bashir နဲ့ တွေ့ဆုံခဲ့သလို၊ ဆစ်ဒနီမြို့မှာ မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံ စကားပြောခဲ့တာပါ။ ဒီဇင်ဘာလ ၂ ရက်နေ့အထိ သီတင်းတပတ်ကြာ ခရီးစဉ်အတွင်းမှာတော့ ဆစ်ဒနီမြို့ သာမက အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့၊ မယ်လ်ဘုန်းမြို့တွေကိုပါ ဒေါ်အောင်ဆန်းစုကြည် သွားရောက်မှာဖြစ်ပြီး သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott၊ နိုင်ငံခြားရေးဝန်ကြီး Bob Carr အပါအ၀င် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာလည်း ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
Monday, November 25, 2013
No peace without ethnic rights 25/11/2013
 A long festering war between the central government and the ethnic states has torn and divided Burma for over 60 years. Can the current peace process, launched by president Thein Sein in 2011, bring about a lasting peace?
တရုတ်လေကြောင်း ကာကွယ်ရေး ဥပဒေသစ် ဂျပန်ကန့်ကွက်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။
ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံက လေကြောင်းပိုင်နက်ဇုန် သတ်မှတ်လိုက်တာမှာ ဂျပန်ပိုင်နက်လည်းပါတဲ့အတွက် အန္တရယ်ကြီးတဲ့ လုပ်ရပ်ဖြစ်ပြီး ပြဿနာ အကြီးအကျယ်တက်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ဒီတရုတ်လေကြောင်းပိုင်နက်ဇုန်ဟာ လက်တွေ့ အသက်သွင်းလို့မရတဲ့ ကိစ္စဖြစ်တယ်၊ ဂျပန်နိုင်ငံအတွက် တရားဝင်မှုမရှိဘူး၊ ဒါကြောင့် ပြန်ရုပ်သိမ်းသင့်တယ်လို့ ဒီနေ့ ဂျပန်ပါလီမန်မှာ ထုတ်ပြောခဲ့ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ ဒီလေကြောင်းပိုင်ဆိုင်မှုဇုန် စည်းမျဉ်းသစ်ကို စနေနေ့က ကြေညာခဲ့ရာမှာ ဒီဇုန်အတွင်း ဖြတ်သွားမယ့် လေယာဉ်တွေ အားလုံး အနေနဲ့ ကြိုတင် သတင်းပို့ရမှာဖြစ်ပြီး တရုတ်နိုင်ငံက အမိန့်တွေအားလုံးကို လိုက်နာရမှာ ဖြစ်တယ်လို့ ထည့်သွင်းခဲ့ပါတယ်။
ခုလို တရုတ်ရဲ့ လေကြောင်းပိုင်ဇုန် သတ်မှတ်ကြေညာမှုကို ဂျပန်အပြင် အမေရိကန်ကလည်း ကန့်ကွက်ခဲ့ရာမှာ တရုတ်ဘက်ကတော့ ဒီ ဝေဖန်မှုတွေကို ပယ်ချခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဝေဖန် ကန့်ကွက်မှုတွေဟာ အခြေအမြစ်မရှိဘူး၊ တာဝန်ယူတာဝန်ခံမှု မပါဘူးလို့ ပြန်ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ကာကွယ်ဝန်ကြီးဌာနကပဲ ဒီလေကြောင်း ဇုန်သတ်မှုတ်မှုဟာ တရုတ်ရဲ့အခွင့်အရေးဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
ဂျပန်နိုင်ငံဘက်ကတော့ ဒီလေကြောင်းဇုန်ကြေညာချက်အပေါ် တရားဝင် ကန့်ကွက်စာ ပို့ခဲ့ပြီး တရုတ်အစိုးရ အနေနဲ့ နယ်မြေအငြင်းပွားနေရတဲ့ ဂျပန်အခေါ် Senkaku ကျွန်း၊ တရုတ်အခေါ် Daioyu ကျွန်းတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေပိုဆိုးလာအောင် တရုတ်ဘက်က လုပ်လိုက်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
Sunday, November 24, 2013
There are no allow burmese and dog 23/11/2013
မန်မာများ၊ ခွေးများ မ၀င်ရ
ဗမာပြည်က ဗမာတွေ ဘာကြောင့် အစော်ကားခံနေရတာလဲ။
ဘယ်သူအသုံးမကျတာလဲ။
အသုံးမကျတဲ့လူတွေ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေမှတော့ အစော်ကားခံရတာ နည်းတောင်နည်းသေးတယ်။
ခေါင်းမရှိတဲ့ပုဂ္ဂိုလ်တွေ လုပ်ပိုင်ခွင့်ရှိနေသမျှ တိုင်းပြည်ကတော့ စုတ်ခြာမြဲ စုတ်ခြာနေမှာပါ။
ကာတွန်းက ဘာကိုဆိုလိုသလဲဆိုတာ စာရှုသူတွေအားလုံးသိပါတယ်။
တရားဥပဒေ စိုးမိုးမှုရှိတဲ့နိုင်ငံမှာ ပြည်သူလူထုက ဒီမိုကရေစီစနစ်နဲ့ရွေးကောက်လိုက်တဲ့ ခေါင်းဆောင်တွေကြောင့်
ဘယ်နိုင်ငံက ဘယ်လိုလူမျိုးမှ အရမ်းကာရော အိုးနင်းခွက်နင်းကျူးကျော်ဝင်ရောက်နေထိုင်လို့ မရသလို တရားဝင်
နေထိုင်ခွင့်ရှိသွားပြိဆိုလျင်လည်း ချမှတ်ထားတဲ့ဥပဒေအရ ဘယ်သူက ဘယ်သူ့ကိုမျှ ခွဲခြားဆက်ဆံလို့မရပါဘူး။
အခုတော့ ကိုယ့်နိုင်ငံမှာလည်း လာနေသေးတယ်၊ ကိုယ့်လူမျိုးကိုလည်း လူရာမသွင်းဘူးဆိုတော့၊ အဲဒါ ကျုပ်တို့
ညံ့တာ။ ကျုပ်တို့ညံ့ရခြင်းအကြောင်းရင်းက ဗမာစစ်အစိုးရအဆက်ဆက်က ကျုပ်တို့ကို အကြောက်တရားနဲ့ အုပ်
ချုပ်နေတာကို ခံခဲ့ကြရလို့ပဲ။
The Myanmar Times  ဆိုက်ထဲကနေ ဗမာပြည်ထဲက ဗမာတွေ ဘယ်လိုလှိမ့်ပိတ်ပြီး အစော်ကားခံနေရသလဲဆို
တာကို အသက်ကြီးလာပြိမို့လို့ လူမုန်းမခံချင်တော့ဘူးဆိုတဲ့ ဆောင်းပါးရှင် မာဂျေရဲ့ January 10, 2013 ရက်စွဲ နဲ့
ရေးထားတဲ့ဆောင်းပါးလေးတပုဒ်ကို အစကနေအဆုံးထိ ကူးယူတင်ပြလိုက်ပါတယ်။
အောက်က ဓါတ်ပုံက ဗမာတွေအများဆုံးနေထိုင်တဲ့ Indiana State, Fort Wayne အ၀တ်လျှော်စက်ရုံက ဗမာ
တွေအတွက်ကပ်ထားခဲ့ဘူးတဲ့ ကျော်ငြာဟောင်းလေးပါ။
မြန်မာများ၊ ခွေးများ မ၀င်ရ
November 22, 2013
Friday
By မာဂျေ
"အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး"
လို့ အော်ပြီး မနက်စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ခင်ဗျာ။
"မင်းကလည်းကွာ၊ အခုမှ အိပ်ရာထစ ရှိသေးတယ်။
ငါက ကျန်းမာရေး ဂျာနယ်ထုတ်တာ။
ဘာသတင်းထူးမှ မလိုဘူး။
သတင်းဂျာနယ်တွေသာ အဲဒီ မင်းသတင်းထူးသွားပေးလိုက်"
ဆိုပြီး ပြောလိုက်တော့ မောင်ဆိတ်သိုးက မျက်နှာငယ်လေးနဲ့
"ဒီသတင်းက အစ်ကိုကြီးလက်နဲ့ရေးမှ ရမှာ။
သတင်းဂျာနယ်တွေသွားပေးရင် ထူးမခြားနားဇာတ် ဖြစ်မှာစိုးလို့ အားကိုးတကြီးလာခဲ့တာ။
ပြီးတော့ဒီကိစ္စက အရေးကြီးတယ်။
ကျွန်တော်တို့နိုင်ငံမှာ ကျွန်တော်တို့ လူမျိုးကို စော်ကားတဲ့ကိစ္စဖြစ်နေလို့"
အဲဒီလို မောင်ဆိတ်သိုးပါးစပ်က မပြောစဖူး ပြောလိုက်တော့ မာဂျေလည်း မျက်စိကျယ်သွားတယ်။
Rickers sorry for anti-Burmese sign
ဒါနဲ့
"ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ကိုယ့်လူမျိုးကိုစော်ကားခံရတဲ့ ကိစ္စကြီး။
ငါတို့လူမျိုးကအစော်ကားခံနေ ရတာကြာပါပြီ"
"ဒီလိုဗျ၊ အခု ကျွန်တော်တို့နိုင်ငံထဲကို နိုင်ငံခြားသားတွေ အတော်လာကြတယ်။
အဲဒီအထဲမှာ ကိုရီးယားတွေ၊ ယိုးဒယား တွေ၊ ဂျပန်တွေက မဟုတ်မဟတ်တွေ လုပ်နေတာတွေ့လို့။
သူတို့က ဒီမှာ အိမ်ကြီးကြီးတစ်လုံးငှားတယ်ဗျာ။
ပြီးရင် သူတို့ဆီကလာတဲ့ တိုးရစ်တွေအတွက် အခန်းတွေဖွဲ့ပြီးငှားစားတယ်။
သူတို့ရုံးက သူတို့လူမျိုးစကားပြန်နဲ့ တစ်နိုင်ငံလုံးလျှောက်လည်တယ်ဗျာ။
သူတို့လူမျိုး ဖွင့်ထားတဲ့ဆိုင်တွေမှာ စားတယ်။
နောက်ဆုံးမတော့ ကျွန်တော်တို့နိုင်ငံမှာ သူတို့ ယိုခဲ့တာတွေပဲ ကျန်ခဲ့တော့တယ်"
"အဲဒါက ဟိုတယ်ခရီးတို့၊ အခွန်ဦးစီးတို့၊ ကုမ္ပဏီမှတ်ပုံတင်ရုံးတို့နဲ့ ဆိုင်တယ်ထင်တာပဲ။
ပြည်တွင်းက တိုးဂိုက်လို့ ခေါ်တဲ့ ခရီးသွားလမ်းညွှန်တွေကိုတော့ ဟိုလိုမ၀တ်ရ၊ ဒီလိုမ၀တ်ရ၊ ဟိုအခွန်ဆောင်၊ ဒီ
စည်းကမ်းလိုက်နာနဲ့။
ပြည်ပကနေ ပြည်တွင်းကို တရားမ၀င်လာလုပ်နေတဲ့သူတွေကိုတော့ ဖမ်းဖို့ ဆီးဖို့၊ အရေးယူဖို့ ဘာဥပဒေမှမရှိဘူး
ထင်ပါတယ်ကွာ။
ဗိုလ်တထောင်ဘိုးဘိုးကြီးနတ်ကွန်းမှာ ယိုးဒယားတိုးဂိုက်က သူ့လူမျိုးတွေကို ဘိုးဘိုးကြီးပွဲတင်ပေးနေတာတောင် ငါတွေ့ဖူးတယ်။
အောင်မယ် တာဝန်ကျဘုရားလူကြီး ပွဲတင်ပေးတာထက်တောင် စနစ်ကျသေး"
"အဲဒီလိုလုပ်နေကြတော့ ဒီကောင်တွေက အိမ်ငှားခပဲပေးရတာလေ။
ကျန်တဲ့ငွေအားလုံး သူတို့အိတ်ထဲရောက်ရုံမက ဟိုတယ်နဲ့ပတ်သက်တဲ့ အခွန်အခတွေ၊ ကျွန်တော်တို့နိုင်ငံက မနာ
ပေဘူးလား။
ပြည်တွင်းက ခရီးသွားလမ်းညွှန်တွေ မနစ်နာပေဘူးလား"
"တော်စမ်းပါမောင်ဆိတ်သိုးရယ်၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေတောင် မသိချင်ယောင်ဆောင်နေတာ။
ငါတို့က အနေသာကြီး"
"ခင်ဗျားလို နိုင်ငံခြားသား ဘာလုပ်လုပ် အကောင်းထင်နေသူတွေကြောင့် တိုင်းပြည်က ဗိုလ်ချုပ်ပြောသလို ဖာနိုင်
ငံဖြစ်တော့မယ်"
"ဟေ့ကောင် တိုးတိုးပြော။
ငါတို့နိုင်ငံက ဖြစ်နေတာကြာပြီ။
ခုမှ တစ်ရေးလာနိုး မနေနဲ့"
"ဟမ်၊ အဲဒါ ခင်ဗျားတို့လို စာရေးဆရာတွေမှာ၊ မီဒီယာတွေမှာ တာဝန်ရှိတယ်လေ"
"ဘာဆိုင်လို့လဲ၊ အခုမီဒီယာတွေက ပိုက်ဆံရမယ့်သတင်း၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ဇာတ်နာမယ့် သတင်းတွေပဲ
ရေးနေကြတာကိုး။
အဲဒီလိုရေးမှလည်း တွက်ခြေကိုက်တာလေ"
"သွားပါပြီဗျာ၊ နိုင်ငံတော့ စုံးစုံးမြုပ်ပါပြီ"
"ငါ့လာမပြောနဲ့၊ တာဝန်ရှိသူတွေကို သွားပြော။
အင်အားကြီးပါတယ်ဆိုတဲ့ မီဒီယာတွေကို သွားပြော။
ငါက သူတို့ဆီမှာ ကော်လံစားနဲ့စာရေးနေရတဲ့ အဆင့်ပဲရှိတာ"
"ဒီထက်ဆိုးတာ ပြောစရာကျန်သေးတယ်။
အခု ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ စဖွင့်နေကြပြီ"
"ဒါတော့ ဆိုးတယ်ဟေ့။
သူ့ကျွန်ဘ၀တုန်းက မျက်နှာဖြူတွေက ပဲခူးကလပ်မှာ မြန်မာများ၊ ခွေးများ ၀င်ခွင့်မပြုဆိုပြီး ဆိုင်းဘုတ်ချိတ်ခဲ့လို့
အတော်ဆူသွားခဲ့ဖူးတယ်။
ကမ်းနားလမ်းက စထရင်းဟိုတယ်မှာလည်း အရှေ့တိုင်းသားများတည်းခွင့်မပြု ဆိုတဲ့စာကပ်ခဲ့ဖူးတယ်။
အခုက ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံလေကွာ။
ဒီလိုလုပ်လို့ ဘယ်ရမလဲ"
"လုပ်နေကြလို့ ပြောတာပေါ့ဗျ။
တစ်နေ့က ရွှေဂုံတိုင်မီးပွိုင့်နားရှိတဲ့ ဟိုတယ်အပေါ်ဆုံးကဘားကို သူငယ်ချင်းတစ်ယောက်နဲ့ ရောက်သွားတာ။
နိုင်ငံခြားသားမှ၊ ဒါမှမဟုတ် ဂျပန်စကားပြောတတ်မှ ၀င်ရမယ်ဆိုလို့ စိတ်ဆိုးပြီး ပြန်လာခဲ့ရတယ်။
ပြီးတော့ ခန့်ထားတဲ့ ဘားမယ်လေးတွေက မြန်မာမ ငယ်ငယ်ချောချောလေးတွေကို တစ်လသုံးသိန်း ပေး ခန့်ထား
တယ်တဲ့။
ပြီးတော့ ဆိုင်အားလုံး ည ၁၁နာရီ ပိတ်ရပေမယ့် မနက် ၂နာရီအထိ ခပ်တည်တည်နဲ့ ဖွင့်နေသတဲ့။ ပိုင်ရှင်က နိုင်ငံခြားသား တဲ့။"
"ဒီသတင်းက ငါ့အတွက် အရေးကြီးသဟေ့"
"ဒီတော့ ခင်ဗျားက မြန်မာများ၊ ခွေးများ မ၀င်ရ ဇာတ်တစ်ပတ်လည်ခြင်းဆိုပြီး ရေးတော့မယ်ပေါ့"
"မရေးပါဘူး၊ ဂျပန်စကားလေး ထမင်းစား ရေသောက်သင်ပြီး အဲဒီဘားက မြန်မာမလေးတွေ ဘယ်လောက်ချော
လဲ သွားကြည့်မလို့။
စားပွဲထိုးကို သုံးသိန်း ပေးခန့်တယ်ဆိုကတည်းက..အဟေ ဟေ.. ဟေ"
"အောင်မယ်လေးဗျာ၊ ကျွန်တော့်မှာတော့ ခင်ဗျားကို အားကိုးတကြီး ပြောလိုက်ရတာ"
"ဒီမယ် လူကလေး မောင်ဆိတ်သိုး၊ တာဝန်ရှိတဲ့သူတွေတောင် မသိတာလား။
မသိချင်ယောင် ဆောင်နေတာလား။
ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုတွေလုပ်နေကြမှန်းမသိဘဲ ရမ်းရေးလို့ မရပေဘူး။
ငါက အမတ်လည်းမဟုတ်။
တရားဥပဒေစိုးမိုးရေးမှာ တာဝန်ရှိတဲ့သူလည်းမဟုတ်။
သတင်း ဂျာနယ်ထုတ်ခွင့်ရသူလည်းမဟုတ်နဲ့ ဘာကောင်မှမဟုတ်ဘူးလေကွာ။
အဲဒီအစား ရောတိရောရာ ငါလည်းပါ ဆိုသလို ဂျပန်စကားလေးသင်ပြီး သွားစားတာ၊ ဘားမယ်လေးတွေနဲ့ ပရော
ပရည်လုပ်တာကမှ အနေအစားချောင်မလားလို့ပါ"
လို့လည်း ပြောလိုက်ရော မောင်ဆိတ်သိုးက ဒေါသတွေထွက်ပြီး
"ခင်ဗျားကြီးတို့လိုလူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေတာ၊ လူမျိုး ပြုတ်တော့မှာ"
ဆိုပြီး စိတ်ဆိုးတကြီးနဲ့ ပြန်သွားလေရဲ့။
နို့ မာဂျေပြောတာ ဘာမှားလို့လဲဗျာ။
ကိုယ်က ဘာမှလုပ်လို့ရတဲ့ကောင်မှ မဟုတ်တာ။
မီဒီယာကနေ ရေးပြနေတော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကအဖက်လုပ်ပြီး ဘာများအရေးတယူလုပ်လို့လဲ။
အသက်ကြီးမှ သူများအမုန်းတော့ မခံနိုင်ပေါင်ဗျာ။
မာဂျေ
Thursday, 10 January 2013
Copy from http://myanmar.mmtimes.com/index.php/features/3096-2013-01-10-07-29-24.html
ဒီဓါတ်ပုံကတော့ ကွမ်းစားတဲ့ယဉ်ကျေးမှုကို မြတ်နိုးပေမယ့် ပါးစပ်ကိုမထိန်းသိမ်းတတ်တဲ့ ဗမာအချို့အတွက် ထုတ်ထားတဲ့ သတိပေးအမှတ်အသားတစ်ခုပါ။ အဲဒီလိုပေါက်တတ်ကရ အကျင့်ဆိုးကြောင့် Indiana State, Fort Wayne အ၀တ်လျှော်စက်ရုံက There are no Burmese people allowed လို့ ဆိုလိုက်တော့ ဗမာတွေက ဆန္ဒ
တွေပြ အကျိုးသင့်အကြောင်းသင့်ပြောပြလိုက်တော့ ဆိုင်ရှင်ကိုယ်တိုင် တောင်းပန်ရတော့တာပဲ။
တရားဥပဒေ စိုးမိုးတဲ့နိုင်ငံမှာ ငြိမ်ဝပ်ပိပြားမှုကို တရားဥပဒေနဲ့ထိန်းချုပ်ထားတယ်။
ဗမာပြည်က ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ကျတော့ ဆံပင်ညှပ်ခ မကုန်အောင် ခေါင်းမပါတဲ့လူတွေက အုပ်ချုပ်နေ
တာဆိုတော့ ငွေမပေးနိုင်တဲ့လူ ခံပေတော့။ ခေါင်းသာမရှိတာ ငွေကျတော့ ကြိုက်တတ်သား။
အောက်က ရုပ်သံဖိုင်ကတော့ ဆိုင်ရှင်ကနေ တရားဝင်တောင်းပန်လိုက်တဲ့ ရုပ်သံဖြစ်ပါတယ်။
ခေါင်းမရှိတဲ့လူတွေ ခေါင်းဆောင်နေတဲ့ ပြည်ထောင်စု ဗမာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်း
ရင်းသားလုပ်သားပြည်သူအပေါင်း နိုင်ငံခြားသားများ စော်ကားခံရခြင်းမှ အမြန်ဆုံးကင်းဝေးလွတ်မြောက်ကြပါစေ
လို့ ဆုတောင်းလျင်ကောင်းမလား။ ခေါင်းမရှိတဲ့ ခေါက်ရိုးကျိုးနေတဲ့လူတွေ လုပ်ပိုင်ခွင့်အားလုံးဆုံရှုံးပါစေလို့ ဆန္ဒ
ပြုလိုက်ရမလား။
Thursday, November 21, 2013
The Battle of Russia (1943) 22/11/13
အသက် ၇ နှစ်အရွယ် ကလေးမ အစိုးရစစ်သား၏ အဓ္ဓမပြုကျင့် ခံရ
 ပန်ဆိုင်း (ကြူကုတ်) ဒေသမှ မြန်မာအစိုးရ စစ်တပ် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ရမခ လက်အောက် စစ်သား နှစ်ဦး။ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) ဒေသ ပန်ဆိုင်း (ကြူကုတ်) မြို့အနီး ခလွမ်ရွာ (Hka Lum)ရှိ အသက် ၇ နှစ် ကျော်အရွယ် ဒုတိယတန်း ကျောင်းသူတဦးအား နိုဝင်ဘာ ၁၁ ရက်နေ့တွင် အစိုးရ သိန္နီတပ် ခမရ- ၃၂၃ မှ ကိုဝင်းထွေးဆိုသူ အဓ္ဓမပြုကျင့်ခဲ့ကြောင်းသိရသည်။
 အခင်းဖြစ်ပွားသောနေ့တွင် မိခင်ဖြစ်သူက ကောက်ရိပ်သွားရသောကြောင့် သမီးဖြစ်သူကို ညီမငယ်အားထိန်းပေးရန် ကျောင်းမှ ခွင့်တိုင်၍ နေရစ်ခဲ့ချိန် အဆိုပါစစ်သားက ၀င်ရောက်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှသိရသည်။
 မိခင်ဖြစ်သူသည် နေ့ခင်း ထမင်းစားချိန် အိပ်သို့ပြန်လာချိန် အဓ္ဓမပြုကျင့်ခံရသောသမီးက “သမီးကို မိန်းကလေး လား ယောက်ျားလေး လားလို့မေးတယ် မိန်းကလေးလို့ပြောတော့ ပွေ့ပြီးအိမ်အထဲခေါ်သွားတယ် ပါးလဲရိုက်ပေးတယ် ညီမလေးကိုလည်း လွင့်ပစ်လိုက်တယ်” ဟု ပြန်ပြောပြခဲ့သောကြောင့် သိခဲ့ရခြင်းဖြစ်ကြောင်း အိမ်နီးချင်းအမျိုးသမီး ဒေါ်ရှဒန်ဂျာလဲန် (Nhkum jan Shadan Ja Len) KNG ကချင်သတင်းဌာန သို့ပြောသည်။
 အဓ္ဓမပြုကျင့်ခဲ့သော တရားခံ စစ်သား ကိုဝင်းထွေး အသက် ၃၅ နှစ်ဝန်းကျင်သည် စစ်ဝတ်စုံဖြင့် ကျောပိုး အိတ်လွယ်ကာ လျှောက်သွားနေခဲ့သည်ကို ရွာသားများလည်းမြင်တွေ့ခဲ့ကြောင်းသိရသည်။ “ကျမတို့အိမ်နဲ့ သိပ်တော့မဝေးဘူး ဒါမဲ့သူအော်ငိုတာ ကျမ မကြားလိုက်ဘူး။ သူ့ညီမလေးကိုပွေ့ပြီး သူ့ညီမလေးက လည်းငို၊ သူလည်းငိုပြီး အဖွားအဖွားဆိုပြီးအော်ငိုပြေးလာပြီး ‘အဖွားကျမတို့အိမ်မှာ လူတယောက် ရောက်နေတယ် ကျမကိုသတ်မယ်လို့ပြောတယ် နင့်အမေတွေ ရောက်လာလျှင်ရင်လည်း သတ်မယ်လို့ပြောတယ်’ ဆိုပြီး လာပြောတာ” ဟု ဆက်ဆိုသည်။
 ထိုချိန်အိမ်နီးနားမှ ဒေါ်ဝင်းကြည်ဆိုသူလည်း စစ်သားကိုတွေ့လိုက်ပြီး အိမ်တွင် ၁ ယောက်တည်း မနေရဲပဲထွက်လာကာ ဒေါ်ရှဒန်ဂျာလဲန် (Shadan Ja Len) နှင့် ၄င်းတို့ ၂ ဦးသည် ကလေးငယ်အိမ်သို့ လိုက်သွားကြည့်ရာ ထိုစစ်သားသည် ထိုင်နေကာ ‘ထမင်းလာတောင်းစားတာပါ’ ဟု ပြောဆိုခဲ့ကြောင်းသိရသည်။
The Battle of Russia (1943) 
 ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) လက်အောက် တပ်ရင်း ၃၆ နယ်မြေ ခလွမ်ရွာ (Hka Lum) အထက်တွင် အစိုးရတပ်များ တပ်ချထားခြင်းဖြစ်သည်။
Tuesday, November 19, 2013
Saw Chit Thu speech for developement education in Country 20/11/2013
တိုင်းပြည်တည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားလူငယ်များအတွက် ပညာရေးကဏ္ဍမြှင့်တင်ပေးရေး ဗိုလ်ချစ်သူပြောပြီ
တိုင်းရင်းသားလူငယ်များ 
တိုင်းပြည်တည်ဆောက်ရေးတွင် ပါဝင်လာစေရေး
အတွက် ပညာရေးကဏ္ဍအထူးမြှင့်တင်ပေးရန်
အစိုးရသို့ ဗိုလ်ချစ်သူတိုက်တွန်း
November 19, 2013
Tuesday
By ခန့်ခန့်(ဒဿနိက)
တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းပြည်၏ပညာရေးစနစ်အပေါ်အခြေခံ၍ ပညာသင်ကြားရသောမျိုးဆက်သစ်
လူငယ်များအပေါ်ဝယ် အဓိကကျနေသောကြောင့် ယခင်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ
၍ ပညာသင်ကြားရန်အခွင့်မသာခဲ့သော တိုင်းရင်းသားလူငယ်များအား သွားနေသောတိုင်းပြည် တည်ဆောက်ရေး
နှင့် ဒီမိုကရေစီလမ်းစဉ်ဖော်ဆောင်အကောင်အထည်ဖော်ရာ၌ ပါဝင်လာနိုင်စေရေးအတွက် တိုင်းရင်းသားလူငယ်
များ၏ပညာရေးကဏ္ဍအား အထူးမြှင့်တင်ပေးရန် နိုင်ငံတော်သို့တိုက်တွန်းကြောင်း နယ်ခြားစောင့်တပ် များဗဟိုအ
ကြံပေးနှင့် ကွပ်ကဲရေးကောင်စီအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်စောချစ်သူကပြောကြားလိုက်သည်။
“ကျွန်တော်တို့တိုင်းပြည်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပညာတတ်တွေအများကြီးလိုအပ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၄မှာDKBA ဖြစ်ပေါ်လာပြီးတော့ ခုချိန်ထိဆိုရင် ကျွန်တော်တို့ကရင်ပြည်နယ်မှာ တော်တော်ကိုပညာ
ရေးပိုင်းရော ပြည်နယ်ရဲ့ဖွံ့ဖြိုးရေးပိုင်းရော ပြောင်းလဲလာပါပြီ။
ကျွန်တော်တို့ဒေသရဲ့ ဖွံ့ဖြိုးမှု၊ တိုင်းရင်းသားတွေ အားလုံးရဲ့ဖွံ့ဖြိုးမှုဟာ ပညာတတ်များများရှိမှဖြစ်မယ်။
ဒီတော့ ဒီတိုင်းရင်းသားလူငယ်တွေ ပညာရေးမှာထူးချွန်ပြီး သွားနေတဲ့တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းစဉ်ဖေါ်ဆောင်
အကောင်အထည်ဖေါ်နေမှုမှာ ပါဝင်လာနိုင်စေရေးအတွက် မိဘတွေအနေနဲ့ကလည်း စာမတတ်လည်း ထမင်းစား
ရတာဘဲဆိုတဲ့ အမြင်မှား၊ အတွေးမှားတွေဖယ်ပြီး လူငယ်တွေကိုပံ့ပိုးပေးဖို့လိုသလို နိုင်ငံတော်ကလည်း ဒီတိုင်းရင်း သားလူငယ်တွေရဲ့ ပညာရေးကဏ္ဍကိုအထူးမြှင့်တင်ပေးဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်”
ဟု နယ်ခြားစောင့်တပ်အမှတ် (၃) တပ်နယ်မှူးဗိုလ်မှူးချုပ်စောချစ်သူ ကပြောကြားသွားခဲ့သည်။
တိုင်းရင်းသားနယ်မြေများ၌ အချို့သောမိဘများမှ ယင်းတို့၏ သားသမီးများ၏ပညာရေးပိုင်းအား အကြောင်းအမျိုး
မျိုးကြောင့် ထောက်ပံ့ပေးနိုင်မှုအားနည်းခဲ့သောကြောင့် ရာစုတစ်စုခန့်နီးပါး ဒေသခံတိုင်းရင်းသားလူငယ်များမှာ ပ
ညာသင်ကြားရေးနှင့် ဝေးကွာခဲ့ရပြီး ယင်းသို့တစ်ရာစုနီးပါးခန့် တိုင်းရင်းသားလူငယ်များပညာရေးနှင့် ဝေးကွာခဲ့
ခြင်းမှာလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်န စ်နာမှုတစ်ခုပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်သုံးသပ်ပြောကြားခဲ့သည်။
Monday, November 18, 2013
Aung San Sukyi speech for election on 2015 19/11/13
ဖွဲ့စည်းပုံ ဟန်ပြပြောင်းလဲသူတွေကို မဲမပေးဖို့ ဒေါ်စုတိုက်တွန်း
ပျဉ်းမနား၊ နေပြည်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုသဘောထားခံယူပွဲမြင်ကွင်း။ (နိုဝင်ဘာ ၁၈၊ ၂၀၁၃)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲတာမျိုးမလုပ်တဲ့ ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းလိုက်ပါတယ်။ ပျဉ်းမနား နေပြည်တော်မှာ တနင်္လာနေ့က ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒသဘောထားရယူတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။
DVB -ကချင်လွတ်လပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်း နှင့် တွေ့ဆုံမေးမြန်းခြင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထု ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုလို တက်ရောက် ဟောပြောတာဟာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ အဓိက-ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မြန်မာပြည်သူတိုင်းမှာ တာဝန် ရှိတယ်ဆိုတဲ့အပိုင်းကို ဒေါ်အောင်ဆန်းစုကြည်ပြောသွားပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပေါ်ယံဟန်ပြ ပြင်မယ့်ပါတီတွေ၊ လူပုဂ္ဂိုလ်တွေကို ၂၀၁၅ ရွေးကောက်ပွဲမှာ မဲမပေးကြဖို့ သူ့အနေနဲ့တိုက်တွန်းမှာဖြစ်တယ်လို့ ပြောပါတယ်။
DVB -ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှင့် အင်တာဗျူး 
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးမှာ တကယ်ပဲ စေတနာပါလား၊ မပါဘူးလားဆိုတာ-အဲဒါပဲကြည့်ပါ။ တခြားဘာပဲ ပြောပြော၊ ဘယ်လိုပဲပြုံးပြုံး၊ ဘယ်လိုမက်လုံးတွေပဲပေးပေး၊ ဘယ်လိုပဲ တိုင်းပြည်ရဲ့အကျိုးအတွက် လိုလားပါတယ်လို့ ပြောပြော၊ စောစောက ကျမပြောခဲ့သလို- တိုင်းပြည်မှာဆိုရင် ကျမတို့ရဲ့အေးချမ်းသာယာရေးအတွက်၊ တိုးတက်ရေးအတွက်၊ တည်ငြိမ်ရေး အတွက်၊ အားလုံးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဟာ လိုကို လိုအပ်တယ်။ အဲဒီဟာကို မလိုလားဘူးဆိုရင် ကျန်တာတွေကိုလည်း တကယ် မလိုလားဘူးလို့ပဲ ကျမ သတ်မှတ်ရမှာပဲ။ ဒီတော့ အဲဒါတွေက ကျမတို့ ပြည်သူတွေက သေသေချာချာကြည့်ပါ။ ကျမကတော့လေ- ဗြောင် လောဘ၊ ဒေါသ၊ မောဟတွေကို ထုတ်ဖော်တဲ့သူကို ပိုပြီး သဘောကျတယ်။ အဲဒီတော့မှ သိရတာပေါ့- အခြေအနေ။ ပြုံးပြုံး..ပြုံးပြုံးနဲ့လုပ်တဲ့ဟာက တော်တော် အန္တရာယ်များတယ်။ ဒါကြောင့် ကျမပြောတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြားသားမှ မပြောင်းဘူး၊ ရထားတဲ့အခွင့်အရေးကို မလွှတ်နိုင်ဘူးဗျာ-လို့ ပြောတဲ့သူတွေကို ကျမပိုပြီးတော့ လေးစားတယ်။ အဲဒီလိုမပြောဘဲနဲ့ ပြည်သူအတွက် မကောင်းမှာစိုးလို့- ဘာမှ အရေးမကြီးတဲ့ ဟိုအချက်ကလေး၊ ဒီအချက်ကလေးပဲပြောင်းပါရစေဆိုတဲ့- အဲဒီလိုလူတွေကိုတော့ နောက် ဘယ်တော့မှ မဲမပေးနဲ့လို့ ပြောမယ်။”
ဒီလူထုအခမ်းအနားမှာ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းခဲ့တာနဲ့ ပတ်သက်လို့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက အခုလိုပြောပြပါတယ်။
“လွှတ်တော်ကနေမှ ပြည်သူများဆန္ဒအရ ဖွဲ့စည်းထားတယ်ဆိုတဲ့ ပြည်သူ့ဆန္ဒမဲနဲ့ လွှတ်တော်ကိုယ်တိုင်က ဒီကိစ္စ ဆောင်ရွက်နေတယ်။ အဲဒီတော့ တော်ရိလျော်ရိ ပြင်မယ်၊ ဟန်ဆောင်ပြင်မယ်- ဒီလိုပြင်မယ့်ပါတီ မဲမပေးနဲ့၊ ဒါ ပြတ်ပြတ်သားသား ပြောတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ ဒီလို ပြည်သူအပေါ် အထင်သေးတဲ့ပုံစံမျိုး၊ တော်ရိလျော်ရိနဲ့ ကဖျက်ယဖျက်ပုံစံမျိုး ဖြစ်လာတယ်ဆိုရင် အဲဒီ ပါတီ၊ အဲဒီပုဂ္ဂိုလ်ကို မဲမပေးနဲ့၊ ဒါ ပြည်သူလုပ်နိုင်တဲ့အင်အား။
နောက်တစ်ခုက အဖွဲ့ချုပ်အနေနဲ့ကလည်း အဲဒီလိုလုပ်မယ်ဆိုရင် ပြည်သူကို စော်ကားတဲ့ပုံစံမျိုး၊ ပြည်သူ့ကို အထင်သေးတဲ့ပုံစံမျိုးနဲ့ ဆောင်ရွက်မယ်ဆိုရင် ဒီဘက်က ဆောင်ရွက်ဖို့ အစီအစဉ်တွေရှိတယ်လို့ပဲ တိတိလင်းလင်း ပြောလိုက်တယ်။ အန်တီကိုယ်တိုင်က၊ ခေါင်းဆောင်ကိုယ်တိုင်က ဒါ သူ့ကို ထောက်ခံချင်တဲ့သူတောင် အခြေခံဥပဒေကို နားမလည်ဘဲနဲ့ မထောက်ခံဖို့ ပြည်သူတွေကို ပြောတယ်။ ပြည်သူတွေကိုယ်တိုင်ကလည်း အခြေခံဥပဒေဆိုင်ရာ အချက်တွေကို ကျနော်တို့ ဥပဒေပညာရှင်တွေက ထောက်ပြတာကို တိတိကျကျနဲ့ ရှင်းလင်းစွာ နားလည်နိုင်တဲ့ဟာတွေကိုလည်း ကျနော်တို့ တွေ့ရှိရတယ်။”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂၅% ပါနေတဲ့ တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်း စုကြည်က အခုလိုထောက်ပြပြောဆို သွားပါတယ်။
“ကျမက တပ်မတော်ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ်။ တိုင်းပြည်ရဲ့ အကျိုးကို ကြည့်ပါ။ တကယ်ပဲ တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့အခြေအနေ၊ တပ်မတော်ရဲ့အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည်တောင့်လို့ရှိရင် တပ်မတော်က တောင့်မှာပါ။ ပြည်သူလူထုက ကိုယ့်အနောက်မှာ မားမားမတ်မတ်ရှိလို့ရှိရင် ဘယ်တပ်မတော်မှ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျမက ပြောချင်ပါတယ်။”
ပြည်သူတွေအနေနဲ့ သူတို့ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုအခက်အခဲတွေနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ အကာအကွယ် ပေးနိုင်တဲ့နည်းလမ်းတွေကိုလည်း ဒီလူထု ဟောပြောပွဲမှာ စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူထုဆန္ဒ သဘောထားရယူတဲ့အခမ်းအနားကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေ ပညာရှင်တွေနဲ့ ဒေသခံ ပြည်သူပေါင်း နှစ်သောင်းကျော်လောက် တက်ရောက်ခဲ့ပါတယ်ရှင်။
Sunday, November 17, 2013
Worship in Karen Baptist Church Sydney 17/11/13
Worship in Karen Baptist Church Sydney 17/11/13
ဆဿ၈့ၯဆဿ၀ါဘဢ္ကညီဘ်ဿထံဖိကိး၈ၯလဿယြၯအတဿ္ဆိဢ္၈့ၯအါကလီၯဘဢ္ပလိၯထူးထူးတီၯတီၯ
တက့ဿ္။မ့ဿ္ကစဿ္ယြၯအဘ်ဴးအဖွိဢ္ဒိဢ္မးအဃိပန့ဿ္ဘဢ္တဿ္ဆဿကတီဿ္တႏြံဘဢ္တႏြံလဿတဿ္ဘူဢ္
သကိးဘါသကိးယြၯအမဲာ္ညါနဢ္ဟူကစဿ္အကလုဿ္ကထါသ့ဢ္တဖဢ္ဒီးတဿ္သူဢ္၀ံဢ္သးဆဿ။တဿ္ဖး
လံာ္စီဆွံဒီးတဿ္တဲပူသ့ဢ္တဖဢ္ကဲထီဢ္မးတဿ္ဆိဢ္၈့ၯသပွဿ္ကတဿဿ္န့ဢ္လိီၯ
တႏြံအံၯဒ္အမ့ဿ္၀ဲခ၇ံာ္ဖိဟံဢ္ဖိဃီဖိအႏြံအသးိတဿ္သူဢ္၀ံဢ္သးဆဿသ့ဢ္တဖဢ္မ့ဿ္တဿ္လဿအကဲဘ်ဴး
ဒိဢ္မးန့ဢ္လိီၯ
သ၇ဢ္ဒိဢ္တိးဟဢ္ ဟ့ဢ္တဿ္ကစီဢ္လဿမုဿ္ထူဢ္တဿ္ဘါ
မဿၯသ၇ဢ္မၯ၇ၯဒိနါ ပဿဿ ္လိီဿ္ဆ့ဢ္နီၯလဿမုဿ္ထူဢ္တဿ္ဘါ
သ၇ဢ္တဿ္မ်ဿ္၈ီၯ စံဢ္တဲၯတဲလီၯတဿ္လဿက်ဲးစဿးက၇ဿတဿ္ဘါ
နီဿ္လ့လ့ဢ္ဖီ ဘိးဘဢ္၇ၯလီၯတဿ္ဒီးကတိၯစံးဘ်ဴးက့ၯတဿ္
                               တခွံ ကီဿ်ဧ့ဍ္ဎဒ့ဢ်ဒီးစီဍ္ဎဒဍ္ဎနံးယ့လး ၇ူးလံာ္စီဆွံလဿက်ဲးစဿးက၇ဿ
Karen New Year Celebration Meeting.17/11/2013
ကရင်လက်နက်ကိုင်အဖွဲ့များ ပူးတွဲ စစ်ရေးပြမည်
  မကြာမီကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များက ပထမဆုံးအကြိမ်အဖြစ် ပူးတွဲ စစ်ရေးပြအခမ်းအနား ကျင်းပကြမည်ဖြစ်သည်။
(သောကြာနေ့က ရွှေကုက္ကိုမြိုင်တွင် ဆွေးနွေးကြသည့် ကရင်တပ်မှူးများနှင့်ကရင်ပြည်နယ် ၅ မြို့နယ်မှ ဒေသခံလူထုကိုယ်စားလှယ်များ)
ကရင်လက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့ဖြစ်သည့်
ကရင်အမျိုးသားအသည်းအရုံး KNU -
(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် BGF
ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC
ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့ KPF
တို့က စစ်ကြောင်းတကြောင်းလျှင် စစ်သည် ၁၀၀ နူန်းဖြင့် ချီတက်ကာ စစ်ရေးပြကြမည်ဖြစ်သည်။
လာမည့် ဇန်န၀ါရီလတွင်ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကြီးကို ကရင်ပြည်နယ်မြ၀တီမြို့နယ်ရှိ ရွှေကုက္ကိုမြိုင်တွင် ကရင်တိုင်းရင်းသားများ၊ ဒေသခံ လက်နက်ကိုင် အဖွဲ့အစည်းများက ပူးပေါင်း ကျင်းပကြမည်ဖြစ်သည်။
ထိုအခမ်းအနားတွင် ပူးပေါင်းစစ်ရေးပြကြမည့်အစီအစဉ်ကို သက်ဆိုင်ရာတပ်ဖွဲ့များ၏ တပ်မှူးတို့ သောကြာနေ့က ကျင်းပသည့် ပွဲဖြစ်မြောက်ရေးအစည်းအဝေးတွင် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ကျပ်ငွေ သိန်းပေါင်း ငါးထောင်ခန့် အကုန်အကျခံကာ ၎င်းပွဲတော်သည် ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်လာမည်၊ ပြည်တွင်းနှင့်နိုင်ငံတကာမှ ကရင်တိုင်းရင်းသားများ စုံညီစွာ တက်ရောက်နိုင်ရန် စီစဉ်ထားသည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်သည့် မန်းမျိုးမြင့်ကပြောသည်။
စစ်ရေးပြပွဲနှင့်အတူ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲများ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲများ၊အားကစားပြိုင်ပွဲများ၊ကရင်ဇတ်ပွဲနှင့်ရိုးရာ ယဉ်ကျေးမှုဆိုင်ရာ တင်ဆက်မှုများ၊ ကရင်-မြန်မာခေတ်ပေါ်တေးဂီတ တင်ဆက်မှုများကို အခမဲ့ကြည့်ချင်ပွဲအဖြစ် စီစဉ်ထားသည်။
ပွဲတော်အတွင်း သတင်းရယူနိုင်ရန်အတွက် ပြည်တွင်းနှင့်ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံတကာသတင်းဌာနများမှ သတင်းထောက်များကိုလည်း ကြိုတင် ဖိတ်ကြားထားသည်ဟု သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီမှ စောမြင့်ဇော်က ပြောသည်။
ပွဲတော်လာသူများ၏ စားရေးသောက်ရေးအတွက် ပွဲတော်ကျင်းပရေးကော်မတီက ထမင်းဟင်းလျာများဖြင့် စတုဒီသာမဏဏ္ဍပ်တွင် အလွှာမရွေး မျဉ်းတပြေးဖြင့် ဧည့်ခံမည်ဟု ကျွေးမွေးရေးဆပ်ကော်မတီကပြောသည်။
ပွဲတော်၏ထူးခြားမှုတရပ်မှာ ကရင်ပြည်နယ်အတွင်းရှိ ကျေးလက်တောရွာ ပွဲလမ်းသဘင်များတွင် သူမပါလျှင်ပွဲမစည်သည့် လောင်းကစားဝိုင်းများကို ယခုကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော်တွင် လုံးဝ ခွင့်မပြုကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီက သောကြာနေ့က ပြုလုပ်သည့်အစည်းအဝေးတွင် တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
Friday, November 15, 2013
KNU HQ message to the public November 15/11/13
 Bill Clinton at Myanmar Peace Center 
DVB -ကေအိုင်အေ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နှင့် အင်တာဗျူး 
Thursday, November 14, 2013
General S mitdon “Memoirs of the Four-foot Colonel”15/11/13
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် စမစ်ဒွန်း ကွယ်လွန်မှု ၃၄ နှစ်ပြည့်
ဗိုလ်ချုပ် စမစ်ဒွန်း (ဓာတ်ပုံ – Thant Myint-U/Facebook)
မြန်မာတပ်မတော်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဒီနေ့ကနေ့ဟာ သူရဲ့ ၉၇ နှစ်မြောက်မွေးနေ့ဖြစ်ပြီး ကွယ်လွန်တာ ၃၄ နှစ် ပြည့် ဖြစ်ပါတယ်။
အရပ်အမောင်း ပုသေးသေးနဲ့ အရပ် ၄ ပေသာသာသာ ရှိတဲ့အတွက် “ဗိုလ်မှူးကြီး လေးပေ ”လို့လည်း လူသိများတဲ့ ဗိုလ်ချုပ် စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။
ကရင်အမျိုးသား ဗိုလ်ချုပ် စမစ်ဒွန်းဟာ အိန္ဒိယနိုင်ငံ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတဦးဖြစ်ခဲ့ပြီး သင်တန်းမှာ အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူပါ။
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။
ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့အတွက် အသစ်ပြန်လည် ဖွဲ့စည်းတဲ့ မြန်မာတပ်မတော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။
အဲဒါဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေအကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ ယုံကြည်ရဆုံးပုဂ္ဂိုလ် ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ်ကိုယ်တိုင် ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး စတဲ့ တိုင်းရင်းသား ကရင်အမျိုးသား တပ်မတော်ခေါင်းဆောင်တွေရဲ့ သစ္စာရှိမှုကို အသိအမှတ် ပြုခဲ့ပါတယ်။
၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင် တိုက်ခိုက်ကြတဲ့အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင်ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင်တပ်ဖွဲ့တွေနဲ့အတူ တပ်မတော်ရာထူးတွေက ရပ်ဆိုင်းပစ်ခဲ့ကြတယ်။
စမစ်ဒွန်းဟာ ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်ပေမယ့် ဗမာ့တပ်မတော်အပေါ် အမြဲတမ်းသစ္စာရှိပြီး စစ်သားကောင်းပီသတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ တပ်မတော်ဦးစီးချုပ်တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်းပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။
တပ်မတော်ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာလည်း အစိုးရက သူ့အပေါ် သံသယထားခဲ့တယ်။ ၁၉၇၉ ခုနှစ် ကွယ်လွန် ချိန်အထိ စောင့်ကြည့်ခံခဲ့ရတယ်။
ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘ၀ရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူမ ကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။
မြန်မာတပ်မတော်ရဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်မှူးချုပ် လကျာ်၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဗိုလ်မှူးကြီး ဗထူးတို့လို တပ်မတော် သမိုင်းမှာ တကယ့်သူရဲကောင်းတွေ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်းဟာ ယနေ့ တပ်မတော်သမိုင်းမှာတော့ တိမ်မြုပ်ပျောက်ကွယ် သွားခဲ့ပါပြီ။
ရန်ပိုင်-ဧရာဝတီသတင်း
Tuesday, November 12, 2013
KNU Joint Secretary Pa Doh Mahn Mahn Explanation 12/11/03
သမ္မတ၏ ခွဲမထွက်ရေးနှင့် အချုပ်အခြာအာဏာ မထိပါးရေး ညွှန်ကြားချက် စိုးရိမ်မှုသာဖြစ်ဟု KNU ဆို
နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစေသည့် အရာများ မလုပ်ဆောင်ရေးဆိုသည့် အချက် ၂ချက်ကို မဆွေးနွေးရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားထားချက်မှာ စိုးရိမ်မှုတစ်ခု သာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ပြောကြားလိုက်သည်။
ယမန်နေ့ နိုဝင်ဘာ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ အစိုးရပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံခဲ့ရာ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သည့် သမ္မတ၏ ညွှန်ကြားထားချက်နှင့် ပတ်သက်၍ KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်း က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ပဒိုမန်းမန်းမန်းက “မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့တွေက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါကို အစိုးရအဆက်ဆက်က ခွဲထွက်ရေးပဲလို့ နားလည်ထားတဲ့အပေါ် အခုလို ထုတ်ဖော်ပြောလိုက်တာဟာ သူတို့(လက်ရှိအစိုးရ)ရဲ့ စိုးရိမ်ကြောင့်ကြမှုအပိုင်းလည်း ဖြစ်ပါလိမ့်မယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
KNU အပါအ၀င် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျှော်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်သည် ခွဲထွက်ရေး မဟုတ်သလို အချုပ်အခြာအာဏာဟူသည်လည်း နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ပြီး အားလုံးကာကွယ်ကြရန် တာဝန်ရှိသော သမ္မတ၏ ညွှန်ကြားပြောဆိုထားချက်ကို အထူးမှတ်ချက်ပေးရန် မရှိကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။
ယမန်နေ့က နိုင်ငံရေးပါတီများနှင့် မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံခဲ့စဉ် ဦးအောင်မင်းက “နိုင်ငံတော်သမ္မတကြီးရဲ့ မူက တော့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဒီလို ဖြစ်လာတယ်ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတဲ့မူကို နိုင်ငံတော်သမ္မတကြီးက ဆုပ်ကိုင်ပြီးသားဖြစ်ပါတယ်”ဟု ပြောဆိုခဲ့ကြောင်း RFA မြန်မာ ပိုင်းသတင်းတွင် ဖော်ပြထားသည်။
အလားတူ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၏ နံပါတ်(၂) တွဲဘက်အတွင်းရေးမှူးခွန်ဥက္ကာက လည်း နိုဝင်ဘာ ၄ရက်နှင့် ၅ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက် မှတ်ထိုးနိုင်ရန် ဆွေးနွေးသည့်ပွဲတွင် သမ္မတ၏ အဆိုပါ ညွှန်ကြားချက်နှစ်ချက်ကို ထည့်သွင်းပြောဆိုခဲ့သေးကြောင်း ပြောသည်။
သူက “ဒီနှစ်ချက်က မြစ်ကြီးနားဆွေးနွေးပွဲမှာ ကျနော်တို့နဲ့ အစိုးရ ပြောခဲ့ပေမဲ့ တရားဝင် ဆုံးဖြတ်တာတွေတော့ မရှိဘူး။ ဖက်ဒ ရယ်တည်ဆောက်ရေးမူကိုက အတူတကွ ပေါင်းစည်းနေထိုင်ရေးဖြစ်နေတော့ သမ္မတပြောတဲ့အချက်တွေဟာ တွေ့ဆုံဆွေးနွေး ပွဲမှာ မပါလည်းဖြစ်တယ်။ ဒါပေမယ့် ဒီပြောဆိုချက်ဟာ တကယ်ဖြစ်လာ၊ မဖြစ်လာဆိုတာပဲ စောင့်ကြည့်မှာပေါ့။”ဟု ပြောသည်။
ထို့အပြင် လာမည့် ဒီဇင်ဘာလအတွင်း မြန်မာအစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးအ ဖြေရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံကို KNU ထိန်းချုပ်နယ်မြေတ နေရာတွင် ကျင်းပသွားမည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်မှ နိုဝင်ဘာ ၁ရက်နေ့အထိ ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာ၌ ပြုလုပ်ခဲ့သည့် ပထမအကြိမ် တိုင်းရင်းသားညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက် ၁၁ချက် ရရှိခဲ့သည်။
 Views on Article 17 of Unlawful Association Act
Published on Nov 8, 2013
အရင်စစ်အစိုးရ လက်ထက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို မတရားသင်းအဖြစ် ကြေညာပြီး အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်သူတွေလို့ သံသယရှိသူတွေကို အရေးယူခဲ့တဲ့ မတရားသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) ကို ဖျက်သိမ်းဖို့ သင့်မသင့်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုသီဟထွန်းက စုစည်းတင်ပြထားပါတယ်။
Monday, November 11, 2013
Meeting in Myint kyina 12/11/13
အကြွင်းမဲ့လက်နက်ချရေး သဘောတူညီချက်စာချုပ်တွင် ပါဝင်လက်မှတ်ထိုးကြမည်လော
(မောင်ကျော်စွာ)(၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက်)
နိုဝင်ဘာလ ၄ရက်နေ့က မြစ်ကြီးနားမြို့၌ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံကြစဉ် အစိုးရဘက်မှ ပေးအပ်လာ သည့် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်စာချုပ်” ဆိုသည်မှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့ လက်နက်ချရေးနှင့် ၂၀၀၈ အခြေခံဥပဒေဘောင်ထဲဝင်ရေးအတွက် လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်သည်။
ထို“သဘောတူညီချက်စာချုပ်”တွင် ဖေါ်ပြထားသည့် အချက်အလက်များနှင့် မီဒီယာများသို့ပြောသည့် ကာချုပ်၏ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ သဘောထားအမြင်များကို ဆက်စပ်လိုက်လျှင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့ လက်နက်ချပြီး ၂၀၀၈အခြေခံဥပဒေဘောင်ထဲ ဝင်ရမည်ဆိုသည့်အချက်မှာ ခပ်ပြောင်ပြောင်၊ ခပ်ရှင်းရှင်းပင် ဖြစ်ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးသည် ဝန်မင်းဦးအောင်မင်းကဲ့သို့ ဝေ့လည်ကြောင်ပတ်တွေ မပြော၊ “ ပြည်ထောင်စု တပ်မတော်ဆိုပြီး ကရင်ကလည်း ကရင်တပ်မတော်၊ ကချင်ကလည်း ကချင်တပ်မတော်ဆိုပြီး လုပ်လို့မရဘူး။”ဟု ခပ်ရင့်ရင့်ပင် ပြောသည်။
အစိုးရရေးဆွဲထားသည့် အဆိုပါ “သဘောတူညီချက်စာချုပ်”သည် တပ်အင်အား တစ်စုံတစ်ရာရှိပြီး ပြည်နယ်ပေးရန် တောင်းဆို နေသည့် “ဝ”ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP/UWSP) ကို အဓိကပစ်မှတ်ထားပြီး ရေးသားထားပုံပေါ်ပါသည်။ အဆိုပါ သဘောတူညီချက်စာချုပ်တွင် အခန်း ၁၄ခန်းနှင့် အချက် ၂၅ချက်ပါရှိသည်။ အဓိကကျသည့်အခန်းများမှာ နိဒါန်း၊ အခန်း(၁)၊ (၂) ၊ (၃) ၊ (၄)နှင့် (၈)တို့သာ ဖြစ်သည်။
သဘောတူညီချက်စာချုပ်သည် စဖွင့်ကတည်းကပင် ယဉ်သကိုဟု ဆိုရမည်။ “ယခင်ချုပ်ဆိုခဲ့သော တည်ဆဲဥပဒေနှင့် မဆန့် ကျင်သည့် သဘောတူညီချက်များအား အသိအမှတ်ပြုခြင်း”ဟူသည့်အချက်ဖြင့် ဖွင့်ထားသည်။ “တည်ဆဲဥပဒေ” ဆိုသည့်အထဲ တွင် “၂၀၀၈အခြေခံဥပဒေ” နှင့် “မတရားသင်းအက်ဥပဒေများ” ပါဝင်နေပါသည်။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအား ယခင်က ထောက်လှမ်းရေးဗိုလ်ခင်ညွန့် မက်လုံးပေးခဲ့သော “လက်နက်၊ တပ်ဖွဲ့နှင့် နယ်မြေအပ်စရာမလို” ဟူ၍ အပေးအယူ လုပ်ခဲ့သည့်အချက်များကို အသိအမှတ်မပြုဟု ပြောလိုက်ခြင်းလည်းဖြစ်သည်။ ထိုသို့ အသိအမှတ်မပြုသည့် အချက်များထဲတွင် (သစ်၊ သတ္တု၊ ကျောက်မျက်စသော) စီးပွားရေးစားကွက်များလည်း ပါဝင်နိုင်သည်။
နိဒါန်းတွင် “ဒို့အရေးသုံးပါး” နှင့် ခွဲမထွက်ရေးကို ထည့်ရေးထားပြီး တိုင်းရင်းသားများ တစ်လျောက်လုံး တောင်းဆို တိုက်ပွဲဝင် ခဲ့ကြသည့် “တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး”ကို အသိအမှတ်မပြုဘဲ။ “လူမျိုးရေးတန်းတူမှု” ဆိုသည့်အချက်ကိုသာ ထည့်သွင်းရေးသားထားပါသည်။ “ဖက်ဒရယ်” ဆိုသည်မှာ စကားလုံးအရပင် မပါရှိချေ။
ထို့အပြင် သူတို့လက်ရှိလုပ်မည့် အပစ်ရပ်စဲရေးသည် ထောက်လှမ်းရေးဗိုလ်ခင်ညွန့်ကဲ့သို့ တစ်နပ်စား၊ တစ်ပွဲထိုး အကြံအစည် နှင့် ကွဲပြားစေရန် “တည်ဆဲဥပဒေများနှင့် မဆန့်ကျင်ဘဲ အပစ်အခတ်ရပ်စဲခြင်း” ဟူ၍ တိတိကျကျ ထည့်သွင်းရေးသားထားပါ သည်။
အဆိုးရွားဆုံးအချက်မှာ အုပ်စိုးသူအစိုးရအဆက်ဆက်က လက်နက်ဖြင့် အကြမ်းဖက် ဖိနှိပ်ချေမှုန်းလာသဖြင့် မလွှဲမရှောင်သာ လက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ခဲ့ကြရသည့် “လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်”အား “ပြည်ထောင်စုအတွင်း မှီတင်းနေ ထိုင်ကြသော နိုင်ငံသားအားလုံးကို ထိခိုက်နစ်နာခြင်းများ၊ လုံခြုံမှုကင်းမဲ့ခြင်းများနှင့် စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ်ခံစားစေခဲ့ သည့် လက်နက်ကိုင်လမ်းစဉ်”ဟု ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ သရုပ်ဖျက် ရေးသားဖော်ပြထားသည်။
ဤသို့ သရုပ်ဖျက်ရေးသားခြင်း၏ နောက်ထပ်ရည်ရွယ်ချက်မှာ လူမျိုးပေါင်းစုံပြည်သူများက အော့နှလုံးနာပြီး ရွံရှာမုန်းတီးနေ သည့် အုပ်စိုးသူ အစိုးရအဆက်ဆက်၏ အဓိက အကြမ်းဖက်ဖိနှိပ်ရေး ယန္တရားဖြစ်သော စစ်တပ်၏ မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့ သည့် ရာဇဝတ်ပြစ်မှုများကို တမင်တကာ ဖုံးကွယ်ဖို့ ကြံစည်ခြင်းလည်းဖြစ်သည်။
ထို့အပြင် “အတိတ်ဖြစ်ရပ်များအပေါ် တစ်ဦးနှင့်တစ်ဦး အပြစ်မတင်ဘဲ” ဆိုသည့်အချက်မှာ မုဒိမ်းကျင့်၊ လူသတ်၊ ရွာမီးရှို့ခဲ့သော စစ်တပ်၏ အကြမ်းဖက် သောင်းကျန်းမှုမှန်သမျှကို ကျူးလွန်ခဲ့သူများက မတောင်းပန်သည့်အပြင် ဒုက္ခမီးကို ရင်စီးခံစားခဲ့ကြရ သူများက ခွင့်လွှတ်ကြေအေးရမည်ဟု ရင့်ရင့်သီးသီး တောင်းဆိုခြင်းလည်းဖြစ်သည်။
အခန်း ၂တွင် “နိုင်ငံတော်၏ တာဝန်များ” ဟူ၍ အချက် (၆)ချက် ဖော်ပြထားပြီး “နိုင်ငံတော်” ဆိုသည်မှာ “စစ်တပ်”ကို ဆိုလို ခြင်းဖြစ်သည်။ သို့အတွက် နိုင်ငံတော်၏ တာဝန်များဆိုသည်မှာ စစ်တပ်၏ တာဝန်များပင်ဖြစ်သည်။ စစ်တပ်လှုပ်ရှားမှုကို အခြား လက်နက်အဖွဲ့များက ချုပ်ငင်မထားနိုင်ရေးအတွက် “နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေလုံခြုံရေး လိုအပ်ချက်အရ” ဆိုသည့် စကားဖြင့် စိတ်ကြိုက် အပေါ်စီးယူထားပေသည်။
အပစ်ရပ်နယ်မြေတွင်း သွားလာလှုပ်ရှားရေးနှင့် ပတ်သက်ပြီး “တပ်မတော်ကွပ်ကဲမှုအောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များ”ဟု ဆို သဖြင့် စစ်တပ်လက်အောက်တွင် ထိန်းချုပ်ထားသည့် (BGF)များ၊ ပြည်သူ့စစ်များ၏လှုပ်ရှားမှုပါ အကြုံးဝင်စေရန် ဖော်ပြထား သည်။ “အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ကပင် တာဝန်ယူဆောင်ရွက်ရမည်”ဟု ဖော်ပြထားပေ သည်။
အခန်း ၃တွင် “အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ တာဝန်များ” ဟူ၍ အချက် (၉)ချက် ဖော်ပြထားပြီး ၎င်းမှာ ဤ“သဘောတူညီချက်စာချုပ်”၏ အဓိကအချက်ပင်ဖြစ်သည်။ ဤအခန်း (၃)ပါအချက်များ၏ အဓိက အနှစ်သာရမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို အကြွင်းမဲ့နှင့် ဘက်ပေါင်းစုံချုပ်ကိုင်ထားရေး ဖြစ်သည်။
ဤအချက်များမှာ ယခင်က ပြောနေကြသည့် ကာ/ချုပ် ၏ “မူသစ် ၆ချက်” ဆိုသည်ကို အသေးစိတ် အကွက်ချပြီး ပြန်လည် ရေးထားခြင်းသာဖြစ်သည်။
ပါဝင်သည့်အချက်များမှာ “တပ်စခန်းအသစ် မဆောက်ရ၊ တပ်သားသစ် မစုဆောင်းရ၊ လက်နက်ခဲယမ်း ထုတ်လုပ်ခြင်း၊ ရောင်း ဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် စုဆောင်းခြင်း မပြုလုပ်ရ၊ အခွန်ကောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း မပြုရ၊ တပ်အင်အားနှင့် လက်နက်ခဲယမ်းဖွဲ့စည်းပုံ ပေးအပ်ရမည်၊ တိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းမပြုရ” စသည်တို့ ဖြစ်သည်။
အခန်း ၄တွင် “နိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတို့ နှစ်ဖက်လိုက်နာရမည့် တာဝန်များ” ဟူ၍ (၁၂)ချက် ဖော်ပြထားသည်။ ထိုအချက်များအနက် (ဃ)နှင့် (စ)တို့မှာ အခရာကျလှပေသည်။
အချက်(ဃ)မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာ ရန်”ဟူ၍ ဖြစ်သည်။ ဤအချက်မှာ “၂၀၀၈အခြေခံဥပဒေ” ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က မှ စ အထိ) ပြဋ္ဌာန်းထားချက်အားလုံးကို ရည် ညွန်းခြင်းပင် ဖြစ်သည်။ ထို့အပြင် “၂၀၀၈ အခြေခံဥပဒေ” အောက် အတင်းဆွဲသွင်းခြင်းလည်း ဖြစ်သည်။
အချက် (စ)မှာ “ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်စေသည့် အပြုအမူ၊ အပြောအဆို၊ သတင်းဖြန့်ချိမှု အလားတူ သက်ရောက်မှုရှိသော အခြားမည်သည့်ဆောင်ရွက်မှုကိုမျှ ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပတွင်သော်လည်းကောင်း မပြုလုပ်ရန်” ဟူ၍ဖြစ်သည်။ အထက်က အခန်း ၃တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ခြေလက်နှင့်တူသော တပ်လှုပ်ရှားမှုကို ချည်နှောင်ချုပ်ကိုင်ပြီးနောက် ဤ (စ)အချက်မှာ “ပါးစပ်ကို ပိတ်ခြင်း” ဖြစ်သည်။
အခန်း ၈တွင် “အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ”၏ လုပ်ငန်းတာဝန်ဆိုသည်မှာကို ဖော်ပြထားသည်။ ဤကော်မတီသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့၏ လက်အောက်ခံ ကော်မတီငယ်တစ်ခုမျှသာ ဖြစ်သည်။
အခန်း ၁၂ “အထွေထွေ” ၌ “ဤသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည့်အချိန်မှစ၍ မတရားသင်း အက်ဥပဒေ အရ အရေးယူခံထားရသူများအပေါ် ဖြေလျှော့ပေးရေးဆောင်ရွက်ပေးရန် သဘောတူညီသည်” ဟု ဖော်ပြထားသည်။ သူတို့ဆင် ထားသည့်ဂွင်ထဲ ပိုင်ပိုင်နိုင်နိုင် ဝင်သွားပြီးမှသာ “ဖြေလျှော့ရေး ဆောင်ရွက်ပေးရန် သဘောတူညီသည်”ဟု ရေးထားပါသည်။ အကန့်အသတ်ဖြင့် အခြေအနေကြည့်ပြီး လုပ်ဆောင်ပေးမည် ဆိုသည့်သဘောပင် ဖြစ်သည်။ တောင်းဆိုနေကြသည့် “အထွေ ထွေလွတ်ငြိမ်းချမ်းသာခွင့်” ဆိုသည်ကို စကားထဲပင် ထည့်မပြောချေ။ “လက်မှတ်ထိုးဖို့အတွက် KNU က ရှေ့ဆုံးကပါ”ဟု အာ ဘောင်အာရင်းသန်သန် ပြောနေသူသည် ဤစာချုပ်ပါ အချက်အလက်များကို အသေအချာဖတ်ကြည့်ပြီးနောက် ကိုယ့်စကားကို ပြန်လည်သုံးသပ်သင့်သည်။ မဟုတ်လျှင် ထောင်ချောက်ထဲသို့ တက်တက်ကြွကြွ ပထမဆုံးဝင်သွားသူအဖြစ် မှတ်တမ်းတင်ခြင်း ခံရပေလိမ့်မည်။
အထက်ပါ တင်ပြချက်များအရ ခြုံငုံသုံးသပ်လိုက်လျှင် “တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူညီချက်စာချုပ်” ဆိုသည်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အားလုံး အကြွင်းမဲ့လက်နက်ချရေးနှင့် ၂၀၀၈အခြေခံ ဥပဒေဘောင်ထဲဝင်ရေးအတွက် (ကာလုံ၊ စစ်တပ်၊ လွှတ်တော်၊ ကြံ့ဖွံ့အစိုးရ) တို့က “နိုင်ငံတော်” ဟူသောအမည်ဖြင့် အကွက် ချ စီမံရေးဆွဲထားသည့် လုပ်ငန်းစဉ်တစ်ရပ်သာ ဖြစ်သည်။
သို့ဖြင့် သမ္မတဦးသိန်းစိန်၊ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကများဖြစ်သည့် ဦးရွှေမန်း၊ ဦးခင်အောင်မြင့်တို့ ၏ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများအပေါ် ထားရှိသည့်သဘောထားမှာ တစ်ကျိတ်တည်း တစ်ဥာဏ်တည်း၊ တစ် သဘောတည်းသာဖြစ်ကြောင်း ရှင်းလင်းသွားပေပြီ။
Sunday, November 10, 2013
Difference Rural Honey and City Honey 11/1/2013
တောထဲက ကရင်ရောင်းတဲ့ပျားရည်နဲ့ မြို့ပေါ်က ဗမာရောင်းတဲ့ပျားရည်
တောထဲက ကရင်ရောင်းတဲ့ပျားရည် နဲ့
 မြို့ပေါ်က ဗမာရောင်းတဲ့ပျားရည်
November 10, 2013
Sunday
By မင်းစိုးစံ
ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း က
“တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ရန်အတွက် ဆုံးဖြတ်ချက်ချပြီးဖြစ်ခြင်း
ကြောင့် နိုင်ငံတော်ကို ကိုယ်စားပြုသည့်တပ်မတော်အပေါ်သံသယရှိရန် မလိုအပ်ကြောင်း
ရှင်းပြသွားခဲ့သည်။ ဆိုပြီးတော့ www.hotnewsweekly.com မှာ ရေးသားထားတာကိုတွေ့ရပါတယ်။
ဒါဆိုလျင် တပ်မတော်အပေါ်မှာ သံသယမရှိအောင် ဘာတွေလက်တွေ့လုပ်ပြနေသလဲဆိုတာ ကြည့်ကြပါစို့။
ပြောတာတော့ ဘယ်သူမဆိုပြောတတ်တာပေါ့ဗျာ။ အပြောနဲ့အလုပ် ညီဘို့တော့လိုတာပေါ့။ ဗမာအစိုးရဆိုတာက
တဲ့ ပေးပြီးသား ဂတိကို ဘယ်တော့မျှ မဖျက်ဘူးတဲ့။ မတည်တာပဲ ရှိမယ် ဆိုပဲ။
ယုံကြည်အားထားလောက်တဲ့ အပြုအမူလေးတွေကိုတောင် ဟန်ဆောင်လုပ်ပြဘို့မစွမ်းနိုင်တော့တဲ့အထိ အကျင့်
သိက္ခာတွေ ခေါက်ရိုးကျိုးတယ်ပြောမလား။ ဒီလိုမဟုတ်လျင်လည်း အသက်ကြီးလာမှ လက်ပေးအသင်ခံရတဲ့ ခွေး
လိုဖြစ်နေလို့လားတော့ မသိဘူး။
မြန်မာအစိုးရ(ဗမာစစ်အစိုးရ) မဖြစ်မနေလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးတွေကို ဘေးဖယ်ထားပြီး ဒီကနေ့ ဖြစ်ပျက်နေ
တဲ့  သတင်းတိုလေးတွေကို ဘတ်ရှုလေ့လာကြည့်ကြပါစို့။
“အခုအစိုးရက နိုင်/ကျဉ်း လွှတ်တယ်ဆိုပေမဲ့ အပြစ်ဒဏ်အသစ်တွေချပြီး ထပ်ထည့်နေတာလည်း အဆက်မပြတ်
ဖြစ်နေတာ တွေ့ရတယ်။
ဒါ အဟောင်းပေး အသစ်ယူဆိုတဲ့ ရောင်းကုန်ပစ္စည်းဖလှယ်ရေး ပုံစံပဲ။
ကျွန်တော်တို့ အများအတွက် လုပ်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေက ရောင်းကုန်ပစ္စည်းမှမဟုတ်တာ။
အခုရရှိထားတဲ့စာရင်းအရ ပုဒ်မ၁၈နဲ့ ၆လထောင်ကျသွားတဲ့ ကိုထင်ကျော်အပြင် နောက်ထပ်အမှုပေါင်း၂၃၀ကျော်
ရှိသေးတယ်။
ပုဒ်မ ၁၈ က အများစုဖြစ်တယ်။
ဦးဝင်းချိုဆိုရင် အမှုပေါင်း ၂၀ ကျော်ရှိတယ်။
အချို့ ၅၀၅ (ခ) တွေလည်းပါတယ်။
နိုင်/ကျဉ်း သတ်မှတ်ချက်ကတော့ ပြောရခက်တယ်။
အရင်အစိုးရလက်ထက်က ပုဒ်မမျိုးစုံနဲ့ဖမ်းထားတာဆိုတော့ ပုဒ်မနဲ့ဆုံးဖြတ်လို့မရဘူး။
ဥပမာ ၅(ည)မှာတောင် စီးပွားရေးလုပ်တာကို ညစ်ပြီးတပ်တာမျိုး၊ တခြားပုဒ်မနဲ့ ချလိုက်ပေမဲ့ နိုင်ငံရေးလုပ်တာ
ဖြစ်နေတာမျိုး၊ ပြီးတော့ အီလက်ထရောနစ် အက်ဆိုရင် နိုင်ငံရေးပုဒ်မမဟုတ်ပေမဲ့ နိုင်ငံရေးသမားကို တပ်တယ်။
ဒါကြောင့် ကျွန်တော်တို့က ဖြစ်စဉ်ကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်”
ဟု ကိုရဲအောင်က ပြောကြားသည်။
www.hotnewsweekly.com က ကူးယူထားတာ ဖြစ်ပါတယ်။
တိုင်းပြည်ကို ဒီမိုကရေစီစနစ်ဘက် ဦးတည်အောင်လုပ်ဘို့ လုပ်နေကိုင်နေပုံ၊ ပြောပုံဆိုပုံလေးကလည်း အင်မတန်
ကို ယုံကြည်အားထားလောက်တဲ့ အနေအထားတရပ်ဖြစ်မဖြစ်ဆိုတာကို အောက်က သတင်းတိုလေးကို လေ့လာ
ကြည့်နိုင်ပါတယ်။
လျှပ်စစ်ဓါတ်အားခတွေကို တိုးကောက်တာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေဟာ ပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုမည်ဆိုလျင်  ရှိခိုးမည်
ဆိုတဲ့အကြောင်း People Power သတင်းစာကိုပောတဲ့အတွက် ကိုဇေယျာလင်း က ပြည်သူ့ရင်ပြင်မှာ မဲပုံးထောင်
ရဲသလား တဲ့။
“ကျွန်တော်တို့ ၆ ရက်နေ့ ညနေကဆန္ဒပြလိုက်နိုင်တဲ့အတွက် ပြည်သူ့အသံကို ဖော်ဆောင်ပေးလိုက်နိုင်ပြီးလို့ခံယူ
တယ်။
MDCF အဖွဲ့ဆိုတာ ၂၀၀၇ ခုနှစ်ကတည်းက ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုကစပြီး မနေ့တစ်နေ့ကအောင်မြင်
ခဲ့တဲ့ ငါးထောင်တန်ဖုန်းကမ်ပိန်းအထိ ပြည်သူကိုကိုယ်စားပြုပြီး အစဉ်တစ်စိုက်ရပ်တည်ခဲ့တယ်။
ဦးအောင်ခိုင်ကိုပြောလိုက်ပါ။
မတရား မြေသိမ်းခံမိကျောင်းကန်ပြည်သူတွေနဲ့ မရမ်းကုန်း ၆ရပ်ကွက်ပြည်သူတွေကို MDCF က ကိုယ်စားပြုထား
တာဟုတ်သလားလို့ မေးကြည့်လိုက်။
အခုတစ်ပြည်လုံးကိုကိုယ်စားပြုပြီး ဒီမီတာခလျှော့ချရေးကို ကျွန်တော်တို့ခေါင်းဆောင် ကိုထင်ကျော်မရှိပေမဲ့ ကျွန်
တော်တို့တွေ အဖမ်းခံပြီး အဆုံးတိုင်ဆက်လုပ်သွားမယ်လို့၊ ကျွန်တော်တို့လုပ်ရပ်ဟာ ပြည်သူကို ကိုယ်စားပြုမပြု
သိချင်ရင် ပြည်သူ့ရင်ပြင်မှာ မဲပုံးထောင်ရဲသလား လို့မေးလိုက်ချင်ပါတယ်” တဲ့ဗျား။
ဘယ်လိုတုန်း ဗမာစစ်အစိုးရ(မြန်မာအစိုးရ) မရဲဘူးမဟုတ်လား။
ခင်ဗျားတို့ စစ်အုပ်စုရဲ့အသိဉာဏ်က သတ်ဘို့ဖြတ်ဘို့ကလွဲပြီး ဘာမျှမလုပ်တတ်မကိုင်တတ်တော့ မဲပုံးဘာကြောင့်
ထောင်ရသလဲ ဆိုတာတောင် သိနိုင်ရှာမှာမဟုတ်ပါဘူး။
ကိုဇေယျာလင်း ပြောသွားတဲ့စကားကို www.hotnewsweekly.com က ကူးယူထားတာပါ။
ကျုပ်ကတော့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ကို လိုင်စင်ရ ဓါးပြဂိုဏ်းတဂိုဏ်းလို့ပဲ သတ်မှတ်ထားပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျုပ်တို့ကရင်နယ်မြေတွေကိုရောက်လာတဲ့ ဗမာစစ်သားတိုင်းလိုလိုဟာ ရွာတွေကို မီးတင်
ရှို့ပြီးမှ တပ်ပြန်ဆုတ်လေ့ရှိပါတယ်။
ရွာထဲဝင်ပြီဆိုတာနဲ့ သူခိုးဓါးပြတွေလို ဆဲရေးတိုင်းထွာရမှ နေသာထိုင်သာရှိတဲ့ ဗမာစစ်သားတွေပါ။
ပြီးတော့ မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ပစ်ခတ် ဘမ်းယူစားသောက်တတ်သလို စိုက်ထားတဲ့အသီးအနှံကျ
ပြန်တော့ အပင်ပါခုတ်ပစ်ရမှ ကြေနပ်ကြတဲ့ ဗမာ့တပ်မတော်သားတွေပါ။
ကရင်အမယ်အိုက သားရယ် မနက်ဖြန် ဘုန်းကြီးဆွမ်းကပ်ဘို့ အမေ့ကို သခွါးသီးလေးတလုံးလောက် ပြန်ပေးပါ
လားကွယ် လို့ သခွါးသီးတွေကိုခူးပြီး အပင်တွေအားလုံးကို ခုတ်ဖြတ်သွားတဲ့ ဗမာစစ်သားကိုတောင်းပန်တော့ ဘာ
ပြန်ပြောလဲသိလား ခင်ဗျားကြီးက သူပုန်တွေကိုကျွေးပြီး ကျုပ်တို့ကိုကျတော့ မကျွေးချင်ဘူးဆိုပါတော့။ ကဲကွာ။ ဆိုပြီး ရင်ဝကို ဆောင့်ကန်ပစ်လိုက်ပါတယ်။
အခုတော့ ငြိမ်းချမ်းရေးတွေ အပစ်အခတ်ရပ်စဲရေးတွေ ဆိုလားဘာလားတော့မသိဘူး၊ အဲဒီလိုသတင်းတွေ သိပ်မ
ကြားရတော့ပေမယ့် ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို အကျင့်ဆိုးတွေမဖျောက်နိုင်ကြတဲ့ ဗမာစစ်သားပီ
ပီ ဓါးပြတိုက်တာကို မစွန့်လွှတ်နိုင်ကြဘူးဆိုတာ အောက်ကသတင်းတိုလေးက ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။
သထုံအခြေစိုက် လေကြောင်းရန် ကာကွယ်ရေး (လကသ-၃၀၁၄) တပ်ရင်းမှ ဗိုလ်ကြီးအောင်ခန့်မင်း ဆိုသူသည်
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက် ကျေးရွာရှိ ဦးတင်မြင့် ရတနာရွှေဆိုင်ကို နိုဝင်ဘာလ ၆ရက်နေ့ ညနေ ၃နာရီ
မိနစ် ၃၀တွင် ဓားပြတိုက်ခဲ့ကြောင်း ဇင်းကျိုက်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အပြည့်အစုံ ဘတ်ချင်တယ်ဆိုလျင်ဖြင့်  ကရင်ဆိုက်တခုဖြစ်တဲ့ http://www.9dblood.com/2013/11/blog-post_8.html မှာ ဘတ်ရှုနိုင်ပါတယ်။
ဒါတင်လားဆိုတော့ မကပါဘူး။ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဆိုတာ မုဒိန်းသမားတွေပါ။ တိုင်းရင်းသားနယ်မြေ
တိုင်းမှာ မုဒိန်းကျင့် မခံရတဲ့ နယ်မြေဆိုတာ မရှိသလောက်ပါပဲ။ ဗမာစစ်အစိုးရ အဆက်ဆက်လုပ်နေတဲ့ စစ်ဆင်
ရေးတိုင်းလိုလိုမှာ အဓမ္မပြုကျင့်ခံရတဲ့ သတင်းဆိုတာ မကြားချင်အဆုံးပါ။
ကရင်ပြည်နယ်ကို စစ်ဆင်ရေးလုပ်တော့ လှည်း ဆိုလျင် ထင်း။ နွား ဆိုလျင် ဟင်း။ ယောက်ျား မသာ။ မိန်းမ ဖါ။
ဆိုတဲ့ စာတန်းကို သစ်ပင်ပေါ်မှာ အသေအခြာ ထွင်းပြီးရေးထားတာပါ။ အဲဒီဉာဏ်ဆိုး အကျင့်ဆိုးတွေက ဗမာစစ်
သားတွေမှာ (အထက်ကပြောခဲ့သလို) ခေါက်ရိုးကျိုးနေတဲ့ စိတ်နေသဘောထားဖြစ်တဲ့အကြောင်း ထင်ရှားတဲ့သာ
ဓက အနေနဲ့ အောက်က သတင်းတိုလေးကို ဘတ်ကြည့်လိုက်ပါ။
နိုဝင်ဘာ ၁၀ရက် နံနက် ၁၀း၃၀ခန့်က သပိတ်ကျင်းမြိ့နယ် ၇မိုင်၊ ချမ်းသာရွာတွင် အသက် တစ်နှစ်နှင့် ရှစ်လအ
ရွယ်ရှိမိန်းကလေးငယ်တစ်ဦးကို သိပ္ပံနှင့်နည်းပညာတပ်မှ ဒုတပ်ကြပ်အောင်မျိုးဦး ကိုယ်ပိုင်အမှတ် (တ/၂၄၇၄၉၅)
အသက် (၃၁)က မုဒိမ်းကျင့်ရန် ကြိုးစားနေသည်ကို မိခင်ဖြစ်သူမှတွေ့ရှိရသဖြင့် ရပ်ကွက်အကူအညီဖြင့် ၀ိုင်းဝန်း
ဖမ်းဆီးခဲ့မှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဘတ်ချင်တယ်ဆိုလျင်ဖြင့် http://www.9dblood.com/2013/11/blog-post_11.html အဲဒီမှာ အ
ပြည့်အစုံ ရေးသားတင်ပြထားပါတယ်။
တောထဲက ကရင်ရောင်းတဲ့ပျားရည်နဲ့ မြို့ပေါ်က ဗမာရောင်းတဲ့ပျားရည် မျိုးလို့ပြောချင်ပါတယ်။
တောထဲက ကရင်က ပျားရည်ကို ၀ါးကျည်တောက်နဲ့ ရောင်းတယ်။ မြို့ပေါ်က ဗမာက ပုလင်းနဲ့ရောင်းတယ်။
တောင်ပေါ်ကရင်က ဘာအပိုဆာလာမျှ မပြောဘူး။ ဗမာကျတော့ ပျားရည်စစ်စစ်ရမည် တဲ့။
ကဲ ဘာကွာလဲဆိုတာ သိကြမှာပါ။ ပျားရည်စစ်လျင် ဘာစာတန်းမျှ ရေးနေစရာမလိုပါဘူး။
ဒီလောက်ဆိုလျင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတယောက် နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တပ်မတော်အပေါ်
သံသယမရှိဘို့ ဘာကြောင့်ပြောလိုက်သလဲဆိုတာ အားလုံးသိနိုင်ပါတယ်။
ဒီလိုဒီလိုတွေနည်းနဲ့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်လာခဲ့ကြသူတွေပီပီ သူတို့မဖြစ်မနေလုပ်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးဆို
တာကို ခဏထားလို့ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တပ်မတော်လို့ ဆိုတဲ့အတွက် ကျုပ်တို့နိုင်ငံက ဘယ်လိုနိုင်ငံမျိုး လဲ ဆိုတာ အားလုံးအသိပါ။ အဲဒီနိုင်ငံကို ကိုယ်စားပြုတဲ့ တပ်မတော်ဆိုတာ ဘယ်လို သတ္တ၀ါမျိုးလဲ ဆိုတာကို
လည်း ပြည်သူတွေအသိဆုံးပါ။
ပြစ်မှုကျူးလွန်တဲ့ ဗမာစစ်သားကို ဘယ်လိုအရေးယူမလဲ ဆိုတာကို ခဏလောက်ဘေးချိတ်ထားပြီး မုဒိန်းမှုနဲ့ပတ်
သက်တဲ့ဥပဒေကို  ပြင်ဆင်ဘို့မပြောနဲ့ လွှတ်တော်ထဲမှာတောင် တင်ပြဆွေးနွေးဘို့မသင့်ဘူးဆိုပြီး ဆုံးဖြတ်လိုက်
တဲ့နောက်တော့ ကျုပ်တို့နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးဖြစ်သွားပြီလဲ ဆိုတာကို တွေးသာကြည့်ကြပါတော့ဗျာ။
အဲဒါနဲ့ တဆက်တည်း ဗမာစစ်အစိုးရ(မြန်မာအစိုးရ) မဖြစ်မနေဆောက်တည်မယ့် ငြိမ်းချမ်းရေးဆိုတာ ကလည်း။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Meeting with Dr Cithia at Yennora 09/11/2013
ီိMeeting with Dr Cithia at Yennora 09/11/2013
ဆဿ၈့ၯဆဿ၀ါဘဢ္သ၇ဢ္မုဢ္ ဒီးကထဿဢ္စ့ဢ္သံဢ္ယဢ္မီဢ္ဒီးသ၇ဢ္မုဢ္ကညီဖီလဿဟဲထံဢ္လိာ္သကိး
ပွၯဖဲတံတံဿ္ခႜံးစ့ဢ္အဟံဢ္န့ဢ္လိိီၯ။တဿ္ထံဢ္လိာ္အိဢ္သကိးတဘီ်အံၯပွၯဟဲထိီဢ္၀ဲဒဢ္ ၁၅ ၈ၯဒီးအိဢ္
ဒီးတဿ္သံကြဿ္သံဒိးလဿအမ့ဿ္တဿ္ဟဲဆူကီဿ္အီစၾထ့လ္ယဢ္လဿတဿ္ဒိးန့ဿ္ခိဢ္ဖးတကတီဿ္ဃီမ့ဿ္၀ဲ
တဿ္ထံဢ္လိာ္သံကြဿ္၀ဲတဿ္၈့ဿ္တဿ္က်ိၯတနီၯန့ဢ္လိီၯ
ပတံတံဿ္စူ ကတိၯအိးထီဢ္၀ဲတဿ္ထံဢ္လိာ္အိဢ္သကိးတဘ်ီအံၯအ၈့ဿ္
ဒီးကထဿဢ္စ့ဢ္သံဢ္ယဢ္ဒီးသ၇ဢ္မုဢ္ကညီဖီ ဖဲတဿ္ထံဢ္လိာ္သံကြဿ္အ၀ဲသ့ဢ္အခါ
ဖုလြ့ဢ္အူ ဖုအီဢ္သ့ကႜဲဢ္ ဖုကနဲမံဢ္ဒီးဖုကႜီဢ္၇ီး ဟဲထီဢ္တဿ္ထံဢ္လိာ္တဘိ်ီအံၯ
                               ပွၯဟံဲထီဢ္ဒိကနဢ္တဿ္ဒီးကတိၯသကိးတဿ္သ့ဢ္တဖဢ္ဖုအီဢ္လဲဒိဢ္ဒီးမးမိ
Worship in Church (Karen Baptist Church Sydney) 10/11/2013
Worship in Church (Karen Baptist Church Sydney) 10/11/2013
ဆဿ၈့ၯဆဿ၀ါဘဢ္ပွၯဘူဢ္သကိးဘါသကိးယြၯခဲလဿာ ္လဿယြၯအတဿ္ဆိဢ္၈့ၯအါကလီ၊ဘဢ္ပလိၯ
တုၯတဿ္လဿတဿ္ပွၯတစုန့ဢ္လိီၯ။တနံၯအံၯယြၯကလုဿ္ကထါမ့ဿ္တဿ္လဿတဿ္ပွၯဲခဲလဿာ္အသိးတဿ္
သူဢ္၀ံဢ္သးဆဿ။တဿ္ထုကဖဢ္။တဿ္ဖးယြၯကလုဿ္ကထါသ့ဢ္တဖဢ္မ့ဿ္တဿ္မံသူဢ္မံသးခဲလဿာ္လိိီၯ
မ္ယြၯအမံၯဘဢ္တဿ္စံးထီဢ္ပၾတဿၯအီၯအစိၯစိၯအဃဢ္ဃဢ္တက့ဿ္
 ဆဿ                          စီၯဒဲံနယဿဢ္သါညဢ္ မ့ဿ္ပွၯပဈဈ္လီဈ္ဆ့ဢ္နီၯလဿမုဿ္ထူဢ္တဿ္ဘါ
သ၇ဢ္ စီၯလီၯအဲဢ္သး ဟ့ဢ္တဿ္ကစီဢ္လဿ မုဿ္ထူဢ္တဿ္ဘါမုာ္ဒိဢ္မး
မွဿ္ ပွဲၯထူ တဿ္ထုကဖဢ္လဿပွၯဲလဿမုဿ္ထူဢ္တဿ္ဘါ
တဿ္အိဢ္ဖွိဢ္နဲဢ္၇ြဲဢ္ နီအဲဢ္ဆွံ ဘိးဘဢ္၇ၯလီၯတဿ္
က်ဲးစဿးက၇ဿခြါ့ယဿဢ္တဿ္ဒ့တဿ္သး၀ံဢ္
ဘါယြၯ၀ံၯပစးထီဢ္တလါတဘ်ီတဿ္အိဢ္ဖွိဢ္အီဢ္သကိးအီသကိးတဿ္
                                            တဿ္အိဢ္ဖွိဢ္တလါတဘ်ီဖဲသ၇ိာ္အပူၯကပၯ