Tuesday, July 30, 2013

Flooding in Thai Burma border. 30/7/13

ထံဒိဢ္လီၯလဿကညီကီဿ္စဲဢ္အပူၯလံ 
တဿ္ဘဢ္ယိာ္အလီဿ္ဒိဢ္မးလီၯ။အအံၯမ့ဿ္တဿ္ဟ့ဢ္ပလီဿ္တမံၯလဿကညီဖိလဿကညီကီဿ္စဲာ္သ့ဢ္တ
ဖဢ္အ၈ီဿ္လီၯ။လဿတဿ္န့ဢ္အဃိဘဢ္ထြဲဒီးထံတမဿဢ္လဿပယိီၯပဒိဢ္ဒီးထံ၈ုၯကီဿ္၈ၯသ့ဢ္တဖဢ္က
ဟဲမၯ၀ဲဒဢ္ထံတမဿဢ္န့ဢ္အလီဿ္အိဢ္လဿတဿ္ကဘဢ္ထီဒါအီၯသပွဿ္ကတဿဿ္န့ဢ္လီၯ။
မ့တမ့ဿ္ဘဢ္မႜိလဿကညီဖိလဿကညီကီဿ္စဲာ္အ၈ီဿ္ဒုတဿ္ဘဢ္ယိာ္အလီဿ္ဆူညါသပွဿ္ကတဿဿ္န့ဢ္ပ
သမဿအလီဿ္တအိဢ္ဘဢ္န့ဢ္လီၯ။


ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ရေကြီးမှု မြင်ကွင်း (ဓာတ်ပုံ – Nandakyawthu Soe / Facebook)

စးထီဢ္မဟါတနံၯန့ဢ္ခီဖိ်လဿတဿ္စူၯလီၯဒိဢ္ဒိဢ္အဃိထံထီဢ္တုၯဒဢ္လဲာ္တဿ္ပာ္ပနီဢ္အီၯအဖီခိဢ္
လံန့ဢ္လီၯ။ပွၯဘဢ္အိးထီဢ္၀ဲပွၯဘဢ္ကီဘဢ္ခဲအဒဲက၀ီၯ ၃၁ တီၯလံန့ဢ္လီၯ
 ၀့ဿ္ဒိီးဒူသ၀ီလဿဘဢ္ကြဿ္ဆဿဢ္မဲာ္၀ဲဒဢ္သ့ဢ္တဖဢ္မ့ဿ္၀ဲ ၀့ဿ္ဖဢ္အဢ္။၀့ဿ္လဲဘြဲ။ ၀့ဿ္ပဲာ္ကႜိၯ။၀့ဿ္ကႜဢ္
အ့ဆ့းကႜံ။၀့ဿ္ကႜိဢ္ဒိ ဒီး၀့ဿ္မႜး၀တံဢ္သ့ဢ္တဖဢ္န့ဢ္လီၯ။
ပွၯဘဢ္ကိီဘဢ္ခဲအိဢ္ထီဢ္၀ဲသတူဿ္ကလာ္ ၇၇၉၅ ၈ၯလဿတဿ္ကဲထီဢ္သးတဘ်ီအံၯအ၈ီဿ္န့ဢ္လီၯ။

ထိုင်း-မြန်မာနယ်စပ်မှာ ရေကြီးနေ


 Tuesday, July 30, 2013

စးထီဢ္မဟါတနံၯထံဒိဢ္လီၯတဘ်ီဃီစးထီဢ္လဿ ၂၈/၇/၁၃ အနံၯန့ဢ္ဘဢ္ဒိတုၯလဿကီဿ္ကႜီဢ္တဲာ္
မဲဆီးတကပၯအဃိပွၯဘဢ္ဟးလဿခ်ံအါမးန့ဢ္လီၯ
 
ပတ်ဝန်းကျင် ကျေးရွာများ အသွားအလာ အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး လှေများ ဖြင့်သာ သွားလာ ခဲ့ကြရသည်။






Monday, July 29, 2013

02_KNU HQ message to the public July 29/07/2013

နှိပ်စက်မှုကြောင့် ဘ၀ပျက်ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တဦးအကြောင်း

စောကျော်မျိုးမြင့် ထောင်မှလွတ်လာစဉ် စောကျော်မျိုးမြင့် ထောင်မှလွတ်လာစဉ် (ဓါတ်ပုံ - DVB)
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အရ နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို အစိုးရက ယမာန်နေ့ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေး ခဲ့ပါသည်။ ဤစာရင်းထဲတွင် နိုင်ငံရေး အကျဉ်းသား ကွန်ယက် စာရင်း များအရ နိုင်ငံရေးကျဉ်းသား ၆၈ ဦးသာ ပါဝင် သည်ဟု ဆိုပါသည်။ 
အကျဉ်းထောင် ထဲ နိုင်ငံရေး အကျဉ်းသား ၂ဝဝ နီးပါး ရှိသည့် အထဲတွင် ၆၈ ဦးကို သမ္မတမှ လွတ်ငြိမ်းချမ်း သာခွင့် ပေးလိုက်ခြင်း ဖြစ်ပါသည်။ ဤသည် သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ် အတွင်း နိုင်ငံတကာ အဖွဲ့အစည်း များ၏ တောင်းဆိုချက် အရ လိုက်လျှော ခဲ့ခြင်း ဖြစ်ဖွယ် ရှိပါသည်။
လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားထဲမှ မော်လမြိုင် အကျဉ်းထောင်မှ လွတ်လာခဲ့သူ ကရင် အမျိုးသား စောကျော် မျိုးမြင့်လည်း တဦး အပါအ၀င် ဖြစ်ပါသည်။ သူသည် လွတ်လွတ်ချင်း စစ်ကျောရေးမှာ ခါးရိုးဆစ်ထိ သွားတဲ့ အတွက် အရင်ဦးဆုံး ဆေးကုမယ်။ ပြီးရင် ကျနော်က ကရင် အမျိုးသား တယောက် ဖြစ်တယ်။ ဒါကြောင့် ကရင် ခေါင်းဆောင် စောဘဦးကြီးရဲ့ မူ ချက် အတိုင်း ဆက်လက် ကျင့်သုံး သွားပြီး အနာဂတ်မှာ KNU နှင့် အတူ လက်တွဲ လုပ်ဆောင် သွားမည်ဟု ဆိုပါသည်။




စောကျော်မျိုးမြင့်သည်၂၀၀၇ ခုနှစ်မတ်လတွင် ကရင်ပြည်နယ် နယ်စပ် တနေရာတွင် ဖမ်း ခံခဲ့ရပြီး နယ်စပ် ဖြတ်ကျော်မှု၊ မတရား အသင်းနှင့် သူပုန် ဆက်သွယ်မှု ပုဒ်မ ၁၇/အပါအ၀င်  နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ () ဖြင့် အရေး ယူခံ ခဲ့ရပြီး ထောင်ဒဏ် (၁၃) နှစ် ချမှတ် ခံခဲ့ရခြင်း ဖြစ်ပါသည်။
စစ်ကြောရေး ကာလညှင်းပမ်း နှိပ်စက်ခံ ရမှုကြောင့် ပုံမြင်ရသလို ခါးရိုးဆစ် ထိခိုက် သွားသဖြင့် လမ်းလျှောက် မရတော့ဘဲ၊ လှည်းဖြင့် သွားလာ နေရပါသည်။ ၄င်းအားပေးသော ပြစ်မှုသည် ဖြစ်စဉ်နှင့် လွဲနေပြီး၊ စွပ်စွဲချက် များသည် မဟုတ်မ မှန်ဟု ဆိုပါသည်။ သို့သော် နှိပ်စက် မှုကြောင့် ၀န်ခံ ခဲ့ရသည့် အဖြစ်မျိုး ဘ၀ ပျက်သည် အထိ ခံခဲ့ရရှာပါသည်။
ထို့အပြင် ထောင်သွင်းနေစဉ် ကာလများလည်း ရင်နင့်ဖွယ်ရာ အဖြစ်အပျက်များ တွေ့မြင်ခဲ့ရကြောင်း၊ ဘ၀မှာလည်း ပျော် နိုင်ဖွယ်ရာ မရှိတော့ကြောင်း ပြောပါသည်။  ထောင်ထဲသို့ ဘ၀တူ အပြစ်မဲ့သည့် အကျဉ်းသား များလည်း တွေ့ခဲ့ရပါကြောင်း။ ထောင်ထဲတွင် အပြစ်မရှိပဲ အဖမ်းခံရသည့် လုပ်ဖော်ကိုင်ဖက် ရဲဘော် ဦး ကျန်ရှိ နေသေးသည်ကို ၀မ်းနည်းကြောင်း စောကျော်မျိုးမြင့်က ဆိုပါသည်။
အဖြစ်အပျက် များသည် ကံတရားအရ ဖြစ်လာခဲ့ခြင်း ဖြစ်သည်ဟု ပုံအပ်ပြီး မည်သူ့ကိုမျှ အပြစ်ပြောလိုမှု မရှိတော့ကြောင်း ဆိုသွားပါသည်။ ကွဲကွာ သွားသော မိသားစုများ မည်သည့် နေရာ၌ ရောက်ရှိနေသည်ကို မသိရသဖြင့် လိုက်ရှာ ရဦးမည် ဖြစ်ကြောင်း။
ကိုယ်ကာယျ အားဖြင့် မသန် မစွမ်းတော့သည့် ဘ၀မို့ မိသားစုမှ မည်သို့ သဘောထား သည်ကို မသိရှိရသေးကြောင်း။ လုပ်ဖော် ကိုင်ဖက်မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ အကူအညီဖြင့် မိသားစုနှင့် ဆက်သွယ်မည်ဟု ဆိုပါသည်။ အဖမ်း ခံရပြီး ထောင်ထဲတွင် ရှိနေခဲ့သည့် အချိန် တစ်လျှောက်လုံးတွင် မိသားစုမှ လာရောက် ဆက်သွယ်ခြင်း မရှိခဲ့သဖြင့် စိုးရိမ်မိခဲ့ ကြောင်း စောကျော်မျိုးမြင့်က ဆိုပါသည်။
ထောင်တွင်း အနိဌာရုံ များသည် တရားမှု ၊ မတရား မှုများဖြင့် ရှိနေသော်လည်း အရာရာသည် လာပ်ပေး လာပ်ယူများဖြင့် သာ လွှမ်းမိုးနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများ အတွက် ဤစနစ်မျိုး ပံ့ပျောက် သင့်ပြီးဟု ခံစား လာရပါသည်။ ယနေ့ အချိန် ကာလသည်လည်း ခေတ်ပြောင်း စနစ်ပြောင်းနေချိန် ရောက်ရှိနေသည့် အခါသမယတွင် စိတ်ကောင်း စေတနာ ကောင်းများဖြင့် နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ကြပါရန်  လေးစားစွာ ပန်ကြား အပ်ပါသည်။
စောကျော်မျိုးမြင့်သည် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် ဇာတိဖြစ်ပြီး အသက် (၄၃) နှစ် ရှိပြီး ထောင်မှ လွတ်လာသည်နှင့် သူသည်၊
ဘာသာရေး အရ၊ လူမျိုးရေး အရ ထောင်က ထွက်လာတာ ဆိုတော့ ပျော်တယ်ပေါ့။ ဒါပေမယ့်လည်း ကျန်ရှိ နေသေးတဲ့ အညတရ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ၀မ်းနည်း မိပါတယ်

Thursday, July 25, 2013

Ba O Gyi's history 26/07/2013


စောဘဦးကြီး၏ ကိုယ်ရေးရာဇ၀င်၊ နိုင်ငံရေးဖြတ်သန်းမှုနှင့် အမျိုးသားရေးလှုပ်ရှားမှုပုံရိပ်များ(စာအုပ်)

ဒီစာအုပ်မှာ စောဘဦးကြီးကိုယ်ရေးရာဇ၀င်၊ နိုင်ငံရေးဖြတ်သန်းမှုနှင့် အမျိုးသားရေးလှုပ်ရှားမှုပုံရိပ်တွေကို စုံစုံလင်လင် ဖတ်ရမှာ ဖြစ်ပါတယ်။
  SAW BA U GYI-BIO

KNU President letter to Aung Min 26/07/2013

မူတူးကြမ္မာ-မူတူးဖန်တီးနေခြင်း





ပထမဆုံးပြောချင်တာက KNU ဥက္ကဌ မူတူးမှ USDP ဝန်ကြီး အောင်မင်းဆီရေးတဲ့ ၂၀-၇-၁၃ နေ့စွဲပါစာဟာ အဖွဲ့အစည်းထဲမှာ တာဝန်ရှိတဲ့ ဗဟိုလူကြီးတွေ၊ ကြီးငါးကြီးသော်လည်းကောင်း၊CEC သော်လည်းကောင်း၊ ဗဟိုကော်မတီသော်လည်းကောင်း၊မသိ ရဘဲ တဦးတည်းသဘောနဲ့ ဆုံးဖြတ်ထုတ်ပြန်တဲ့စာ ဖြစ်နေတယ်။ ဒါကြောင့် ဒီစာဟာ KNU အဖွဲ့အစည်းကိုလည်း ကိုယ်စားမပြု၊ ကရင်တမျိုးသားလုံးကိုလည်း ဘယ်လိုမှကိုယ်စား မပြုပါဘူး။ အခုခရီးစဉ်ဟာ မူတူးနဲ့တကွ သွားရောက်သူ ၅ ဦးနဲ့ဘဲ ဆိုင်ပြီး KNU အဖွဲ့အစည်းနဲ့ လုံးဝမသက်ဆိုင်ပါဘူး။

ဒုတိယအချက်က စာမှာရေးထားတဲ့ 'ဝန်ကြီးနှင့်ကျနော်' 'သံဓိဋ္ဌာန်ချထားခဲ့ကြသည်နှင့်အညီ' ဆိုတာ ဘာတွေ နှစ်ယောက်ထဲ ကြိတ်ကြံထားတာလဲ။ အဖွဲ့အစည်းကို ပြန်အစီရင်မခံ သတင်းမပို့ဘဲ ချမပြဘဲ ဘယ်လိုလည်ပင်းဖက်ပြီး ဘာတွေကြိတ်ပြီး သံဓိဋ္ဌာန် ချခဲ့တာလဲ။

ဥက္ကဌတယောက်လုံးလုပ်ပြီး အဖွဲ့အစည်းမသိအောင် ရန်သူနဲ့ ဘယ်လိုအကွက်တွေ ရိုက်ခဲ့တာလဲ။
တတိယအချက်က ဥက္ကဌရုံးအဖွဲ့ဆိုတာ ဘာသဘောလဲ။ ဥက္ကဌကြီး စောဘဦးကြီး၊ မန်းဘဇံ၊ စောဘိုမြတို့တောင် ဥက္ကဌရုံး ဆိုတာ မထားခဲ့ဘဲ KNU ဗဟိုရုံး၊ KNU GOC ရုံးတို့ဘဲထားခဲ့တာ အခုတော့ ဗဟိုကိုကွက်ကျော်ရိုက်ဖို့ ဥက္ကဌရုံး တို့၊ ဥက္ကဌ၏ စစ်ရေး နိုင်ငံရေးအတိုင်ပင်ခံတို့ လုပ်နေတာလား။

စတုတ္ထအချက်က ရုံးစာအမှတ်က ငြိမ်းချမ်းရေး-၁/၁ ဆိုတာ KNU ဗဟိုရုံးမှာမရှိတဲ့ စာအမှတ်ဖြစ်နေတယ်။ အခုမှ အသစ်စက်စက် ခါတော်မီဖန်တီးလိုက်တဲ့ ရုံးစာဖြစ်နေတယ်လေ။ ဒီလိုမျိုး ရုံးလုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်ဘဲ ကိုယ်တပ်ချင်တဲ့ခေါင်းစဉ်နဲ့ ကိုယ့် ဖာသာကိုယ် စာအမှတ်တပ်လို့ရသလား။ ငြိမ်းချမ်းရေးလုပ်ခဲ့တာ တနှစ်ကျော်ပြီ၊ အခုမှ စာအမှတ် ၁/၁ နဲ့ စာထုတ်တယ်ဆိုတော့ KNU ရဲ့ ငြိမ်းချမ်းရေးမူတွေ ရပ်တည်ချက်တွေကို ပြောင်းလဲပစ်လိုက်တာလား။

လှိုင်းဘွဲက ကရင်နှစ်သစ်ကူးပွဲမှာ အဖွဲ့အစည်းဥက္ကဌ တယောက်လုံး လုပ်နေပြီး အဖွဲ့ အစည်းမပါလဲ ငြိမ်းချမ်းရေးလုပ်မယ်လို့ ပြောတဲ့သဘောက အဖွဲ့အစည်းကိုသစ္စာဖောက်ပြီး ရန်သူနဲ့ပေါင်းတော့မယ်ဆိုတဲ့ အဓိပ္ပာယ် ရောက်နေတယ်။ ဒါကိုရှင်းဖို့လိုတယ်။ ဗိုလ်ချုပ်မြတောင် EC ရဲ့ဆုံးဖြတ်ချက်၊ CC ရဲ့ဆုံးဖြတ်ချက်၊ ကွန်ဂရက်ဆုံးဖြတ်ချက်တွေကို ဘယ်တော့မှ ကျော်မလုပ်ခဲ့ဘူး။

ဥက္ကဌမူတူးဟာ ဒီပုံစံအတိုင်းဆက်သွားနေရင်တော့ ၁၉၆၃ ခုနှစ်တုံးက အမျိုးသားသစ္စာဖောက် ကော့ကဆာဟန်တာသာမွှေး လမ်းကြောင်းကိုဘဲရောက်မှာ သေချာနေပြီ။ ကရင်လူထုကတော့ စောဘဦးကြီးမူ ၄ ချက်အတိုင်း ကရင့်ကံကြမ္မာ-ကရင်ဖန်တီးရေးကို ဆက်လက်ရပ်တည်မှာဖြစ်တယ်။ ကရင့်ကြမ္မာကို မူတူးနဲ့ လူတစုကဖန်တီးတာ မခံဘူး။ ကရင်တမျိုးသားလုံးရဲ့ကြမ္မာကို မူတူးသဘောတခုတည်းနဲ့ ဖန်တီးလို့ မရဘူး။ ဒါကြောင့် အခုလိုအရေးကြီးလှတဲ့ ကရင့်ကြမ္မာဖန်တီးရေးအတွက် အရေးပေါ်ကွန်ဂရက် ခေါ်ဆိုသင့်တယ်။

_________________________________________
စောအယ်ကလူ (25-7-2013)
(စောဘဦးကြီး မူလေးချက် လေ့လာစောင့်ကြည့်ရေးဌာန)

KNDO Leader Saw Ner Dah Interview



သုးခိဢ္နဿၯဒါတဿ္ကတိၯလဿခ့ဢ္အဲန္ဒံဢ္အိဢ္အမုဿ္နံၯတဿ္သံကြဿ္သံဒိးတဖဢ္
ဘဢ္တဿ္သံကြဿ္အီၯလဿပွၯဟံးတဿ္ကစီဢ္တ၈ၯကနဢ္ကြဿ္ထံဢ္

စပိန် ရထား လမ်းချော် ၅၆ ဦးသေ ၈၀ ကျော် ဒဏ်ရာ ရ



စပိန် နိုင်ငံ အနောက် မြောက် ပိုင်း က ဂါလီဆီယာ ခရိုင် ဆန်တီယာဂို မြို့  မှာ
ရထား လမ်းချော် မှု ဖြစ် ခဲ့ တာ ကြောင့် ၅၆ ဦးသေဆုံး ပြီး လွန် ခဲ့ တဲ့ မိနစ်ပိုင်း လောက် က နောက် ဆုံး ရ ခဲ့ တဲ့ သတင်း မှာတော့ ၃၀၀ ကျော် သေဆုံး ခဲ့ ပါတယ်။

ဗုဒ္ဓဟူးနေ့  ည နေ ပိုင်း မှာ ဆန်တီယာဂို မြို့  ကို အသွား မှာ ရထား လမ်းချော် ပြီး တိမ်းမှောက် ခဲ့ တာ ဖြစ် ပါတယ်။

၂၀၀၄ ခုနှစ် က စပိန် ဘူတာ ရုံ တစ်ခု ကို အကြမ်းဖက် သမား တွေ က တိုက်ခိုက် ခဲ့ ပေမယ့် ဒီနေ့  လမ်းချော် မှု က တော့ အကြမ်းဖက်သမား တွေ လက် ချက် မဟုတ် ဘူး လို့  စပိန် အစိုးရ က ပြော ပါတယ်။

ပြီးခဲ့ တဲ့ သီတင်း ပတ် တွေ က ကနေဒါ မှာ ရေနံတင် ရထား
လမ်းချော် လို့  လူ သေဆုံး မှု ဖြစ် ပွား ခဲ့ ပြီး မှာ အဆိုးရွား ဆုံး
ရထား မတော် တစ်ဆ မှု ဥရော ပ မှာ ဖြစ် ပွားခဲ့ တာ ဖြစ် ပါတယ်။












Tuesday, July 23, 2013

Geneva call of KNU 21/07/2013


Geneva call of KNU




မလေးရှားရောက် ENO ဥက္ကဌ စောကနဲ မီနှင့်လက်ရှိ နိုင်ငံရေးတွေ့ဆုံမေးမြန်းခန်း.


Monday, July 22, 2013

Uncle K Nai Mee celebration birthday 22/7/2013

ဖထီးကနဲမီမွေးနေ့ပွဲမှ ဓါတ်ပုံများ

ဒီကနေ့၂၁-၀၇-၂၀၁၃မှာကျရောက်တဲ့ အတီးကနဲမီရဲ့ မွေးနေ့ပွဲကို MKO ရုံးမှာကျင်းပခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင် အသီးသီးမှလည်း တက်ရောက်အားပေးကြတာကို တွေ့ရပါတယ်။








ကီဿ္ကႜိီဢ္တဲာ္န့ဢ္
တဿ္၈ီၯအံၯမ့ဿ္၀ဲတံကနဲမ့ဢ္အနံၯအိဢ္ဖ်ဲဢ္ဆဿက့ၯပွဲၯထီဢ္လဿမဟါတနံၯဒီးတဿ္မၯလၯကပီၯအီၯဖဲကီဿ္မလ့၇ွါအပူၯ
န့ဢ္လီၯတဿ္ကြဲူးအီၯလဿပယိီၯက်ိာ္န့ဢ္လီၯ
အ၀ဲပွဲၯထီဢ္၀ဲဒဢ္ ၇၁ နံဢ္လံန့ဢ္လီီီၯ။မ္ယြၯဆိဢ္၈့ၯဘဢ္နၯလဿလဿပွဲၯပွဲၯတက့ဿ္တဿ္ဘ်ဴးဒိဢ္မးလီၯ