Wednesday, May 1, 2013

ဝ တပ်ဖွဲ့တွေ ရဟတ်ယာဉ် ၅ စင်း ရရှိ

နောက်ဆုံး ရေးသားချိန် 30 ဧပြီလ 2013 - 17:28 GMT

သယ်ယူ ပို့ဆောင်ရေး အမျိုး အစား ဖြစ်ပြီး၊ ဝေဟင်မှ ဝေဟင်ပစ် မစ်ဇိုင်းဒုံး တွေလည်း တပ်ဆင် ထား
UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ ဟာ MI 17 ရဟတ်ယာဉ် ၅ စင်းကို တရုတ် နိုင်ငံ ကနေ ရရှိ ခဲ့တယ်လို့ ကာကွယ်ရေး နဲ့ စစ်ရေး သတင်းတွေ ထုတ်ပြန်တဲ့ Jane's Defence Weekly စာစောင်မှာ ရေးသား ဖေါ်ပြထား ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နဲ့ မြန်မာ အစိုးရ ဘက်က သတင်း ရပ်ကွက်ကို ကိုးကားပြီး အဲဒီ စာစောင်မှာ ရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်။
ရဟတ်ယာဉ်တွေ ကတော့ သယ်ယူ ပို့ဆောင်ရေး အမျိုး အစား ဖြစ်ပြီး၊ ဝေဟင်မှ ဝေဟင်ပစ် မစ်ဇိုင်းဒုံး တွေလည်း တပ်ဆင် ထားပါတယ်။
ဒီယာဉ်တွေ ဟာ စစ်ပွဲ တွေမှာ သုံးလို့ ရတဲ့ ရဟတ်ယာဉ်တွေ ဖြစ်နိုင် တယ်လို့ တရုတ် မြန်မာ နယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။
နောက်ပြီး မကြာသေးခင်က အစိုးရရဲ့ တိုက်ခိုက်မှု တွေဟာ တခြား လူမျိုးစု လက်နက်ကိုင် တွေနဲ့ UWSA ကို ခွဲခြားဖို့ ရည်ရွယ် လုပ်ဆောင် တာ ဖြစ်နိုင် ကြောင်း ကိုလည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

0 comments:

Post a Comment