Wednesday, January 29, 2014

Yel Min Oo and Naw May Thu Thu Zaw from burma 30/01/2014

ဆေးကျောင်းသူ နော်မေသူသူဇော် သေဆုံးမှု နောက်ဆက်တွဲ သတင်းများ

မတရားတာတွေကို လက်ပိုက်ကြည့်မနေတတ်တာ ကျနော်တို့ သောသီခို့ အဖွဲ့ သားများရဲ့ DNA ပဲ...သို့ ဖြစ်ပါ၍ လူယုတ်မာနှင့်  မတရားသောစီရင်မှုများ အများပြည်သူရှေ့ မှောက်ရောက်အောင် သတင်းများကို လက်လှမ်းမှီသ၍ ဆက်လက်တင်ပေးပါအုံးမည်။
အောက်ပါသတင်းအတိုအစများသည် ဖေ့ဘွတ်စာမျက်နှာတွင် ပလူပျံနေသောအကြောင်းအရာများဖြစ်သည်။ သက်ဆိုင်ရာလင့်များကို သွားပြီးဖတ်လျှင် ဖြစ်ပျက်ပုံဇာတ်လမ်းကို ခြုံငုံသုံးသပ်နိုင်ကြမည်ဖြစ်သည်။
xxxxxxxxxxxxx

ရဲမင်းဦးပုံ











မေသူသူဇော် အသတ်ခံရပြီးနောက် ဆေးကျောင်းသား ရဲမင်းဦးမှ မေသူသူဇော်နဲ့ ကာမဆက်ဆံဖူးခြင်း မရှိဟု သက်သေထွက်ဆိုခဲ့သည်။ မှုခင်းဆရာဝန် ဒေါက်တာ ရဲဝင်း၏ ဆေးလက်မှတ်တွင် သေဆုံးသူသည် သေဆုံးပြီးနောက် အပျိုရေ မပျက်ဟု လက်မှတ်ထုတ်ပေးခဲ့ပါသည်။ သို့သော် ရဲမင်းဦး နဲ့ မေသူသူဇော် တို့ရဲ့ ဖုန်းမေ့ဆက့်တွင် ရဲမင်းဦးမှ တားဆေးသောက်ခိုင်းနေတာကို မေသူသူဇော်မှ ငြင်းဆန်လာသည်ကို သက်သေအဖြစ် အခုထိ ဖုန်းနဲ့ ဂျီထော့ ထဲတွင် ရှိနေသေးသည်။ ရဲမင်းဦး၏ ဖခင် နဲ့ မှုခင်းဆရာဝန် ဒေါက်တာ ရဲဝင်းတို့သည် မိတ်ဆွေများ ဖြစ်ကြသည်ဟု သိရပါသည်။ အခုသူ့ Facebook အကောင့်မှာလဲ သူ့ဓာတ်ပုံတွေအားလုံးကို ဖြုတ်ထားပါတယ် More Photos >> www.myanmarcelebritiesnews.com 


<< ကျော်ကြားသူများရဲ့အတွင်းရေး Yesterday လူယုတ်မာ တစ်ယောက်ကြောင့် အကြွေစောခဲ့ ရသည့်  ဆေးကျောင်းသူ လေးတစ်ယောက် ရဲ့ အမှန်တရားတစ်ခုအတွက် Share လုပ်ပေးကြစေလိုပါတယ် သူ့ အတွက်အမှန်တရားတစ်ခုကိုဝိုင်းဝန်းရှာဖွေ ပေးကြပါ...။ ဒီဖြစ်စဉ်မှာ ကောင်မလေးက သူ့ ကိုယ်သူ သေကြောင်းကြံစည်ခဲ့ တယ်ဆိုပြီး သာမန်ရေနစ်သေဆုံးမှု တစ်ခုအဖြစ်သတ်မှတ်ခဲ့ သလို လူသတ်သမား ဟု သံယသရှိသူကိုပါ ကွင်းလုံးကျွတ်လွှတ်ပေးခဲ့ ပါတယ် ဒီဖြစ်စဉ်ကိုသေချာလေ့ လာ ကြည့် ရင် သံသယဖြစ်စရာတွေ ဟာကွက်တွေ တရားရေးမဏ္ဍိုင်မှ မှားယွင်းစွာ စီရင်ဆုံးဖြတ်ခဲ့ တာတွေကိုလေ့ လာတွေ့ ရှိရမှာပါ ဒီတော့ ကျွန်တော် တို့  အားလုံး တတ်နိုင်တဲ့ ဘက်ကနေ အမှန်တစ်ရား တစ်ခုအတွက် အချိန်မတိုင်ခင် လူလောကကြီး ကို နှုတ်ဆက်ထွက်ခွာသွားခဲ့ ရသူဆေးကျောင်းသူလေးအတွက် အမှန်တရားတစ်ခုကို ၀ိုင်းဝန်းဖော်ထုတ်လိုက်ကြရအောင်လားဗျာ...။ 

 (Photo ကတော့  ဆေးဆုံးသူကောင်မလေးရဲ့ ရည်းစားဖြစ်သူ လူသတ်သမားဟု သံသယရှိသူ ဆေးကျောင်းသား ဆေး-၁ က ရဲမင်းဦး ဆိုသူပဲဖြစ်ပါတယ်) ရဲမင်းဦး ရဲ့  Facebook လိပ်စာကတော့  ( https://www.facebook.com/yair.yair.31945 ) ပဲဖြစ်ပါတယ် ။ ဒါကတော့ ဒုတိယမြောက်လူသိရှင်ကြားဖော်ထုတ်တဲ့ နောက်ထပ် ဆေးကျောင်းသား လူယုတ်မာ ရဲမင်းဦးပါ http://www.news-myanmar.com/2014/01/blog-post_9247.htmlဆေး-၁ မှဆေးကျောင်းသားလူယုတ်မာအကြောင်းများ (သေဆုံးသူကောင်မလေးရဲ့ ဝမ်းကွဲညီအစ်မတစ်ယောက်ရဲ့ ခံစားချက်များ အပိုင်း - ၁ ) http://www.news-myanmar.com/2014/01/blog-post_23.htmlဆေး-၁ မှဆေးကျောင်းသားလူယုတ်မာအကြောင်းများ (သေဆုံးသူကောင်မလေးရဲ့ ဝမ်းကွဲညီအစ်မတစ်ယောက်ရဲ့ ခံစားချက်များ အပိုင်း - ၂ ) http://www.news-myanmar.com/2014/01/blog-post_8673.html“ နော်မေသူသူဇော် ”(လူယုတ်မာတစ်ယောက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့် ခဲ့ ရသူလေး) http://www.news-myanmar.com/2014/01/blog-post_7089.htmlနော်မေသူသူဇော် သေဆုံးသည့် နေ့ မှ ဖြစ်စဉ်များ http://www.news-myanmar.com/2014/01/blog-post_5791.htmlသေဆုံးသူကောင်မလေးကအပျိုစစ်စစ်ပါ သာမန်ရေနစ်သေဆုံးမှုပါ ဟုဆိုကာစီရင်ချက်ချခဲ့ သော်လည်း..( ဒီသက်သေတွေကဘာတွေပါလဲ ? ) http://www.news-myanmar.com/2014/01/blog-post_1998.html ဖြစ်စဉ်များကို လူယုတ်မာတို့၏သဂျိုင်း (https://www.facebook.com/groups/528390450577180/582829635133261/ ) တွင် အပြည့် အစုံဖော်ပြပေးထားပါသည်။ တတ်နိုင်တဲ့ ဘက်က အကူညီပေးလိုသူများအနေနဲ့ အောက်ပါ Note လေးကိုဖတ်ပေးစေလိုပါသည် https://www.facebook.com/notes/aüñg-kÿáw-sôë-npg/လူယုတ်မာတစ်ယောက်အကြောင်းကို-အားလုံးသိအောင်မပြောပြချင်ဘူးလား-သူငယ်ချင်းတို-့-/1458662217686582- ကဲ.... ဗျာ Facebook အသုံးပြုသူတိုင်းပါဝင်ပြီးတော့ အကူအညီပေးလို့ ရပါပြှီSocial Network Media Attack လေး တစ်ခုလုပ်ဖို့  အားလုံးကို ကမ်းလှမ်းပါတယ်ဗျာ အားလုံးပါဝင်ကူညီပေးနိုင်ပါပြီ အထက်ပါ Note လေးကိုဖတ်ပြီး ပြုလုပ်ကြည့် ပေးပါဗျာ - Aüñg Kÿáw Sôë Npg ထံမှကူးယူဖော်ပြပါသည်။

 မွန် စံ shared Nayyi Zan's status. January 24 23.4.2013 9:00 PM အမဖြစ်သူ ခမ်းမွန်ထွေး နှင့် ဦးလေးဖြစ်သူ စောဒါးနေတို့အား ဘုရင့်နောင်ရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့သည် ထို့အချိန်၌ ရဲမင်းဦးဖခင်ထံမှ ဖုန်းဝင်လာသည် မသူ၏အလောင်း အင်းစိန်ဆေးရုံ၌ ရှိနေကြောင်း ပြောကြားခဲ့သည် ( ထူးဆန်းနေသော အခြေအနေ တရပ်ပင် ဖြစ်သည် ) မိသားစုများဆေးရုံသို့ ရောက်ရှိသောအခါ မှု ခင်းဆရာဝန် ဦးရဲဝင်းမှ အလောင်းမရှိတော့ဟု ပြောကြားသည် သူနာပြုဆရာမကြီးမှ အလောင်းရှိသေးကြောင်း ဆရာဝန်ကြီးနှင့် အတိုက်အခံ ဖြစ်ခဲ့သော်လည်း အလောင်းအားမရှိတော့ဘူးချည်းပြောနေ၏ ထို့နောက် မသူ၏ပါချုပ် (ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ) ရောက်ရှိလာပြီး မှုခင်းဆရာဝန်ကြီးနှင့်တွေ့ဆုံပြီးမှ အလောင်းအားထုတ်ပေးခဲ့သည် ထိုနေ့၏ထူးခြားချက်များ ရဲမင်းဦးဖခင် မှ အလောင်းရှိ ကြောင်းကို ကြိုသိနေခြင်း မသူအလောင်းအား20.4.2013ကတည်းကပိုင်ရှင်မဲ့အလောင်းအဖြစ် အင်းစိန်ရဲစခန်းမှ ပို့ဆောင်ထားခြင်း ဆေးရုံစည်းကမ်းအရ အလောင်းတဦးအား ၃ရက်ပြည့်မှ သဂြိုလ်ခွင့်ပြုထားသော်လည်း ၂ရက်ဖြင့်သဂြိုလ်ခွင့်ပြုလိုက်ခြင်း ( အလောင်းလာသယ်ကားမှာ ပျက်နေသောကြောင့် အလောင်းကို ရလိုက်ခြင်းဖြစ်သည် ) လူတဦးထံမှ ပြောသံ အလောင်းရသွားတော့ကံကောင်းတာ တဲ့ ထူးခြားချက် ကျွန်မတို့ မိသားစုအားလုံးထက် လူတစုက အရာရာအားလုံးကို ကြိုတင်၍သိနေသည်လည်း ထူးခြားချက်ဖြစ်သည်

Tuesday, January 28, 2014

Karen and Kachi after meeting photos 29/1/14

ဘ၀တူ ကချင်နှင့် ကရင် သွေးစည်းညီညွတ်ရေးမှ သည် လူမျိုးစုံ သွေးစည်းညီညွတ်ရေးသို့

ဘ၀တူ ကချင်နှင့် ကရင် သွေးစည်းညီညွတ်ရေးမှ သည် လူမျိုးစုံ သွေးစည်းညီညွတ်ရေးသို့ (လော်ခီးလာညီလာခံ နောက်ဆုံးနေ့မှ ကချင်နှင့် ကရင်ခေါင်းဆောင်များရဲ့ သမိုင်းဝင် သွေးစည်းညီညွတ်မှု ပြယုဂ်များ)

Ads by Keep NowAd Options

Monday, January 27, 2014

Na Gart women need developement 27/01/2014


နာဂ ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်နေ

  Print This Post
နာဂတောင်တန်းဒေသ, အမျိုးသမီးဆိုင်ရာ အခွင့်အရေး, ဒုံဟီးမြို့နယ်, စစ်ကိုင်းတိုင်း ဒေသကြီး, နာဂ ဥပဒေ
ရိုးရာအက လေ့ကျင့်နေသည့် နာဂ တိုင်းရင်းသူများ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
နာဂတောင်တန်း ဒေသတွင် အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အသိပညာ ပေးမှုများနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာများ ပြုလုပ်ပေးရန် လိုအပ် နေကြောင်း သိရှိရသည်။
နာဂ အမျိုးသမီးများအတွက် လူနေမှု အဆင့်အတန်း၊ အမျိုးသမီးဆိုင်ရာ အခွင့်အရေး ၊ လူ့အခွင့်အရေး စသည်တို့နှင့် သက်ဆိုင် သည့် ပညာပေးမှုများ ပြုလုပ်ပေးသင့်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး လဟယ်မြို့နယ် နာဂတောင်တန်းတွင် နေထိုင်သည့် နာဂ တိုင်းရင်းသူ ဒေါ်အလင်းသေး က ဧရာဝတီသို့ ပြောသည်။
“နာဂ ရွာတွေမှာဆိုရင် အမျိုးသမီးတွေအတွက် ဖွံ့ဖြိုးမှု လုပ်ငန်းတွေ ဘာမှ မရှိဘူး။ ပညာပေးမှုတွေ၊ ကျန်းမာရေးတွေ အတွက် လည်း သူတို့ နားမလည်ကြဘူး”ဟု ဒေါ်အလင်းသေးက ဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး နာဂတောင်တန်း ဒုံဟီးမြို့နယ် ကြူယန်းလောင်ပ ကျေးရွာမှ မူလတန်းပြ ဆရာမ ဒေါ်ထားငွေကလည်း “နာဂမှာ အမျိုးသမီးတွေကို အမျိုးသားတွေက နှိမ်ပြီး ဆက်ဆံတယ်။ နေရာ မပေးဘူး။ အလုပ်ဆိုရင်လည်း မိန်းကလေးတွေကပဲ လုပ်နေရတယ်။ ပြီးတော့ သူတို့မှာ ဘာဖွံ့ဖြိုးမှုမှ မရှိဘူး။ ကျန်းမာရေးတွေကလည်း ဆိုးရွားတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ အခိုင်း အစေ တယောက်လို နေထိုင်ရတယ်”ဟု ပြောသည်။
အမျိုးသမီး အခန်းကဏ္ဍ အားနည်းနေသည့်အပြင် ပညာရေး၊ ဖွံ့ဖြိုးရေး အစစအရာရာ နှောင့်နှေးနေသေးကြောင်း၊ အမျိုးသမီး နှင့် ကလေးငယ်များ ပညာသင်ကြားသည်ကို အမျိုးသားများက မလိုလားကြောင်း၊ အမျိုးသမီးနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် လူမှုရေး အဖွဲ့အစည်းလည်း မရှိကြောင်း သိရသည်။
“ကိုယ်ဝန်ဆောင် နေတာတောင် ရေခပ်ရတာတွေ၊ ဆန်ဖွတ်ရတာတွေ လုပ်ရတယ်။ မီးဖွားပြီးရင်လည်း နောက်ရက်ဆို အလုပ်ခွင် စဝင်ရပြီ။ ကျမက မနေနိုင်လို့ ဝင်ပြောတာတောင် မမြင်မတော်ရင် ဝင်လုပ်လိုက်လေ ဆိုပြီး သူတို့ အမျိုးသားက ပြောတယ်”ဟု မူလတန်းပြ ဆရာမ တဦးဖြစ်သည့် ဒေါ်မိတုတ်က ပြောပြသည်။
နာဂဒေသတွင် အမျိုးသမီး ကဏ္ဍနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ၊ အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ၊ လူနေမှု မြင့်မားစေရန် ပညာပေး လုပ်ဆောင်မှုများ လိုအပ်ကြောင်း၊ လက်ရှိတွင် နာဂလူမျိုးများအတွက် အသိဉာဏ် ဖွံ့ဖြိုးရေးဆိုင်ရာ ပညာပေး လုပ်ငန်း များလည်း မရှိသေးကြောင်း ဒုံဟီးမြို့နယ် ဟရှိတ်လုံခက် ကျေးရွာမှ ဆရာမ ဒေါ်မူမူဝင်းကလည်း ဧရာဝတီသို့ ပြောသည်။
“နာဂမှာက အမျိုးသားဆိုရင် တောင်ယာခုတ်တာ တခုပဲ လုပ်တယ်။ တောင်ယာရှင်းတာ၊ သိမ်းတာ၊ ရေခပ် ဆန်ဖွတ် အစစအရာ ရာ က အမျိုးသမီးတွေပဲ။ ပြီးတော့ အမျိုးသားတွေက အိမ်မှာနေ ဘိန်းရှူနေကြတာပဲ”ဟု ၎င်းက ပြောဆိုသည်။
ယခင် စစ်အစိုးရများ လက်ထက်ကတည်းက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ ယင်း အသင်းအဖွဲ့ကို အစိုးရ ထိပ်ပိုင်းခေါင်းဆောင် များ၏ ဇနီးများက ဦးဆောင်ခဲ့ရာ လက်ရှိတွင် သမ္မတ ဦးသိန်းစိန်၏ဇနီး ဒေါ်ခင်ခင်ဝင်း က ဂုဏ်ထူးဆောင် နာယက အဖြစ် ဆောင် ရွက်လျက် ရှိသည်။
သို့သော် မြန်မာနိုင်ငံ အနေဖြင့် ၁၉၉၇ ခုနှစ်က ကုလသမဂ္ဂ ၏ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (CEDAW) တွင် လက်မှတ်ရေးထိုး ထားသော်လည်း အမျိုးသမီးအခွင့်အရေး ကာကွယ်ပေးခြင်းနှင့် ပတ်သက် ၍ ဆောင်ရွက်မှုများသည် ထိရောက်မှုမရှိကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုကြသည်။
လက်ရှိ နာဂဒေသတွင် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်းကြောင့်လည်း လူမှုရေးအဖွဲ့အစည်းများက လာရောက်အကူအညီ ပေးနိုင် ခြင်းများ မရှိကြောင်း၊ ပညာရေး ကဏ္ဍပိုင်းတွင်လည်း လိုအပ်ချက်များ ရှိကြောင်း နာဂ တိုင်းရင်းသားလူငယ် ကိုချင်းမောင်က လည်း ပြောသည်။
“လူငယ်တွေ အသိဉာဏ် ဖွံ့ဖြိုးလာအောင် ပညာပေးမှုတွေ အများကြီး လိုအပ်တယ်။ ကျနော်တို့ဒေသမှာ အစစအရာရာ နှောင့်နှေးနေတော့ တဖြည်းဖြည်းနဲ့ လုပ်သွားရမှာပေါ့။ အဓိက ပညာရေးနဲ့ အမျိုးသမီးကိစ္စကို ဦးစားပေး လုပ်သွားမှာပါ”ဟု ၎င်းက ဧရာဝတီ သို့ ပြောပြသည်။
ထို့အပြင် နာဂတောင်တန်းတွင် နေထိုင်သည့် တိုင်းရင်းသား အများစု၏ အိမ်ထောင်ရေး အဆင်မပြေမှု ပြဿနာ၊ အိမ်ထောင် ပြိုကွဲမှုများကြောင့် အမျိုးသမီး အများစု နစ်နာနေကြောင်း၊ တရားစီရင်ရေးတွင်လည်း နာဂ ရိုးရာဥပဒေ အတိုင်း စီရင်ဆုံးဖြတ် ကြ သည် ဟုလည်း ဆိုသည်။
နာဂတောင်တန်း ဒေသတွင် နာဂတိုင်းရင်းသား ဦးရေ ၂ သိန်းနီးပါး ရှိပြီး နာဂလူမျိုး အများစုသည် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ် တို့တွင် နေထိုင် ကြသည်။

Friday, January 17, 2014

Burma army fighting with their group. 17/1/14

အချင်းချင်းပစ်ခတ်မှုကြောင့် ဗိုလ်ကြီးတဦး အပါအ၀င် ဗမာစစ်သား ၆ ဦး သေဆုံး

လိုင်ဇာမှ KIA စစ်သားများ

မှားယွင်း ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးတဦး အပါအ၀င် စစ်သား ၆ ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပ်မတော်သား အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဗိုလ်ကြီးအဆင့် အရာရှိတဦးနှင့် စစ်သား ၅ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါပစ်ခတ်မှုသည် ဖားကန့်မြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ နမ့်ယားကျေးရွာ တပ်စခန်းတွင် ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရ တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာသည် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့များနှင့် နီးကပ် ထိစပ်သည့်နေရာဖြစ်ကြောင်း၊ ညအချိန်တွင် စစ်သားများ တပ်စခန်းအနီးလှုပ်ရှားနေကြသည်ကို KIA တပ်များဟု ထင်မြင်ပြီး လက်နက်ကြီးများဖြင့် မှားယွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မှားယွင်းပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သူ ၂ ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း၊ အခြား စစ်သား ၂ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
“လက်နက်ကြီး တလုံးက အစိုးရစစ်သားတွေနဲ့ တမိုင်လောက်ကိုကျတယ်။ နောက်တလုံးက သူတို့ စခန်းထဲကို ကျလို့ ၆ ယောက် သေသွားတယ်”ဟု ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်စိုး ကလည်း ပြောသည်။
“ပစ်ခတ်မှုက နမ်ယား ရွာအလယ်ပိုင်းမှာ ဖြစ်တာ။ အဲဒီက ဘုန်းကြီးကျောင်းတခုမှာ အစိုးရတပ်က တပ်စွဲထားတယ်။ ရွာသားတွေတော့ ထိခိုက်ဒဏ်ရာ ရပုံမပေါ်ဘူး”ဟု ဦးတင်စိုးက ဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးသည်နှင့် အစိုးရတပ်များက ၎င်းတို့၏ တပ်မှူးများထံ KIA နှင့် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု အသီးသီး သတင်းပို့ခဲ့ကြသော်လည်း စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုသာဖြစ်သည်ဟု တိုင်းရင်းသား သတင်းရင်းမြစ်များက ဆိုသည်။
ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာကမူ ပစ်ခတ်မှုဖြစ်ပွားသည့် အခင်းဖြစ်ပွားရာနှင့် ၄ မိုင် အကွာခန့်တွင် KIA အမှတ် (၆) တပ်ရင်း တပ်စွဲထားပြီး ပစ်ခတ်မှုတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ပြောသည်။
“ခေါင်းဆောင်ပိုင်းက အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်နေတုန်း ဘယ်တိုက်ပွဲမှာမှ မပါဝင်ဖို့ လိုင်ဇာက KIA ဌာနချုပ် ကနေ အမိန့်ထုတ်ထားပါတယ်။ သူတို့ မလိုက်နာရင် သေဒဏ် ကျခံရမှာဖြစ်တဲ့အတွက် ဒေသခံတပ်တွေကလည်း လိုက်နာကြပါတယ်”ဟု ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။
ဖားကန့်ဒေသတွင် အစိုးရတပ်ရင်း ၁၀ ခုခန့်ရှိသည်ဟု ယူဆရပြီး မှားယွင်းပစ်ခတ်မှုတွင် မည်သည့်တပ်ရင်း ပါဝင်ပတ်သက်ခဲ့ သည်ကို သဲကွဲစွာ မသိရပါ။
ယင်း သတင်း အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူများထံသို့ မေးမြန်းရန် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
KIA နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည် စတင်ပြုလုပ်ခဲ့သော ပြီးခဲ့သည့်နှစ်မှစ၍ ဖားကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ဟု ဒေသခံများက ပြောကြသော်လည်း ကချင်ပြည်နယ် နေရာအနှံ့တွင် ထိတွေ့ တိုက်ခိုက်မှု သတင်းများ ဆက်လက် ထွက်ပေါ်နေခဲ့သည်။
ဖားကန့်ဒေသတွင် တပ်စွဲထားသည့် KIA နှင့် အစိုးရတပ်ဖွဲ့များ မကြာမီ ထပ်မံတိုက်ခိုက်မည့် အရိပ်လက္ခဏာများလည်း မရှိကြောင်း ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။
“သူတို့တွေက တဘက်နဲ့ တဘက် ဆန့်ကျင်ဘက်မှာ နေကြတာပါ။ ကြားထဲမှာ ဥရုချောင်းက ခြားထားတယ်။ ပစ်ခတ်မှု မရှိပါဘူး” ဟုလည်း သူက ဆိုသည်။
ဖားကန့်ဒေသသည် ကျောက်စိမ်းထွက်ရှိခြင်းကြောင့် ကျော်ကြားသော ဒေသဖြစ်ပြီး မြန်မာစစ်တပ်က ထိုနေရာတွင် ရှိနေခြင်းမှာ တန်ဖိုးမဖြတ်နိုင်သည့် တွင်းထွက်ရတနာများကို ရှာဖွေတူးဖော်ရန်ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။

Sunday, January 12, 2014

Thai land peopld against government until now 13/01/2014

Thai land peopld against government until now 13/01/2014

ဆန္ဒပြ ပိတ်ဆို့ မည့် နေရာ ထိုင်း အတိုက် အခံများ ထုတ်ပြန်။

အတိုက်အခံများ၏ ကြွေးကြော်မှု အတိုက်အခံများ၏ ကြွေးကြော်မှု ဓါတ်ပုံ - (အင်တာနက်)
လာမည့် ဇန္နာဝါရီ (၁၃)ရက်နေ့ သည်  ထိုင်း အတိုက် အခံ ဆန္ဒပြသူ များမှ ဘန်ကောက် မြို့တော် အား လမ်းပိတ် ဆို့  ရန် ထုတ်ပြန် ထားခဲ့ပါ သည်။ လမ်းပိတ် ဆို့ သည့် နေရာများ ကို လည်းနေရာ ()နေရာ သတ်မှတ်ပြီး ပိတ်ဆို့ သွားကြ မည်ဖြစ် ပါသည်။
၎င်းနေရာ များမှာ () ကျဲန့် ဝပ်ထနာ့ လမ်း၊ အစိုးရရုံး ပေါင်းစုံ ၀င်ထွက်သည့် လမ်း () လတ်ဖရောင့် လမ်းစုံ၊ (၀ိဖါး ၀တီးလမ်း-ဖဟွန်ယိုး ထင်၊ လတ် ဖရောင့် လမ်းစုံ လမ်းခွ မှ လတ်ဖရောင့် စင်တရယ် ကုန်တိုက် လမ်း ဆုံဖြစ်သည်။) () အနုစာ ၀ရီးချိုင်း (သူရဲကောင်း ကျောက်တိုင်) victory monument လမ်းဆုံ။ ()ပထုမ်းဝမ်း (ကျူလာ လောင် ကောင်း တက္ကသိုလ် အနီး၊ မားဘွန်း ခရောင်း (အမ်ဘီခေ) ကုန်တိုက် အနောက် ဘက် လမ်းစုံ) () လုမ်ဖိနီး (လုံမ ဏီပန်းခြံ) () ရတ်ခ်ျပစုံ (စယမ်ပါ ရကောန် ကုန်တိုက်၊ လေးမျက်နှာ ဘုရား၊ စဲန်တရယ် ဝေါလ်ကုန် တိုက်ဆုံ) () အစို ခ် (စူခုမ်ဝစ်-အစိုခ်လမ်းဆုံ)တို့ ဖြစ်ပါသည်။
အတိုက်အခံဆန္ဒပြသူများသည်  ၄င်းနေရာ ()နေရာအား  သပိတ် စခန်းအဖြစ် ထားပြီး အစိုးရရုံး များ အလုပ်မ လုပ်နိုင် စေရန် မနက်တိုင်း တွင် သွားရောက် တားမြစ် ကြမည် ဖြစ်ပြီး  ညနေပိုင်း တွင် သပိတ် စခန်း များသို့  ပြန်လာ ကြမည် ဖြစ်သည်။ ဤနည်း လမ်းဖြင့်  ရက်အကန့် အသတ်မရှိ ဆန္ဒပြသွား ကြမည်ဟု ဆန္ဒပြခေါင်း ဆောင် စူထေ့ပ် ထူယတ်ခ် စူဘမ်းက ကြေညာထား ပါသည်။
ဤကဲ့သို့ဆောင်ရွက် နေစဉ်တွင် အကြမ်း ဖက်မှုများ  တစုံတရာဖြစ်ပွားခဲ့ပါက ထိုင်းစစ်တပ်မှ အာဏာသိမ်း နိုင် မည် ကို အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် က စိုးရိမ်သည် ဟု ပြောကြား လိုက်ပါသည်။
ထိုင်းစစ်တပ် ကမူ ဆန္ဒပြကြ ရာတွင်  အရပ် သားများ ထိခိုက်မှု မရှိစေရန် တာဝန်တရပ် အနေဖြင့် ကာကွယ် သွားမည် ဖြစ်ကြောင်း ထိုင်းကြည်း တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ ကဆိုပါသည်။ ဤကဲ့သို့ ပြောကြားလိုက် ခြင်း ကြောင့် စစ်တပ်မှ အာဏာ သိမ်းနိုင် သည်ဟု ဝန်ကြီးချုပ် ယင်းလပ် က ထုတ်ဖော် ပြောကြား ခြင်းလည်း ဖြစ်ပါသည်။
ထိုင်း ကြည်းတပ် သည် လာမည့် ဇန္နာဝါရီလ (၁၈) နေ့တွင် ကျရောက်သော ထိုင်းတပ် မတော်နေ့ အတွက် မြို့ပြင်ရှိ ၄င်းတို့၏ တင့်ကား များ၊တပ်ရင်း တပ်ဖွဲ့ များသည် ဘန်ကောက်မြို့ စွန်ရှိ အမှတ် ၁၁ ခြေလျင် တပ်ဖွဲ့သို့ ရောက်ရှိ လာပါသည်။
ဤသို့သော အခြေအနေ တွင် အစိုးရကို ထောက်ခံသော ထိုင်း ရှပ်နီအု ပ် စုများက လည်း ဆန့်ကျင်သော အင်အား စုများကဲ့သို့ ထိုင်းမြောက် ပိုင်း ပြည်နယ်များ တွင် ဆန္ဒပြကြ မည် ဖြစ်ကြောင်း ရှပ်နီ ခေါင်း ဆောင်ချက်တူ ပေါင်ပ ရွန် ပန်က ပြောကြား ထားပါသည်။
အစိုးရ ဆန့်ကျင် သည့် အတိုက် အခံဆန္ဒပြမှု သည်ပြီးခဲ့ သည်ဒီဇင် ဘာဆန်းက တည်းကစ တင်လာခဲ့ သည့်အတွက် လနှစ်ချီကြာ လာ နေပြီးဖြစ် ပါ သည်။ နှစ် ဖက် တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာကြ ရန်ထိုင်း တပ်မတော် ကတိုက်တွန်း ထားခဲ့သော် လည်းယနေ့ အထိပြေ လည်သေးခြင်း မရှိသဖြင့် အာဏာ သိမ်းမှု ဖက်သို့ တိမ်းစောင်း လာနေပါ ကြောင်း ဝေဖန်သူများက ဆိုပါသည်။

Friday, January 10, 2014

Sukyi visit to in Haka City, Chin State

Published on Jan 9, 2014
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ ဟောပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
  
DASSK in Haka City, Chin State
 

 DASSK Mass Meeting in Falam
 

Daw Aung San Suu Kyi at Kalay Mass Meeting 

 

 

Wednesday, January 8, 2014

North Koren President feed his Uncle by 120 dogs 8/1/14

ကင်ဂျုံအန်သည် ဦးလေးဖြစ်သူကို ခွေးကျွေး၍ သေဒဏ်ပေးခဲ့

YoYarLay


ဒီဇင်ဘာလ ဆန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ ဦးလေး ဖြစ်သူ Jang Song- Thaek ကို ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အကျင့်ပျက်ရှစားမှုနဲ့ နိုင်ငံရေးပုံကန်ရန် ကြိုးပမ်းမှုအပြင် အခြားသော ပြစ်မှု အချို့ ပါဝင်နေပါသေးတယ်။ ယခု နောက်ဆုံး ရရှိတဲ့ သတင်းအရ ကတော့ ဦးလေး ဖြစ်သူကို ခွေး အကောင် ၁၂၀ ကို ထိုးကျွေး၍ သေဒဏ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။

စင်္ကာပူအခြေဆိုက် Straits Times သတင်းစာမှ ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ ဦးလေး ဖြစ်သူ Jangh Song-Thaek ဟာ လက်ရှိ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ရဲ့  ဦးလေး အရင်း ဖြစ်ပါတယ်။ အဖေရဲ့  အမကို ယူထားသူ ဖြစ်ပြီး ကင်ဂျုံအီလက်ထက်ကတည်းက နိုင်ငံရေးမှာ သြဇာအာဏာရှိခဲ့သူ ဖြစ်ပါတယ်။ ကင်ဂျုံအီ ကွယ်လွန်ပြီး သားငယ် ကင်ဂျုံအန် နိုင်ငံခေါင်းဆောင်ဖြစ်လာဖို့ Jangh Song Thaek ရဲ့  ထောက်ပံ့မှု များစွာ ပါဝင်ကြောင်း ဆိုပါတယ်။ ကင်ဂျုံအန် အုပ်ချုပ်လာတဲ့ သက်တမ်းတစ်လျှောက်လည်း နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးနေ သူလို့ နိုင်ငံရေးသုံးသပ်သူများက ခန့်မှန်းထားပြီး ယခုလို သေဒဏ် ပေးမှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်အံ့သြစေခဲ့ ပါတယ်။ ယခုရက်ပိုင်းအတွင်းပဲ စီရင်ခဲ့တာ ဖြစ်ပါတယ်။

ဦးလေးဖြစ်သူက ၃ ရက် အစားမစားရသေးတဲ့ ခွေး အကောင် ၁၂၀ ပါ သံလှောင် အိမ်ထဲကို အဝတ်အစားအကုန် ချွတ်ပြီး ပစ်ထည့်ခဲ့တာ ဖြစ်ပါ တယ်။ ဒီတော့ အရိုးပါမကျန်အောင် စားသောက်တဲ့ ပွဲကို ကင်ဂျုံအန် ဟာ မြောက်ကိုရီးယား အရေးကြီးခေါင်းဆောင်ပေါင်း အယောက် ၃၀၀ ကျော်ခေါ်လို့ ထိုင်ကြည့်ခဲ့ ပါတယ်။ နိုင်ငံပုန်ကန် လိုသူ ဘယ်သူကို မဆို သူ့လို ခွေးစား သေဒဏ်အပေးခံရမယ်လို့ တစ်ခါတည်း သတိပေးလိုက် ခြင်း ဖြစ်ပါတယ်။ ခွေး အကေင် ၁၂၀ ကျော် ဝိုင်းဝန်း ကိုက်ဖြတ်စားသောက်မှုက တစ်နာရီ ကြာမြင့်ခဲ့ ပါတယ်။

ဒါကြောင့် ကင်ဂျုံအန်ဟာ ဖခင် ကင်ဂျုံအီထက် ပိုမို ရက်စက်ယုတ်မာ တဲ့ ခေါင်းဆောင် အဖြစ် ကမ္ဘာ့ နိုင်ငံရေး သုံးသပ်သူများက မှတ်ချက်ပေး ပြောဆိုစေခဲ့ ပါတယ်။
.
Ref: Daily mail
အောင်ခမ်း ( ရိုးရာလေး )

အပြည့်အစုံဖတ်ရန် --> http://www.myanmarcnn.com/2014/01/blog-post_630.html#ixzz2pnVCX7Dz

Tuesday, January 7, 2014

Kachin and Burma battle area 08/01/2014

KIA တပ်မဟာ (၃) ဧရိယာ မှ စစ်ဆင်ရေး အပြောင်း အလဲ များ

KIA လှုပ်ရှားမှု  ပြ ဧရိယာ မြေပုံ KIA လှုပ်ရှားမှု ပြ ဧရိယာ မြေပုံ 

ကချင်ပြည် နယ် ဗန်းမော် ခရိုင်   မံစီမြို့နယ် ထဲမှ နန်းလင်းပါ  ကျေးရွာ နှင့် ဂေါင်ကြာ ကျေးရွာ  များမှ  အစိုးရ စစ်ကြောင်းများ သည် ယနေ့ မနက်ပိုင်း တွင်  ထို နေရာမှ () မိုင်ခန့်ဝေးသော ဗန်းမော်  မဘိန်း ကားလမ်း ရှိ ဆင်ကမ်း ချောင်း သံတံတား ဖက်သို့ဆုတ်ခွာ သွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘိုင် ဂျွမ်းအောင် ကဆိုပါသည်။
စစ်ဆင်ရေး သစ်ကို စက စားနေတာပေါ့နော် ။ပြီးခဲ့တဲ့ ()ရက် ကဆုတ် သွားတဲ့ မုန်ဒိန်ပါ ကျေးရွာ ကစစ်ကြောင်း တွေလည်း အခုပြန် ရောက် လာပြန်ပြီး။ အခု လည်း ဘာပရိယာယ်  သစ်လည်းတော့  မသိဘူး ။ နောက်ဆုတ် တယ်။ ဒါပေမဲ့ သူတို့ ဆုတ်ပေးရင် ကျနော်တို့ တော့ နေရာ တိုးမှာဘဲ။ဟုဆိုပါသည်။
ဤကဲ့သို့ နန်းလင်း ပါ ကျေးရွာ ဖက်မှ အစိုးရ စစ်ကြောင်းများ ဆုတ်ပေး ချိန်တွင် (KIA ) တပ်ရင်း (၂၇) နှင့်တပ်ရင်း () ကြား နယ်မြေထဲ သို့စစ်ကြောင်း () ကြောင်း မှ အင်အား (၅၀၀) ခန့် တပ်များ ထိုးစစ် ဆင်နေ ကြောင်း ဆိုပါသည်။ တပ်ရင်း (၂၇) ဧရိယာသည် တပ်ရင်း (၁၂)နှင့် နယ်ချင်း ကပ်ပြီး ကချင်ပြည် နယ်ဗန်းမော် မှ မံစီမြို့ နှင့် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ကားလမ်း၏ အောက်ဖက် (အနောက်ဖက်) ပိုင်းတွင် တည်ရှိပါ သည်။
တပ်ရင်း () ဧရိယာ သည်တပ်ရင်း (၂၇) နှင့် ကျောချင်း ကပ်နေပြီး ဗန်းမော်မံစီ နမ့်ခမ်း ကားလမ်း၏ အထက်ပိုင်း တွင်တည်ရှိ ပါသည်။ အစိုးရတပ် များသည် တပ်ရင်း (၁၂) ဧရိယာမှ အဆုတ်ပြပြီး တပ်ရင်း  (၂၇) နှင့် တပ်ရင်း () ကြားရှိ  ဧရိယာထဲ သို့တိုးပြီး စစ်ဆင် နေခြင်း ဖြစ်သည် ဟုဆိုနိုင် ပါသည်။  

Sunday, January 5, 2014

Worship at Church today 05/01/2014

ဆဿ၈့ၯဆဿ၀ါဘဢ္ပကညီဘ်ဿထံခ၇ံာ္ဖိတဿ္အိဢ္ဖွိဢ္လဿတနံၯအံၯပအိဢ္ဒီးတဿ္ဘူဢ္တဿ္ဘါဒီး
ပနဢ္ဟူဘဢ္ကစဿ္ကလုဿ္ကထါသ့ဢ္တဖဢ္လဿအကဲ၈ံဿ္ကဲဘါလဿပ၈ီဿ္အဃိန့ဢ္လီၯ။တဿ္သူဢ္
၀ံဢ္သးဆဿတဿ္ဖးယြၯကလုဿ္ကထါတဿ္ဟ့ဢ္၈ံဿ္ဟ့ဢ္ဘါသ့ဢ္တဖဢ္မ့ဿ္တဿ္လဿအကဲထီဢ္တဿ္
ဆိဢ္၈့ၯလဿပ၈ီဿ္အဃိန့ဢ္လီၯ။
မ္ယြၯအမံၯဘဢ္တဿ္စံးထီဢ္ပၾတဿၯအီၯအစိၯစိၯအဃဢ္ဃဢ္တက့ဿ္။

မွဿ္လါ၈့ၯမူ ပဿဿ္လီၯဆ့ဢ္နီၯလဿမုဿ္ထူဢ္တဿ္ဘါ

မွဿ ္နါနဢ္ပဿဿ္လီၯဆ့ဢ္နီၯလဿပိာ္မုဢ္က၇ဿတဿ္ဘါ


သ၇ဢ္မၯ၇ၯဒိနါဟ့ဢ္တဿ္ကစီဢ္လဿမုဿ္ထူဢ္တဿ္ဘါ

မွဿ္ဘဲဘဲစူဖးခီဆဿလံာ္စီဆွံလဿကညီက်ိာ္

တံလြဲဢ ္မူထုကဖဢ္လဿမုဿ္ထူဢ္တဿ္ဘါ

စီၯကႜံးကြံး ဖးလံာ္စီဆွံလဿကညီက်ိာ္

စီၯအါ၇ံးဖးလံာ္စီဆွံလဿကိၯလၯက်ိာ္



တဿ္မၯလၯကပီၯစီၯမုဿ္ကပီၯကီးစီၯသါ၀့ပွဲၯထီဢ္၀ဲ ၁၇ နံဢ္တဿ္ဘူဢ္တဿ္ဘါခီဖ်ိ္လဿစမူ၇နၯတဿ္အိဢ္ဖွိဢ္
ဖဲဖိခြံအဟံဢ္အိဢ္ဒီးခ့း၈့ၯ၈့ၯဒီးတဿ္ဟ့ဢ္တဿ္ကစီဢ္တဿ္သူဢ္၀ံဢ္သးဆဿသ့ဢ္တဖဢ္န့ဢ္လ ီၯတဿ္ဒ့တဿ္အူသ့ဢ္တဖဢ္
စ့ဿ္ကီးသီဢ္၀ဲဒဢ္မုာ္မးန့ဢ္လီၯပဆဿ၈့ၯဆဿ၀ါစီၯမုဿ္ကပီၯယံၯလဿယြၯတဿ္ဆိဢ္၈့ၯအါကလီၯဘဢ္အလိၯတုၯတဿ္
လဿတဿ္ပွဲၯတစုန့ဢ္လီၯ  ၀၅/၀၁/၂၀၁၄
စီၯသါ၀့ ဒြဲဢ္ထိီဢ္ပနဲ ၁၇ ဘိလဿအခ့းအလိၯ

သ၇ဢ္မုဢ္ဘါဘဿဢ္ဒ့ဟ့ဢ္တဿ္ကစီဢ္

သ၇ဢ္ဖိတံပွဲႜၯထူအပုဿ္ထုကဖဢ္လဿဟံဢ္ဖိဃီဖိအ၈ီဿ္

တခြံသးဘိဒီးအသကိးခြါသး၀ံဢ္တဿ္

ပွၯဟဲဘါယြၯပဿပဿလီၯ