Thursday, October 31, 2013

Ethnic Armed Groups Leaders' Conference In KIO HQ Laiza 01/11/2013



 KNU met with MWD Area 



 DVB - ဖွဲ့ စည်းပုံမပြင်ရင် စစ်တပ်ဟာ အခွင့်ထူးခံ ဆက်ဖြစ်နေမယ်



 DVB-အောက်တိုဘာလ၃၁ရက်နေ့ လိုင်ဇာမြို့ က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဒုတိယနေ့ ဆွေးနွေးပွဲ 

Wednesday, October 30, 2013

KNU General Secretary Denial 31/10/2013

ဗုံးပေါက်ကွဲမှုမှာ KNU နှင့် ဆက်စပ်မှုမရှိကြောင်း ပဒိုစောကွယ်ထူးဝင်းပြောပြီ



ကေအိုင်စီသတင်းတပုဒ်ပါ။ သတင်းထောက်စဖန်းရှောင်းက ဗုံးပေါက်ကွဲမှုမှာ KNU နဲ့ ဆက်စပ်မှုရှိကြောင်း အစိုးရဘက်မှ ထုတ်ဖေါ်ပြောကြားသွားတယ်လို့ ရေးသွားပါတယ်။ အဲဒါလုံးဝလက်မခံနိုင်ပါဘူး။ အစိုးရပြန်ကြားရေးဒုဝန်ကြီးကိုယ်တိုင် KNU နဲ့ ပတ်သက်မှုမရှိကြောင်း ကြေငြာချက်ထုတ်ဖေါ်ပြီးသားပါ။  မီဒီယာမှာ ဖေါ်ပြတာက မျက်နှာသာရယူပြီး ဘယ်သူပါးစပ်သရမ်းသလဲဆိုတာ စာဖတ်တဲ့ကရင်အမျိုးသားတိုင်း သိကြပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်များဖော်ထုတ်ရန် KNU အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း


အောက်တိုဘာ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာပြည်တွင်းရှိ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားကာ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ဆက်စပ်မှုရှိသည်ဟု အစိုးရဘက်မှ ထုတ်ဖော်ပြောကြားပြီးနောက် အဖွဲ့ဝင် (၇) ဦးပါဝင်သော ဗုံးခွဲ တိုက်ခိုက်မှုဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို KNU က ဖွဲ့စည်းလိုက်သည်။

အောက်တိုဘာလ ၂၅ ရက်နေ့က ဖားအံခရိုင်ရှိ KNU တပ်မဟာ(၇)ဌာနချုပ်တွင် KNU ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များ၊ အမြဲတမ်းကော်မတီဝင်များ၊ ခရိုင်အသီးသီးမှ ဥက္ကဌများ၊ တပ်မဟာအသီးသီးမှ တပ်မဟာမှူးများနှင့် သက်ဆိုင်ရာခေါင်းဆောင် စုစုပေါင်း (၃၀)ကျော်သည် အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး ၎င်းအထူးစုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု KNU က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

KNU အထွေထွေအတွင်းရေးမှူးချုပ်၏ ပဒိုစောကွယ်ထူးဝင်းက “ဒီဗုံးပေါက်ကွဲမှု ဖြစ်စဉ်ပတ်သက်ပြီး မီဒီယာမှာ KNU နဲ့ ပတ်သက်မှုရှိတယ်လို့ ဖော်ပြကြပေမယ့် တကယ်ဆိုရင် ကျနော်တို့ KNU အဖွဲ့အစည်းအနေနဲ့ ဆက်စပ် မှု မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အလားတူဖြစ်ရပ်မျိုးကို ကြိုတင်ဟန့်တားနိုင်အောင်နဲ့ အများအမြင်ရှင်းအောင် ခေါင်းဆောင်တွေစုပြီးတော့ အဖြစ်မှန်ကိုစုံစမ်းဖော်ထုတ်နိုင်ဖို့ ကော်မရှင်ကို ဖွဲ့လိုက်တာပါ”ဟု ပြောသည်။

ဆက်လက်၍ KNU အနေဖြင့် အကြမ်ဖက် လုပ်ရပ်များကို ကန့်ကွက်ကြောင်း၊ နိုင်ငံရေးပြသာနာကို တွေ့ဆုံ ဆွေးနွေးမှုဖြင့် အဖြေရှာရမည်ဖြစ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် KNU ပါဝင်ပတ်သက်နေသည်ဟု သတင်းထွက်ပေါ်မှုမှာ မည်မျှမှန်ကန်မှုရှိကြောင်းကို ဖော်ထုတ်ရန် ယခုကော်မရှင်က စုံစမ်းဖော်ထုတ်သွား မည်ဟု ပဒိုစောကွယ်ထူးဝင်းက ကေအိုင်စီသို့ ဆက်ပြောသည်။

၎င်းဖွဲ့စည်းလိုက်သော အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ပဒိုစောရောဂျာခင်၊ အတွင်းရေးမှူးအဖြစ် ဗိုလ်မှူးကြီးစောဖောဒိုနှင့် အဖွဲ့ဝင်များအဖြစ် KNU/KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုး၊ ပဒိုစောအောင်မော်အေး၊ ဗိုလ်မှူး စောတာမလာသော၊ ပဒိုစောအယ် ကလူစေး စသည်တို့ ဖြစ်ကြသည်ဟု KNU ကြေညာချက်တွင် ဖော်ပြထားသည်။

KNU သည် နိုင်ငံရေးအဖြေရှာရာတွင် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှုပေါ်လစီကို ဆက်လက်ကျင့်သုံးသွား မည်ဖြစ်သလို မည်သည့်အကြမ်းဖက်တိုက်ခိုက်မှုလုပ်ရပ်မျိုးမဆို ပါဝင်ပတ်သက်မည် မဟုတ်သည့်အပြင် အကြမ်းဖက်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဗုံးပေါက်ကွဲမှုကြောင့် သေကြေ ထိခိုက်ဒဏ်ရာရသူများနှင့် မိသားစုဝင်များအတွက် ၀မ်းနည်းကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

Tuesday, October 29, 2013

Ethnics leader Creticise 30/10/2013

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်ချက်များ


တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏

 ဝေဖန်သုံးသပ်ချက်များ


ဗိုလ်ချုပ်ကြီးစောဂျော်နီ
KNU/KNLA စစ်ဦးစီးချုပ်

၆၄ နှစ်ကျော် ကျွန်တော်တို့လက် နက်စွဲကိုင်ခဲ့တယ်ဆိုတာကလည်း လူ့ အခွင့်အရေး အပြည့်အ၀ရရှိဖို့၊ ပြီးတော့
တန်းတူအခွင့်အရေးအပြည့်အ၀ရရှိဖို့ပဲ။
ကမ္ဘာကြီးက ခေတ်မီဖွံ့ဖြိုးတိုးတက်လာ သော်ငြားလည်း ကမ္ဘာ့နိုင်ငံတွေ အသီးသီးဖွံ့ဖြိုးတိုးတက်လာသော်ငြား
လည်း ပြည်တွင်းစစ်တွေကြောင့် တိုင်းပြည်ရော ပြည်သူရော ဖွံ့ဖြိုးမှုနှေးခဲ့တယ်။
အားလုံး ဟာလည်း တိုင်းရင်းသားသွေးရင်းညီ အစ်ကိုလိုမောင်နှမတွေပါပဲ။
အချိန်တစ်ခုမှာရှိခဲ့တဲ့ ယူဆချက်လေးတွေကြောင့် သာပြဿနာတွေဖြစ်ခဲ့ရတာပါ။
ခုအပစ်အခတ်ရပ်စဲရေးဆိုတာကို အစိုးရနဲ့သဘောတူထားတယ်။ သို့သော်လည်း တစ်ခဏတာ ငြိမ်းချမ်းရေးထက်
ထာဝရ ငြိမ်းချမ်းရေးဆိုတာကို ရှေးရှုပြီးသွားဖို့ကြတော့ နှစ်ဖက်လုံးမှာတာဝန်ရှိတယ်။
တစ်ဖက်ကလည်း လုပ်နေလို့မရဘူး။ ထာဝရငြိမ်းချမ်းရေးဆိုတာကလည်း သဘောတူလက်တွဲဆောင်ရွက်မယ့်
ကျွန်တော်တို့ တိုင်းရင်းသားတွေအပြင် နိုင်ငံတော်ရဲ့ အခန်းကဏ္ဍနဲ့သဘောထားပေါ်မှာ ပိုမူတည်တယ်။
ပြောရမယ်ဆိုရင် လက်ရှိနိုင်ငံတော်အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ တိုင်း ရင်းသားတွေအတွက်
စောင့်ကြည့်ရတဲ့ အနေအထားမှာပဲရှိနေသေးတယ်။

ဗိုလ်မှူးကြီးစောဖောဒို
KNU

လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီးတော့ အားရကျေနပ်မှုရှိပါတယ်။ အပြည့်အ၀ရယ်တော့မဟုတ်
သေးဘူးပေါ့နော်။ ပြောရရင် ၇၀ ရာခိုင်နှုန်းလောက်တော့ အောင်မြင်မှုရှိတယ်။ အဲဒီအပေါ်အားရကျေနပ်မှုလည်း
ရှိတယ်။
ကျန်တဲ့ရာခိုင်နှုန်းတွေပြည့်ဖို့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာ ဖြစ်လာဖို့ အတွက်ကျတော့နိုင်ငံရေးအခက်အ
ခဲလးတွေရှိနေသေးတယ်။
ထာဝရငြိမ်းချမ်း ရေးဆိုတာကလည်း အပြန်အလှန်ယုံကြည်မှုဆိုတာ၊ နားလည်မှုဆိုတာ ခိုင်မာ စွာမတည်ဆောက်
နိုင်ဘူးဆိုရင် မဖြစ်လာနိုင်ဘူးဗျ။
နှစ်ပေါင်း ၆၀ ကျော်လက်နက်စွဲကိုင်ပြီး တော်လှန်ရေးလမ်းစဉ်ကို လိုက်ခဲ့တယ်ဆိုတာကလည်း တန်းတူအခွင့်အ
ရေးဆိုတာကို လိုချင်လို့။
ခွဲခြားဆက်ဆံခံရမှုကင်းစွာနဲ့ အားလုံးတန်းတူညီတူ အခွင့်အရေးရရှိဖို့၊ အသိအမှတ်ပြုခံရဖို့ပဲ။ ခုဒီဟာရဖို့ ကြိုးစား
နေကြတယ်။
သမ္မတ ကြီးကလည်း သူ့အစိုးရသက်တမ်းမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံးအတွက် အကောင်း
ဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ပြောခဲ့တာပဲလေ။
ဒီဘက် အစိုးရကလုပ်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရေရှည်တည်တံဖို့၊ ဒီအစိုးရလက်ထက်တင်မဟုတ်ဘဲနောက်
အစိုးရအဆက်ဆက်ထိ ခိုင်မာနေဖို့ကတော့ လက်ရှိအစိုးရမှာ အများကြီးမူတည်နေပါတယ်။ ဒီငြိမ်းချမ်းရေးတည်ဆောက်မှု Process တွေကလည်း တစ်ယောက်တည်း၊ တစ်ဖွဲ့ တည်းလုပ်လို့ရတဲ့ကိစ္စမဟုတ်
သလိုထာဝရ ငြိမ်းချမ်းရေးကို ရှေးရှုပြီး တူညီတဲ့တွဲလက် တွေနဲ့သွားတဲ့သူတွေအနေနဲ့ကတော့ အစိုးရရော၊ အဖွဲ့
အစည်းတွေရော အတ္တစွဲကင်းကင်းနဲ့လုပ်ဖို့တော့လိုတယ်။
အတ္တကိုရှေ့တန်းထားနေမယ်ဆိုရင်တော့ဘယ် တော့မှ ထာဝရငြိမ်းချမ်းရေးရမှာမဟုတ်ဘူး။


ဗိုလ်မှူးကြီးခွန်ဥက္ကာ
UNFC အထွေထွေအတွင်းရေးမှူး

တိုင်းရင်းသားတွေလိုချင်တယ်ဆိုတဲ့ ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ စစ်မှန်သော ကိုယ်စားပြုမှု၊စစ်မှန်သော ဖက်ဒ
ရယ်ပြည်ထောင်စုတစ်ခု ပီပီပြင်ပြင်ပေါ်လာဖို့ အခက်အခဲတွေ အများကြီးရှိတယ်။
Constitution တစ်ခုကို အကြမ်းဖျဉ်းအားဖြင့် လေ့လာမယ်ဆိုရင် နှစ်ပိုင်းရှိတာပေါ့ဗျာ။
တစ်ပိုင်းက Process လို့ခေါ်တဲ့ဖြစ်ပေါ်လာပုံအပိုင်း၊ ပြောရရင် ဘယ်လိုရေးဆွဲခဲ့လဲ၊ ဘယ် လိုဖြစ်လာလဲ၊ အချိန်
ဘယ်လောက်ယူလာခဲ့လဲ စသဖြင့်ပေါ့နော်။
နောက်တစ်ပိုင်းက အနှစ်သာရပိုင်းလို့ခေါ်တဲ့ နိဒါန်းက ဘာရေးတယ်၊ ဘယ်အခန်းတွေပါတယ်။ ဘယ်ပုဒ်မတွေက
ဘာတွေကို ပြဋ္ဌာန်းညွှန်းဆိုထားတယ်။ ဒါက အနှစ်သာရပိုင်း။

ကျွန်တော်တို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဖြစ်ပေါ်လာပုံအပိုင်းမှာရော၊ အနှစ်သာရပိုင်းမှာရော တိုင်းရင်း
သားအခွင့်အရေး တန်းတူညီမျှမှုနဲ့ ဖက်ဒရယ်ရဲ့စံနှုန်းတွေ အားနည်းနေသလားလို့။ ဘာလို့ဆိုတော့ ခုနကပြောတဲ့
ဖွဲ့စည်းပုံရဲ့ ဖြစ်ပေါ်လာပုံအပိုင်းရော၊ အနှစ်သာရ ပိုင်းမှာရော နှစ်ခုလုံးကို ချိန်ညှိမှရမှာ။
ခု ၂၀၀၈ မှာက နှစ်ခုစလုံးများ အားနည်းနေသလားလို့။ အဲဒီလို အားနည်းနေတာတစ်ခုကို အခြေပြုပြီးတော့ စစ်
မှန်သော ဖက်ဒရယ်ပြည်ထောင်စု စစ်ကိုသွားမယ်ဆိုရင်တော့ အားနည်းချက်တွေ အခက်အခဲတွေရှိလိမ့်မယ်။
၂၀၀၈ က ဖယ်ဒရယ်ပဲလို့ ပြောရင်လည်း နည်းနည်းလူပိန်းဆန်မယ်။

ခုဟာကအာဏာရှင်စနစ်ကနေ ဒီဘက်ကိုအရွေ့ဆိုတဲ့အနေအထားမှာပဲရှိနေသေးတယ်။ ဒီတော့တာဝန်ရှိသူတွေ
အနေနဲ့က ဒီအရွေ့လေးမှာ ဖက်ဒရယ်စံနှုန်းနဲ့ ညီတဲ့ ရွေ့လျားမှုဖြစ်လာဖို့ လုပ်ဖို့တော့လိုမယ်။
ရွေ့တာကတော့ ရွေ့လာပြီ။ အာဏာရှင်စနစ်ကို ဖက်ရှောင်ပြီးတော့ ဒီလိုအရွေ့မှာတော့ စံချိန်စံညွှန်းနဲ့ ကိုက်ညီ
အောင် တိုင်းရင်းသားတွေအားလုံးလက်ခံအောင် ရွေ့နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်။
အဲဒီလိုဖြစ်လာရင်လည်း ကျွန်တော်တို့တိုင်းရင်းသားတွေက ကြိုဆိုမှာပါ။


ဗိုလ်မုတ်သိုလ် (ဗိုလ်မှူးကြီးစောမုတ်သိုလ်)
DKBA မှ နယ်ခြားစောင့်တပ် ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သူ

ဖက်ဒရယ်ဆိုတာကလည်း ကိုယ်စားပြုမှုတစ်ခုပဲ။ အဲဒီမှာအနှစ်သာရတွေဖြစ်တဲ့ တန်းတူညီတူအခွင့်အရေး၊ ကိုယ်
ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိရေးစတာတွေကလည်း ဥပမာ ကရင်ဆိုရင် ကရင်လူထုက ဆန္ဒပေးရွေးချယ်ပြီးမှ က
ရင်ပြည်နယ်ကို အုပ်ချုပ်စေလိုသူကို ရွေးချယ်တင်မြှောက်ခွင့်ရှိရမယ်။
ဆိုချင်တာက အာဏာက ပြည်သူက ဆင်းသက်တယ်ဆိုတဲ့သဘောပေါ့နော်။
ကရင်ပြည်နယ်ရဲ့အုပ်ချုပ်မှုက ကရင်လူမျိုးတွေဆီက ဆင်းသက်တာမဟုတ်ဘူး။
ရှမ်းပြည်နယ်ရဲ့အုပ်ချုပ်မှုက ရှမ်းလူမျိုးတွေဆီက ဆင်းသက်တာမဟုတ်ဘူးဆိုရင် ဒါကို စစ်မှန်သော ကိုယ်စားပြု
ဖက်ဒရယ်လို့ လုံးဝယူဆလို့မရဘူး။
ခု ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ထာဝရငြိမ်းချမ်းရေးဆိုတာအတွက် အတူပူးပေါင်းလက်တွဲပြီးလုပ်နေ
တယ်။ ကြိုးပမ်းနေတယ်။ သို့သော်လည်း အောက်ခြေမှာဖြစ်နေတာတွေက ဒေသအချို့မှာ ကျွန်တော်တို့ တိုင်းရင်း
သားတွေအပေါ် နည်းလည်မှုမရှိတဲ့ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့ အလေ့အကျင့်တွေကို နားလည်မှုမရှိတဲ့
အုပ်ချုပ်ရေးပိုင်းက လူတချို့ကြောင့် ဖက်ဒရယ်ဆိုတာကြီးက မပီမပြင်ဖြစ်နေတယ်။
ဖက်ဒရယ်ဆိုကတည်းက သက်ဆိုင်ရာတိုင်းရင်းသားတွေက သူတို့ကိုအုပ်ချုပ်စေလိုသူကို သူတို့က ရွေးချယ်နိုင်ရ
မယ်။ အဲဒီလို ရွေး ချယ်တင်မြှောက်ခံရသူကလည်း အဲဒီ တိုင်းရင်းသားတွေရဲ့ လူနေမှု၊ အနေ အထား၊ သဘောသ
ဘာဝကို နားလည် သူဖြစ်ရမယ်။ ဒါမှပဲ အပြန်အလှန်ပူး ပေါင်းဆောင်ရွက်မှုဆိုတာ ဖြစ်လာမှာလေ။
ခု လက်ရှိအနေအထားအရတော့ အဲဒီအချက် အားနည်းနေသေးတယ်။ တိုင်းရင်းသားနယ်မြေတွေအချို့မှာ အုပ်
ချုပ်နေသူတချို့က အဲဒီဒေသခံတိုင်းရင်းသားတွေအကြောင်း ဘာမှနားမလည်ကြဘူး။
ဒီတော့ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုတာ ဘယ်ဖြစ်လာတော့မလဲ။


ဗိုလ်မှူးကြီး စိုင်းသောင်းညွန့်
SSA(s) အထူးအရာရှိ

ဖက်ဒရယ်စနစ်တစ်ခု၊ ဖက်ဒရယ်မူတစ်ခုဆိုတာက ကာလအခြေအနေပေါ်မူတည်ပြီးမှ သူ့စံနှုန်းတွေနဲ့ လုပ်ရတာ
လေ။ ဖက်ဒရယ်စနစ်တစ်ခုဆိုတာက ပုံသေကားချပ်လို ပုံသေသတ်မှတ်ထားလို့လည်းမရဘူး။
အရင်တုန်းက ရှိခဲ့တဲ့ ဖက်ဒရယ်မူဆိုတာလည်း အဲဒီခေတ်ရဲ့အချိန်အခါပေါ်မူတည်ပြီး လုပ်ခဲ့ရတာလေ။
ခုချိန်ကြတော့မှ ဟိုးယခင်က ဖက်ဒရယ်အတိုင်း၊ နဂိုပင်ရင်းအတိုင်း လက်ရှိကာလအတွက် ပြန်လုပ်မယ်ဆိုတာ
မျိုး ဥပမာ ၁၉၄၇ တုန်းက ကျင့်သုံးတဲ့ ဖက်ဒရယ်စနစ်မျိုး ခုလက်ရှိမှာပြောဖို့ဆိုတာကြတော့ အခြေအနေက အ
ရမ်းကွာသွားပြီ။ ကွာဟချက်တွေလည်း အများကြီးရှိသွားပြီ။

ခုချိန်က ဖက်ဒရယ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားပေါင်းစုံက ပြောဆိုနေကြတယ်။ ဒီမှာ ကျွန်တော် မြင်တာက တိုင်း
ရင်းသားပေါင်းစုံစုစည်းပါဝင်တဲ့ ဖက်ဒရယ်မူကြီးတစ်ခုဖြစ်ပြီးမှ အဲဒီလို တိုင်းရင်းသားတွေအားလုံးရဲ့ အကောင်းဆုံး
ဆိုတဲ့ အမြင်တွေကိုစုစည်းပြီးမှ ပြန်လုပ်မယ့်ဖက်ဒရယ်မူကသာ ခုလက်ရှိ စနစ်ရော၊ အနေအထားနဲ့ရော အလိုက်
ညီဆုံးဖြစ်လိမ့်မယ်။


ဗိုလ်မှူးကြီးတိုက်ဂါး
KNU/KNLA(PC)အထူးဗျူဟာမှူး

ခုသမ္မတကြီးဦးသိန်းစိန်ခေါင်းဆောင်ပြီး ငြိမ်းချမ်းရေးလုပ်တယ်။ ဒါပေမဲ့ အောက်ခြေပိုင်း ၀န်ထမ်းတွေထဲမှာ အဲဒီ
ငြိမ်းချမ်းရေးကို ဖျက်စီးနေတဲ့သူတွေရှိတယ်။ တိုက်ရိုက်အားဖြင့် ဖျက်ဆီးနေတယ်လို့ ဆိုလိုတာမဟုတ်ဘူး။
အဲဒီ အောက်ခြေ၀န်ထမ်းတချို့ရဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံမှုနဲ့ သဘောထားတွေ၊ အပြုအမှုတွေက ငြိမ်း
ချမ်းရေးဆိုတာကို သွားနေတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာကို ပျက်စီးရာပျက်စီးကြောင်း သဘောမျိုးသက်ရောက်
နေတယ်။
အမှန်တကယ်ဆိုရင် အပေါ်ပိုင်းက လူကြီးတွေ ထာဝရငြိမ်းချမ်းရေးကိုလုပ်နေချိန်မှာ အောက်ခြေပိုင်းက ၀န်ထမ်း
တွေကိုလည်း ငြိမ်းချမ်းရေးဆိုတာကို ချစ်တတ်အောင် မြတ်နိုးတက်အောင်နဲ့ တကယ့် အစစ်အမှန်ငြိမ်းချမ်းရေးကို
သွားချင်ရင် ဒီလိုတင်းမာတာတွေ၊ ဆိုးဝါးတဲ့အပြုအမူတွေ မရှိစေဖို့ သေသေချာချာ သင်ပေးဖို့လိုမယ်ထင်တယ်။

Festival of Nations in America 30/10/2013

ကရင့်အမျိုးသားအလံတော်နှင့် ကရင့်ယဉ်ကျေးမှုကို ကမ္ဘာကပိုသိစေသော Festival of Nations ပွဲတော်


ဒီကနေ့ အောက်တိုဘာ(၂၇)ရက်နေ့ မနက်(၁၀)နာရီအချိန်မှာ နယူးယောက်ဆောင်းဦးရာသီရဲ့ အအေးဒဏ်ကို မမှုအားပဲ ကိုယ့်ရိုးရာဝတ်စုံကိုယ်စီဝတ်ဆင်ပြီးတော့ Festival of Nations ပွဲတော် ကျင်းပရာ အော်ဘနီမြို့လယ်ဖြစ်တဲ့  Empire State Plaza, Convention Center ကို ကရင်တွေ တစုပြီးတစု ချီတက်လာကြတာကို တွေ့ရပါတယ်။



ဒီနှစ်ကျင်းပတဲ့ (၄၂)ကြိမ်မြောက် Festival of Nations ပွဲတော်မှာ နိုင်ငံပေါင်း(၂၀)ကျော်ပါဝင်ပြီး မတူကွဲပြားခြားနားနေတဲ့ မိမိယဉ်ကျေးမှုရိုးရာအကတွေကို ဖေါ်ထုတ်ပြတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စည်းလုံးညီညွတ်မှုပြယုဂ်တခုလည်း ဖြစ်ပါတယ်။

ကိုယ်ပိုင်ယဉ်ကျးမှု၊ စာပေ၊ ဘာသာစကားနဲ့ ရပ်တည်နေတဲ့ အမေရိကန်ရောက် ကရင်အမျိုးသား တွေအနေနဲ့လည်း မြူးကြွသောကကွက်၊ မြိုင်ဆိုင်သောကကြိုးကဟန်နဲ့ ရိုးရာဒုံးအကကို တက်ရောက် ဖျော်ဖြေကပြခဲ့ပါတယ်။



ဒီနှစ်မှာတော့ ကရင်လူမျိုးတွေအနေနဲ့ ထူးခြားပြီးပို၍ ဂုဏ်ယူစရာကောင်းတာကတော့ နိုင်ငံကိုယ်စားပြု အလံအစား မိမိကရင်လူမျိုးတို့ရဲ့ အမျိုးသားအလံတော်ကို ချီတက်ခွင့်နဲ့ စိုက်ထူခွင့် ရခဲ့တာပဲဖြစ်ပါတယ်။ တက်ရောက်အားပေးကြတဲ့ ကရင်အမျိုးသားတွေလည်း စိတ်ဓါတ်ခွန်အား တက်ကြွလန်းဆန်းနေကြတာကိုလည်း တွေ့ရပါတယ်။

'' နောက်နှစ် နောက်နှစ်တွေလည်း ကျွန်တော်တို့ယဉ်ကျေးမှုတွေ ကမ္ဘာကပိုသိအောင် ကျွန်တော်တို့ ၀ိုင်းဝန်းပြီးကြိုးစားဖို့လိုတယ်။ ပိုပြီးအရေးကြီးတာက မျိုးဆက်သစ်တွေကို ကိုယ့်ရိုးရာယဉ်ကျေးမှုကို ခုံမင်အောင် လမ်းပြပေးရပါမယ်၊ မဟုတ်ရင်တော့ နှစ်ကြာလာတာနဲ့အမျှ မျိုးဆက်သစ်ကရင်ကလေးငယ်တွေက ဘာမှသိရှိနားလည်တော့မှာမဟုတ်ဘူး'' ဆိုပြီး ကရင်လူငယ်ဒုံးအဖွဲ့ကို ဦးစီးသူ ဆရာစောထူးက  ဆိုပါတယ်။



နိုက်ဂျေးရီးယား၊ အီသီယိုးပီးယား၊ ဘင်္ဂလားဒေ့(ရှ်)၊ အိန္ဒိယ၊ ရုရှား၊ ကိုးရီးယား၊ ဒိုမေနီကန်၊ ပါကိစ္စတန်၊ စကော့တလန်၊ အစ္စရေး၊ တူရကီ၊ ယူကရိန်း၊ အာမေးနီးယား၊ အာဂျင်တီးနား၊ ပိုလန်၊ လာဘေးရီးယား၊ တရုတ်၊ ပေါ်တိုရီကို စတဲ့ နိုင်အသီးသီးတွေရဲ့ လူမျိုးစုရိုးရာအကတွေကိုလည်း စုံလင်စွာ တွေ့မြင်ခဲ့ရသလို မိမိတို့ရဲ့ ရိုးရာအ၀တ်အစားနဲ့ အစားအသောက်တွေကိုလည်း တည်ခင်းရောင်းချနေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။



Miss Festival of Nations ကာယအလှမယ်ရွေးချယ်တဲ့အစီအစဉ်မှာတော့ ကရင်အမျိုးသမီးငယ်
 Ko Koh ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ စကာတင်(၅)ယောက်ထဲမှာတော့ တရုတ်၊ အိန္ဒိယ၊နိုင်ဂျေးရီးယား၊ တူရကီနဲ့ အီသီယိုးပီးယားတှိုဝင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ရေပန်းစားပြီးပရိသတ် အားပေးမှုရခဲ့တဲ့ တရုတ်အလှမယ် Alice Zheng လွဲချော်ခဲ့ပြီး အဖက်ဖက်မှ ထူးချွန်ပိုင်နိုင်တဲ့ တူရကီ အလှမယ် Ayse Angelina Guveni က Miss သရဖူရခဲ့ပါတယ်။



ဒီပွဲတော်ကတော့ မနက်(၁၁)နာရီကနေ ညနေ (၅)နာရီအထိ ကျင်းပသွားခဲ့တာဖြစ်ပါတယ်။















တူရကီအလှမယ်နဲ့ ကိုးဒီသွေး လူငယ်ဓါတ်ပုံဆရာ Saw Pree Pree




ိုKachin and Burmese is still fighting 30/10/2013

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ဦးဆောင်သည့် နေပြည်တော် အထူး စစ်ဗျူဟာ အ၀ိုင်းခံ ထားရ

Written by ရွှေဟင်္သာသတင်းဌာန

KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး တို့အား ပြီးခဲ့သည့် မြစ်ကြီးနား တွေ့ဆုံ ပွဲ၌ အတူ တွေ့ရစဉ်

ကချင် လွတ်လပ်ရေး တပ်မတော် (KIA ) တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၂) သည် အစိုးရ အထူး စီမံ ထားသည့် နေပြည်တော် စစ်ဗျူဟာ (၂) အား (၇) ရက် တိုင်တိုင် ၀ိုင်းထားဆဲ ဖြစ်သည့် အပြင် စစ်ကူ လာပေး နေသည့် အထူး စစ်ဗျူဟာ (၃) ကိုလည်း ယနေ့ မနက် ပိုင်းတွင် ထပ်မံ တိုက်ခိုက် နေဆဲ ဖြစ်သည်ဟု KIA တပ်ရင်း (၁၂) မှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် (Major Labang Jawn Awng) က ဆိုပါသည်။

“ ဒီနေ့ မနက် (၆း၃၀) နာရီ ကနေ အခုထိ (၂ နာရီခွဲ) တိုက်ပွဲက ဖြစ်နေ တုန်းဘဲ။ ဗျူဟာ (၃) ကနေ“လား” အကောင် (၅၀) ကျော်နဲ့ ရိက္ခာလား၊ ကျည်ဆံ လားတော့ မသိဘူး၊ ဗျူဟာ (၂)ကို လာပြီး စစ်ကူ ပေးတာလေ။ အဲဒါကို ကျနော်တို့ လူတွေ ဖြတ်တိုက် နေတာပေါ့။ တိုက်ပွဲ ကတော့ မနေ့ ညနေ ကတည်းက နည်းနည်း စဖြစ် လာခဲ့ တယ်လေ ဗျူဟာ (၃) နဲ့က” ဟု ဆိုပါသည်။

ဗိုလ်မှူးကြီး မင်းနိုင်ဦး ဦးဆောင်သည့် နေပြည်တော် အထူး စစ်ဗျူဟာ (၃) သည်အ၀ိုင်းခံ နေရသည့် အထူး စစ်ဗျူဟာ (၂) အား စစ်ကူ ပေးနေခြင်း ဖြစ်ပါသည်။ ယင်း ဗျူဟာ (၃) အား KIA တပ်ရင်း (၁၂) ကွန်မန်ဒို တပ်များက မနက် (၆) နာရီ ခွဲမှ ညနေ (၂) နာရီခွဲ အထိ ဖြတ်တိုက် နေခြင်း ဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်လျှက် ရှိပါသည်။ ယင်း ဗျူဟာတွင် ရိက္ခာနှင့် ကျည်ဆံများ တင်ဆောင် လာသည့်လား အကောင် (၅၀) ကျော်လည်း ပါလာ ခဲ့သည်ဟု ဆိုပါသည်။ စစ်ဗျူဟာ (၃) တွင် ခလရ (၂၇၆)၊ ခလရ (၂၂၃)၊ ခမရ (၆၀၁) တပ်ရင်းမှ တပ်ဖွဲ့ များဖြင့် စုဖွဲ့ ထားပါသည်။

ဗိုလ်မှူးကြီး မိုးဇော် ဦးဆောင်သည့် နေပြည်တော် အထူးဗျူဟာ (၂) သည် ပြီးခဲ့သည့် အောက်တိုဘာ (၂၂) ရက်နေ့ ကတည်းက ရှမ်းပြည်နယ် မြောက်ပိုင်း မဘိန်း မြို့နယ် ဆဂနမ်ခွမ် (Saga Nam Hkum) ရွာဟောင်း တိုက်ပွဲ ဂွင်တွင် အ၀ိုင်းခံ ခဲ့ရခြင်း ဖြစ်သည်ဟု KIA တပ်ရင်းမှူးက ဆိုပါသည်။

ဤသို့ကြောင့် ရိက္ခာ ပြတ်တောက်ခြင်း၊ ကျည်ဆံ ပြတ်လတ်ခြင်း ဖြစ်လာ နေသည့် အတွက် အကူအညီ တောင်းခံ ထားသည်ဟုဗျူဟာ (၂) မှ အဖမ်းခံ ထားရသည့် အစိုးရ တပ်မှ သုံ့ပန်း တဦး ဖြစ်သူ တပ်ကြပ်ကြီး ကိုနိုက ဆိုပါသည်။ စစ်ဗျူဟာ (၂) တွင် ခမရ (၄၈၉) ၊ ခမရ (၃၂၀) နှင့် ခလရ (၄၇) တပ်ဖွဲ့များ ပါဝင်သည်။

KIA တပ်ရင်း (၁၂) သည် နယ်မြေ ကျွှမ်းကျင် မှုကို အသုံးချပြီး အစိုးရ စစ်ဗျူဟာ (၂) အား၊ ကွန်မန်ဒို တပ်ဖွဲ့ဖြင့် လည်းကောင်း၊ ခံစစ် အသွင်ဖြင့် လည်းကောင်း မိုင်းကွင်း များဖြင့် လည်းကောင်း၊ ပျောက်ကျား တပ်ဖွဲ့ များဖြင့် လည်းကောင်း ဗျူဟာ အမျိုးမျိုး သုံးကာ ၀ိုင်းထားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ဤကဲ့သို့ ၀ိုင်းထားသော အထူး စစ်ဗျူဟာ (၂) တပ်ဖွဲ့ကို တည်ကြက် ထားပြီး ပေးလာသော စစ်ကူ အထူး စစ်ဗျူဟာ (၃)ကို KIA ကွန်မန်ဒို တပ်များက ထပ်မံ တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။

ဗိုလ်မှူးကြီး မင်းနိုင်ဝင်း ဦးဆောင်သော အထူး စစ်ဗျူဟာ (၁)တွင် ခမရ (၃၈၇)၊ခမရ (၃၁၉)နှင့် ခလရ (၅၆) တပ်များ ပါဝင်သည်။ ဤ စစ်ဗျူဟာသည် နယ်မြေထိမ်း စစ်ဗျူဟာ ဖြစ်ပြီး ကျေးရွာ များ၏ အ၀င် အထွက်နှင့် ဆက်သွယ်ရေး များကို ထိမ်းချုပ် ထားပြီး မုန်းဒိန်ပါ ဒုက္ခသည် စခန်း ကိုလည်း ၀င်ရောက် တိုက်ခိုက်ခဲ့သော စစ်ဗျူဟာ ဖြစ်သည်ဟု ဆိုပါသည်။

ထို့ပြင် မန်စီ မြို့နယ်မှ မိုင်းခေါင်နှင့် ဘန်ခမ်း ဖက်တွင်လည်း အထူး စစ်ဗျူဟာ တခု ရံထား သေးသည်ဟု ဆိုပါသည်။ ဤ အထူး စစ်ဗျူဟာ (၃) ခုသည် ကချင်ပြည်နယ် ဗန်းမော် ခရိုင်တွင် အခြေ စိုက်သည့် KIA တပ်မဟာ (၃) အား စစ်ဆင် နေသည့် အထူး စစ်ဗျူဟာ (၆) ခု အနက်မှ (၃) ခု ဖြစ်ပါသည်။

ဤစစ်ဗျူဟာ များသည် အစိုးရ နေပြည်တော် စစ်ရုံး ချုပ်မှတိုက်ရိုက် ကွပ်ကဲသော အထူး စစ်ဗျူဟာများ ဖြစ်ပြီး ကစထ မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးမှ တိုက်ရိုက် ကွပ်ကဲ နေခြင်း ဖြစ်သည်ဟု ဖမ်းမိသော သုံ့ပန်း၏ ထွက်ဆိုချက် များအရ သိရကြောင်း ဗိုလ်မှူး လဘန် ဂျွန်းအောင်က ဆိုပါသည်။

အစိုးရ တပ်များသည် KIA နှင့် အစိုးရ ကိုယ်စားလှယ်တို့ တိုက်ခိုက်မှု လျှော့ချရေး သဘော တူညီချက်များ ရရှိပြီး နောက်ပိုင်းမှ ယခု ကဲ့သို့ တိုက်ပွဲများ ပြင်းထန် လာခဲ့ သည်ဟု ဗိုလ်မှူး လဘန်ဂျွန်း အောင်က ဆိုပါသည်။ ယခင် ကမူ ဒေသခံ တပ်ရင်း စစ်ကြောင်း များဖြင့် တလလျှင် နှစ်ကြိမ်သာ တိုက်ပွဲ ဖြစ်ခဲ့ ကြရာမှ ယခု ကဲ့သို့ အထူး ဗျူဟာမြောက် စစ်ဆင် လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

Sunday, October 27, 2013

Unfair game_Burmese version_ Mp4 27/10/2013

Unfair game_Burmese version_ Mp4 27/10/2013

The KNU has engaged in the ceasefire agreement however the political dialogue cannot be moved to anywhere. In contrst, due to the rapid penetration business investments, community livelihoods have fragmented. Case study of Pawklo area, Dawei region.


ဒီသတင်းနှင့် ပတ်သက်ပြီး KNU ဘက်မှ ရှင်းရှင်းလင်းလင်း တုံ့ပြန်ဖြေရှင်းဖို့လို

The Voice Weekly က သတင်းပါ။ KNU အပေါ် အထင်မှားအမြင်မှား မဖြစ်အောင် ဖြေရှင်းပေးဖို့လိုပါတယ်။


အငြင်းပွားလယ် ထွက်ရှိစပါး KNU ခွဲပေးရန် တောင်းဆို

ထန်းတပင်၊ အောက်တိုဘာ ၂၆

တောင်ငူခရိုင် ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စုတွင် အငြင်းပွားမှု ဖြစ်ပွားနေသော လယ်မြေ ဧက၂၀၀ တွင် စိုက်ပျိုးထားသည့် လယ်ဧက ၅၀ မှ ထွက်ရှိမည့် စပါးတစ်ဝက်ကို ခွဲပေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) အမှတ် (၆) တပ်ရင်းက တောင်းဆို ခဲ့ကြောင်း ဒေသခံ တောင်သူများက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီအချိန်က ထန်းတပင်မြို့နယ် ပျဉ်ဂန်းကျေးရွာ၌ အငြင်းပွားမှု ဖြစ်ပွားနေသော လယ်မြေ ဧက၂၀၀ တွင် လယ်စိုက်ထားသည့် တောင်သူများကို ခေါ်ယူ တွေ့ဆုံ တောင်းဆိုခဲ့ရာတွင် KNU အမှတ် (၆) တပ်ရင်းက ဗိုလ်ကြီး ဖဒိုစောတောသာက စိုက်ထားသော လယ်များကို ရိတ်သိမ်းမည်ဆိုပါက စပါးတစ်ဝက် ခွဲပေးရန်နှင့် မပေးနိုင်ပါက ရိတ်သိမ်းခွင့်ပြုမည် မဟုတ်ဟု ပြောကြားကြောင်း ထန်းတပင်မြို့နယ် တပြေးကျေးရွာနေ လယ်လေးဧကခန့် စိုက်ပျိုးထားသူ ဦးတင်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ထန်းတပင်မြို့နယ် တပြေးကျေးရွာမှ တောင်သူနှစ်ဦး အပါအဝင် ဒေသခံတောင်သူ ၁၀ ဦးခန့် ရှိနိုင်ပြီး KNU တပ်မဟာ (၂) လက်အောက်ခံ အမှတ် (၆) တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိ ဖဒိုစောတောသာ အပါအဝင် ငါးဦးခန့်က လာရောက်တွေ့ဆုံ အမိန့် ထုတ်ပြန်သွားခြင်း ဖြစ်သည်ဟု ထန်းတပင်မြို့နယ် တပြေးကျေးရွာမှ သွားရောက် တွေ့ဆုံခဲ့သူ တောင်သူနှစ်ဦးက ဆိုသည်။

လွန်ခဲ့သော စက်တင်ဘာလ အတွင်းက ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စု ကွင်းအမှတ် (၄၆၂ခ) ဦးပိုင်အမှတ် (၂၆/၁၊၂၆/၂၊၂၆/၃) တွင် စိုက်ပျိုးထားသော လယ်မြေများကို KNU တပ်ရင်း (၆) တာဝန်ရှိသူများက ရိတ်သိမ်းခြင်း မပြုရန် လာရောက် တားမြစ်ခဲ့သည့်အတွက် လယ်ယာမြေ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်ထံ စက်တင်ဘာလ၂၈ ရက်နေ့က တင်ပြ တိုင်တန်းခဲ့ရပြီး ယခုကဲ့သို့ စိုက်ပျိုးပြီးလယ်မှ ထွက်ရှိသော စပါးကို တစ်ဝက်ပေးအပ်ရန် တောင်းဆို ခံခဲ့ရကြောင်း နစ်နာသူတောင်သူများက ဆိုသည်။


“ကျွန်တော်တို့ တောင်သူတွေဘက်က ဘယ်သူကမှ မရပ်တည်ပေးသလို ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ခေါင်းငုံ့ မခံနိုင် ပါဘူး။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကြီးထံ တိုင်ကြားစာ ပေးပို့သွားပါမယ်” ဟု ထန်းတပင်မြို့နယ် တပြေးကျေးရွာမှ ဒေသခံတောင်သူ ဦးမြင့်အောင်က ဆိုသည်။

ဒေသခံ တောင်သူများက ကေအန်ယူ တပ်ရင်း (၆) က ဝင်ရောက် စွက်ဖက်နေသည်ဟု အကြိမ်ကြိမ် ပြောဆိုသော်လည်း အဆိုပါ တပ်ရင်းမှူး ဗိုလ်မှူးစောမောင်ရွှေက ဒေသခံ တိုင်းရင်းသားများ စိုက်ပျိုး လုပ်ကိုင်ခဲ့သည့် မြေများကို မူလပိုင်ရှင် ကရင်လူမျိုးများ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် ဗဟိုက ခိုင်းစေ၍ ဝင်ရောက်တိုင်းတာ စစ်ဆေးပေးနေခြင်းသာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။

ယင်းပြဿနာနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး တောင်ငူခရိုင် ဥက္ကဋ္ဌ ဖဒိုစောအဲဝါးထံသို့ ဆက်သွယ်ရန် ပေးထားသည့်ဖုန်း-၀၉ ၄၂၈ ၂၀ ၈၉၀၅ ကို The Voice မှ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် လက်ခံဖြေကြားပေးသူနှင့် မတွေ့ရှိခဲ့ရချေ။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်တွင် နယ်မြေလုံခြုံရေး အခြေအနေအရ စွန့်ခွာခဲ့သူ ဒေသခံက ရင်တိုင်းရင်းသားများနှင့် လက်ရှိ လုပ်ကိုင်နေသူများအကြား လွန်ခဲ့သော ငါးလခန့်မှစတင်ကာ ပိုင်ဆိုင်ခွင့် အငြင်းပွားနေခြင်း ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုက တရားမဝင် ဝင်ရောက် စီမံခန့်ခွဲနေခြင်း ဖြစ်ကြောင်း ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။


Friday, October 25, 2013

U Than Shwe worry about his life 26/10/2013

ရုပ်ဆိုးအကျည်းတန်သောနေ့ရက်များဖြင့် ဘ၀နေ၀င်ချိန်အဆုံးသတ်ရမည်ကို စစ်အာဏာရှင်ဟောင်းက အထူးစိုးရိမ်နေ



၁၁ ဘီလျှံ ကိစ္စ ၊ ဖွဲ့  စည်း ပုံ အခြေခံ ပြင် ဖို့  အချက် ၊ သူ့  ကို မလိုလား တဲ့
သူ တွေ အုပ် စု ဖွဲ့  အား ကောင်း လားမှု ၊ မြေးဖြစ် သူ နေရွှေသွေးအောင် ကို ဝေဖန် မှု တွေ များ လာ ခြင်း အတွက် ဘီးတပ် ကုလားထိုင် ဖြင့် သွား လာ နေရ သည့် ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ က မြန်မာ နိုင်ငံ ရေး ကို အထူး စိုးရိမ် ကြောင်း လွှတ် တော် ဥက္ကဌ သူရ ဦးရွှေမန်း ကို ပြော သည် ဟု FNG မှ သတင်း ရရှိသည်။

" သူ တို့  နှစ်ဦး တွေ့ ချိန် မှာ တော့ အများ ကြီး ပြော မှာ ပေါ့၊ ရွှေမန်းရာ အခု ဆယ့် တစ် ဘီလျှံ ကိစ္စ ၊ ဖွဲ့  စည်း ပုံ ပြင် ဖို့  စတဲ့ အချက် တွေ ဟာ ငါ့ ကို ကြိုးကွင်းစွပ် မယ့် ကိစ္စတွေ ပဲ ၊ ငါ စိုးရိမ် တယ် ကွာ လို့  ပြော မှာ ပေါ့ ၊ ဒါပေမယ့် ဦးရွှေမန်း ကတော့ အဲလို ကြီး ဘယ် ပြော မလဲ မီဒီယာ တွေ ကို
ဗိုလ်ချုပ်မှုးကြီး က နိုင်ငံ ရေး အခြေအနေ ကို စိုးရိမ် တယ် လို့  ပဲ ပြော တာ ပေါ့ " ဟု ဦးရွှေမန်း မိသား စု နှင့် နီးစပ် သူ တစ်ဦး က FNG ကို ပြောသည်။

ဦးသန်းရွှေ သည် ကျန်းမာရေး အလွန် ချို့  ယွင်း နေ ပြီး ဦးရွှေမန်း နှင့် ဇနီး လာရောက် ကန် တော့ ချိန် တွင် ဘီးတပ် ကုလား ထိုင် ဖြင့် သွားလာ လှုပ်ရှားမှု ပင် ပြု နေရ ကြောင်း ကို လည်း FNG မှ သိရသည်။

မြန်မာ့ တပ်မတော် မှ အရာ ရှိ တစ်ဦး က ဗိုလ်ချုပ်မှုးကြီး မှာ တပ် ကို သိပ် ပြီး သြဇာ လွှမ်း တဲ့ အင်အား မရှိ တော့ ဘူး၊ သူ အမိန့် ပေး လို့ လဲ မရ တော့ ဘူး ၊ သူ့  ရဲ့  အာဏာ ဆုံး သတ် ပြီ ဟု သုံးသပ် ပြောကြား သည်။

ဦးခင်ညွှန့် ၊အာဏာရှင် ဟောင်း ဦးနေ၀င်း ၏ သမီး ဒေါ်ခင်စန္ဒာဝင်း နှင့် စစ်ထောက်လှမ်း ရေး ဟောင်း များ တစ်စခန်း ထလာ ခြင်း အပေါ် လည်း ဦးသန်းရွှေ အထူး စိုးရိမ် နေ ပုံ ရသည် ဟု နားကြီး မျက်စေ့ ကြီး ရပ်ကွက် မှ
အရေး ပါသူ တစ်ဦး က FNG ကို ပြောသည်။

ဦးရွှေမန်း သည် ဖွဲ့  စည်း ပုံ ပြင်ရေး ကို လိုလား ထောက်ခံ သူ ဖြစ် ပြီး ၊ ထိုကိစ္စ အတွက် မစိုးရိမ် ရန် အတွက် လည်း ဗိုလ်ချုပ်မှုး ကြီး ကို သွားရောက် ဖျောင်းဖြ ခြင်း ဖြစ် နိုင်သည် ဟု ဦးရွှေမန်း နှင့် နီးစပ် သော သူ များ က သုံး သပ် ကြသည်။

မြန်မာ နိုင်ငံ အား စစ်အာဏာရှင် စနစ် အုပ် ချုပ်ရေး အဆုံး သတ် ရန် ရက်ပိုင်း အလို တွင် သူ နှင့် သူ့  မိသားစု ကို ဘယ်တော့ မှ မထိရန် ထိုစဉ် က သမ္မတ အဖြစ် ရွေးချယ် ခံရသူ ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲစ ဦး သိန်းစိန် ကို မှာ ကြား ခဲ့ သည် ဟု သိရသည်။

သီတင်းကျွတ် ကာလ တွင် စစ်ခေါင်းဆောင် ဟောင်း ကို သွားရောက် ကန် တော့ ပြီး နောက် ချက် ခြင်း ပင် သတင်းထောက်များ ကို ပြန်လည် ပြောကြား ခဲ့သည့် ဦးရွှေမန်း က သူ့  နိုင်ငံ ရေး မှာ မပါ တော့ ဘူး ၊ ပါလို့  လဲ မရ တော့ ဘူး ဟု ဆို သည့် စကား လုံး ကို ထူးခြား စွာ ပြောဆိုခဲ့သည်။

ဦးသန်းရွှေ သည် အိုမင်းရင့် ရော် ချိန် ဉ် ဘ၀ ဇာတ် သိမ်း မလှ ပ မှာ အထူးစိုးရိမ် နေ ပြီး သွားလေသူ ဦးနေ၀င်း ကဲ့ သို့  မလှပ သည့် နေ့ များ ကို နား ကျဉ်းဖွယ်ရာ ကျော် ဖြတ် ရ မှာ အထူး စိုးရိမ် ခြင်း ပင် ဖြစ် ကြောင်း
ဦးသန်းရွှေ ၏ လုပ် ဖော် ကိုင် ဖက် ဟောင်း ထိပ်တန်း စစ်တပ် အရာရှိ ဟောင်း တစ်ဦး က FNG ကို ပြောသည်။

Thursday, October 24, 2013

KNU/KNLA-PC Dr Tit Ma They Explain about explosion in burma 25/10/2013

အယုံအကြည် မရှိသော ဗုံးပေါက်ကွဲမှု သတင်းစာ ရှင်းလင်းပွဲ အပေါ် မေးခွန်းထုတ်

KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုသေ KNU/KNLA-PC အဖွဲ့မှ ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုသေ ဓါတ်ပုံ - (KNU/KNLA-PC)
ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) သည် အစိုးရနှင့် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် အပစ်အခတ်ရပ်စဲခဲ့ပါ သည်။
၎င်းတို့ အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ကရင်ပြည်နယ် မြ၀တီ ခရိုင် မြောက်ဖက်တွင် အခြေချ ခဲ့ပါသည်။ ၄င်းတို့သည် လတ်တလော အခြေ အနေတွင် မြန်မာနိုင်ငံ အနှံ့ နေရာ အများ အပြားတွင် ဗုံးပေါက်ကွဲ ခဲ့ဖြင့် ထိုလုပ်ရပ် မျိုးကို ပစ်တင် ရှုတ်ချခဲ့ ပါသည်။ ဗုံးပေါက်ကွဲ မှုကြောင့် အနည်းဆုံး နှစ်ဦး သေဆုံး ခဲ့ပြီး ဒါဏ်ရာ ရရှိ ခဲ့မှု အပေါ် ၀မ်းနည်းကြောင်း ထုတ်ဖေါ်ခဲ့ပါသည်။
 ဤသို့ကြောင့် ၄င်းတို့၏ သဘောထား အသေးစိတ်ကို သိရှိ နိုင်ရန် ကရင် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှုးချုပ် တီမိုသီကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။ ထိုကဲ့ သို့သော ဗုံးပေါက် ကွဲမှု လုပ်ရပ် မျိုးကို ရှုတ်ချ ခဲ့သော်လည်း အစိုးရ၏ သတင်းစာရှင်း လင်းပွဲ ကျင်းပ ပုံနှင့် အထောက်အထား ထွက်ဆိုမှု များကြောင့် စွပ်စွဲမှု များသည် အဓိပ္ပါယ် မရှိကြောင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါ သည်။
မေး။ ။ အစိုးရ သတင်းစာ ရှင်းပွဲအပေါ် မေးခွန်း ထုတ်လို တာက ဘယ်အပိုင်းကို ပြောတာ ပါလဲ။
ဖြေ။      ။ ကောင်းပါပြီး။ အခု ဗုံပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရ ဘက်ကနေ နိုင်ငံခြားသားတွေနိုင်ငံတကာ သတင်းစာတွေပြည်တွင်း သတင်းစာတွေ ရှေ့မှာ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပ ခဲ့တာနော်။ ဖမ်းမိတဲ့ သူရဲ့ အရှေ့ နာမည်က (စော) တပ်ပြီး အဲဒီလူက ဘယ်သူလဲ ဆိုတာ ကိုလည်း အများ သိအောင် လူကို ထုတ်ပြ ပေးသင့် ပါတယ်။ အခုတော့ အစိုးရ ဘက်က ဖမ်းမိတဲ့ သူက ဘယ်သူ ဘယ်ဝါ ဆိုတာကို သတင်းစာ ရှင်းလင်း ပွဲမှာ  ခေါ်ပြ တာမျိုးလည်း မလုပ်ဘူး။ နာမည် ကိုပဲ ထုတ်ပြပြီး လူကို မထုတ် ပြတော့ နာမည်ရှိပြီး  လူမရှိဘူး ဖြစ်နေတယ်။
အစိုးရ သတင်းစာ ရှင်းလင်းပွဲကို စောင့်ကြည့် နေကြတာ တရားခံလို့ စွပ်စွဲ ခံရသူကို သိချင် နေတာပါ။ အခုဟာက နဂို ကတည်းက အစိုးရကို ယုံတာ မဟုတ်ဘူး။ ထပ်ပြီး ဒီလို အခြေအမြစ် မရှိတဲ့ ကိစ္စမျိုး ပါလာတော့ အယုံအကြည် မရှိတာကို ပိုပြီး အားသစ် ဖြစ်စေတယ်။
နောက်ထပ် လုပ်ရပ် တစ်ခုက ဗုါံက်ကွဲ မှုကို အကြောင်းပြ ပြီးတော့ အစိုးရ တပ်တွေကKNU နဲ့ တခြား တိုင်းရင်းသား နယ် မြေထဲမှာ တိုးပြီး နေရာယူ လာကြ တာကို တွေ့ရ ပါတယ်။  တချိန်ထဲမှာ ပြည်သူ လူထု တွေကိုလည်း ဧည့်စာရင်း တိုင်ရမယ်လို့ စစ်လား မြန်းလား လုပ်လာတယ်။
အဲဒါကို ကြည့်ခြင်း အားဖြင့် KNU/KNLA-PC အမြင် ကတော့ ဒီလိုမျိုး လုပ်ချင်လို့ ဗုံးပေါက်ကွဲမှု ဖြစ်လာတဲ့ သဘောလား သက်ရောက် နေပါတယ်။ သဘော ကတော့ လူတစ်စု ကနေ ပြီးတော့ကြံဖန် ပြီးတော့ မြန်မာ နိုင်ငံ အခြေနေကို နောက်ကြောင်း ပြန်ဆွဲဖို့ လုပ်နေတယ်လို့ မြင်တယ်။ ဒီကိစ္စ တိုင်းရင်းသား တွေက တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးဘူး ဆိုတာနဲ့ ပါတ်သက် နေရင် အဲဒီ တိုင်းရင်းသား လက်နက်ကိုင် တွေကိုပဲ ပြောပါလား။ အခုလိုမျိုး ပြည်သူ လူထုကို ဒုက္ခ ရောက်စေတဲ့ လုပ်ရပ် မျိုးကို မလုပ် သင့်ဘူး။ ဗုံးပေါက်ကွဲ မှုနဲ့ ပါတ်သက် လာရင် အရင်တုန်းကလည်း KNU ကို အကြိမ်ကြိမ် စွပ်စွဲ ခဲ့ဘူးတယ်။ အဲဒီ တုန်းကလည်း အကြိမ် တိုင်းမှာ လိမ်နေမှန်း ကာယကံ ရှင်တွေက သိတာပေါ့ ။ ဒါကြောင့် အခု သတင်းစာ ရှင်းလင်း ပွဲကို စောင့်ကြည့် နေတာပါ။ ဒီတော့ လုပ်ချက်က ပိုပြီး အယုံအကြည် မရှိဘူး။
တကယ် လုပ်သင့် တာက ကောင်းပြီ။ အစိုးရ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲဟာ တရား မျှတမှု ရှိတယ် ဆိုရင် ဒီအချိန်ဟာ အပစ်ရပ်တဲ့ အချိန် ဖြစ်တော့ ဖမ်းထားတဲ့ လက်သည်လို့ စွပ်စွဲ သူကို တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးကို ခေါ်လေ။ အဲဒီ လူကို ခေါ်ပြပေါ့ဒါမှ ဒီလူက ဘယ်သူ့လူ၊ ဘယ်သူ့ လက်အောက်ခံ ကလဲ အဲဒီ လူကို စစ်ဆေး ရမယ်ပေါ့၊ အခုဟာက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး လူကိုလည်း ခေါ်မပြပဲ ဗုံးဖေါက် ခွဲတဲ့သူ (စော) နာမည် တပ်ပြီး ကရင် လူမျိုးကို ရှူံ့ချ နေတာလား မေးစရာ ဖြစ်လာတယ်။ အစိုးရက ၀ါဒ ဖြန့်တယ် လို့ပဲ မြင်တယ်။ ကျနော်တို့ ကရင်တွေမှာ ကြမ်းတမ်း ရက်စက်တဲ့ လူမဆန်တဲ့ အလုပ်မျိုး လုပ်ဖို့ မရှိဘူး။ ဒီလို လူမဆန်တဲ့ လုပ်ရပ် မျိုးက အစိုးရ ဘက်မှာပဲ ရှိတယ်။
ဒီတော့ အခု ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲက အစိုးရဖက်က အကြောင်းပြပြီး ၀ါဒ ဖြန့်တယ် လို့ပဲ ကျနော် မြင်တယ်။ တပ်လှန့် တာလည်း ဖြစ်မယ်။ ဆီးဂိမ်း လုံခြုံ ရေးလည်း ဖြစ်နိုင်မယ်။ ဒါမှ မဟုတ်ရင် နောက်ဖြစ်နိုင်ခြေ ရှိတာက () တိုင်းရင်းသား တွေက တပြည်လုံး အပစ်ရပ်ရေး၊ လက်မှတ် ထိုးမထိုး ဆိုတာကို လိုင်ဇာမှာ အစည်းဝေး လုပ်နေမယ်။) ဒီအခြေအနေ အပေါ်မှာ စစ်တပ် တွေက တိုင်းရင်းသား နယ်မြေမှာ နေရာ ၀င်ယူပြီး အင်အား တိုးချဲ့ နေကြတယ်။ ) အိမ်ထောင်စု စာရင်းတို့ ဧည့် စာရင်း တိုင်ရ မယ်တို့ စစ်အုပ်ချုပ်မှု ပုံစံ စနစ်ကို အစိုးရ ဘက်က မသိမသာ လုပ်လာ ကြတယ်။ ) အစိုးရ စစ်တပ် တွေက ကရင် ဒေသ တွေမှာ နေရာ အနှံ့ တပ်ချ ထားနေ ကြတာတို့ ပြည်သူ လူထု ကြားမှာ သွားပြီး နေရာယူ တာတို့ လုပ်လာ နေကြ တာကို ကြည့်ရင် အကြောင်းပြ ကောင်းအောင်လို့ သူတို့ဘဲ ဗုံးဖေါက်ခွဲ လိုက်တာ ဖြစ်နိုင်တယ်။
တကယ် ငြိမ်းချမ်းရေး အစစ် အမှန် လိုလားတယ် ဆိုရင် အဲဒီလိုမျိုး ၀ါဒ မဖြန့် သင့်ဘူး။ စစ်တပ်လည်း တိုးချဲ့ နေစရာလည်း မလို ဘူးလေ။ အဲဒါကို အခွင့်ကောင်း ယူပြီး ပြည်သူ လူထုကို အစိုးရက လိမ်နေတာ ဖြစ်တယ်။ အခြေ အနေ မှန်ကို မသိ ကြတဲ့ ပြည်သူများ ခင်ဗျာ အသက် အန္တရာယ်ကို စိုးရိမ် နေရလို့ ကျနော်တို့ အပေါ် အထင် လွဲအောင် ကြံဆောင်တာ ဖြစ်တယ်။ ဒါကြောင့် အခုလို ငြိမ်းချမ်းရေးတွေ အားသွန် ခွန်စိုက် ကြိုးစား နေတဲ့ အချိန်မျိုးမှာ ဘာကြောင့် ဒီလို စွပ်စွဲ ရသလဲ ဆိုတာကို ကျနော် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်။
မေး။ ဆရာ ပြောတာက တမျိုး ပေါ့လေ။ ဒါပေမဲ့ KNU အလုပ် အမှုဆောင် တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင် ကတော့ ဒီဗုံးပေါက် ကွဲမှုမှာ KNU မှာလည်း တာဝန် ရှိတယ်လို့ ပြည်တွင်း မီဒီယာ တွေနဲ့ ပြောဆို ခဲ့ပါတယ်။ အဲဒီ အပေါ် မှာရော ဆရာ ဘယ်လိုသ ဘောရလဲ။
ဖြေ။    ။KNU အလုပ် အမှုဆောင် တစ်ဦးက အစိုးရ လုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာဒီဗုံး ဖေါက်ခွဲမှုနဲ့ ပတ်သတ်ပြီး KNU မှာ တာဝန် ရှိတယ်လို့ KNU ကိုယ်စားလှယ်က ပြောလိုက်တဲ့ အပေါ်မှာ ကျနော် သုံးသပ် ရမယ် ဆိုရင် KNU ကိုယ်စား လှယ်က အစိုးရလူ ဖြစ်နေ ပါပြီ။ သူက လိုက်ရှာ ပေးမယ် ဘာပေးမယ် ပြောနေ ရအောင် ဗုံးဖေါက်ခွဲတဲ့ လူက သူကစီစဉ် ထားလို့လား။ သူဟာ အစိုးရ ထောက်လှမ်းရေး ဖြစ်နေ ပြီလား။ ဖြစ်သင့် တာက ကျနော်တို့ တ်တဲ့ ကိုယ်စားလှယ်ဟာ အဖြစ်မှန်ကို လူသိ ရှင်ကြား ဖေါ်ထုတ်ဖို့ ဖြစ်တယ်။ လက်တွေ့ ဆန်တဲ့ သဘောမျိုး ပြသ နိုင်ရ မယ်လေ။
အဲဒီ ကိုယ်စားလှယ် ကတော့ အယုံအကြည် မရှိဘူး။ ကရင် အမျိုးသား ပြည်သူ လူထု အတွက် အကာကွယ် ပေးဖို့၊ အခွင့် အရေး တန်းတူ ရဖို့၊ ဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ဖို့ အတွက် ပြောဖို့ နေပြည်တော်ကို တ်ခဲ့တာ  သူဘာပြော ခဲ့သလဲ ဆိုတော့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်လို့ မရ ဘူးလို့ ထုတ်ပြော ခဲ့တဲ့ လူလေ။ ၂၀၀၈ ဥပဒေက ပြည်သူ အတွက် အကာ အကွယ် ပေးထားတာ ဘာမှ မရှိသလို စစ်ဥပဒေလည်း ဖြစ်တယ်အစိုးရ ဥပဒေက ပြည်သူ လူထုတွေ အတွက် မျက်ရည် ကျခဲ့တဲ့ လယ်သိမ်း ယာသိမ်း ဥပဒေတွေ ဖြစ်တယ်။ သူနားမလည် ဘူးလား။ ဒီတော့ အဲဒီလို ကိုယ်စားလှယ် မျိုးကိုမှ လွှတ်တာ စဉ်းစား စရာ ဖြစ်နေတယ်။ ဒီတော့ မန်းငြိမ်းမောင်ဟာ အစိုးရ ခရိုနီ ဖြစ်သွားတဲ့ သဘော သက်ရောက် နေပါတယ်။
မေး။ ခုန ပြောလိုက် ပါတယ်။ ဗုံးပေါက်ကွဲမှု မဖြစ်ခင် ကတည်းက ကရင် နယ်မြေ ထဲမှာ စစ်တပ်တွေ တိုးပြီး ချတယ်။ လှုပ်ရှား လာတယ်လို့ သဘော ရတာ ပေါ့နော်။ ဒီတော့ ဘယ်နေရာမှာ ဘယ်လိုမျိုး လှုပ်ရှား လာပါလဲ။
ဖြေ။   ဗုံဖေါက် ခွဲမှု ဖြစ်လာတဲ့ အပေါ်မှာ အခွင့်ကောင်း ယူပြီးတော့ လက်ရှိမှာ KNU နယ်မြေနဲ့ တိုင်းရင်းသား နယ်မြေ တွေမှာ ဖြစ်နေတဲ့ အခြေအနေက လူထုတွေကြားမှာ ကားအောက် ကားပေါ် ကားဘေး လူထု ကိုယ်ပေါ် အိတ်ပေါ် မှာတို့ စစ်လား မြန်းလား ပိုလုပ် လာတယ်။ ဒါဟာ ဆီးဂိမ်း လုံခြုံရေး နဲ့လည်း ပါတ်သက် နိုင်တယ်။ ဒီတော့ အခွင့်ကောင်းလို့ ပြောရ ရင်တော့ ဖြစ်တာက တစ်နေရာ ပေါက်ကရ လုပ်နေ တာက တစ်နေရာ ဖြစ်နေတယ်။ ဗုံးပေါက်အောင် မလုပ် ခဲ့ရင် ဒီလိုမျိုး အကြောင်း ပြချက်မဲ့ ကိုင်တွယ်ရ ခက်တယ်လေ။ မဟုတ်ပါလား။
ပြီးတော့ သိတဲ့ အတိုင်း ပါဘဲ အခွင့်ကောင်းကို အကြောင်းပြ ပြီးတော့ ရဲနဲ့ စစ်တပ် တွေက ခရီးသွား ပြည်သူ တွေကို ခြိမ်းခြောက်မယ်။ သွားလာ နေတဲ့ ပြည်သူ လူထုကို ပုံစံ အမျိုးမျိုးနဲ့ စစ်ဆေးတယ်။ တိုင်းရင်းသား နယ်မြေမှာ အရင်က စစ်တပ် မရှိဖူးတဲ့ နေရာမှာ  စစ်တပ်က နေရာ ၀င်ယူ လာနေတယ်။ ဒါတွေက ဘာသဘော လည်းဗျာ။ အကြောင်းသိ တွေမို့ ပြောနေ ရတာပါ။
တကယ် ဆိုရင်တော့ ဗုံးပေါက်ခွဲ မှုတွေဟာ အချိန်ယူပြီး စုံစမ်း စစ်ဆေး ရမယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် (၂) ရက် ထဲနဲ့ စော အမည် တပ်ပြီး ဖေထုတ် နိုင်တယ် ဆိုတာက မေးခွန်း မေးစရာ ဖြစ်လာတယ်။ ကျနော်တို့ လူထုတွေ အမြင်ကို ကျနော်တို့ လိုက်မေး ကြည့်တော့ လူထု အမြင်ကလည်း အစိုးရ တွေကပဲ ဖေါက်တယ် လို့ပဲ မြင်ကြ ပါတယ်။
လူထု တစ်ယောက်က ကျနော်ကို ဘာပြောလဲ ဆိုတော့အစိုးရက ဗြောက်အိုး ဖောက်တာ မကြိုက်ဘူး၊ ဗုံးဖောက် တာကိုပဲ ကြိုက်တယ်” လို့ ကျနော်ကို ပြောခဲ့တယ်။
အစိုးရကို အကြံပေး ချင်ပါတယ်။ ရိုးနေတဲ့ လုပ်ဇတ် ဟောင်းတွေနဲ့ မပြုလုပ် သင့်တော့ ပါဘူး။ ဘေးက ကြည့်ရင် ပိုပြီး မြင်သာ ပါတယ်။ ပေါက်ကွဲ ပုံတွေ၊ ထုတ်ပြန် ပုံတွေ ခရိုနီ မီဒီယာ တွေရဲ့ ၀ါဒဖြန့် လှုပ်ရှား ပုံတွေဟာ မြင်သာ ကြီးပါ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက် သင့်ပါတယ်။ ပြည်တွင်း လုံခြုံ ရေးကိုလည်း အခု လိုမျိုး လုပ်ဇတ် ခင်းမယ့် အစား ၀ိုင်းဝန်း တာဝန် ယူဖို့ ဖြစ်ပါတယ်။ နေရာတကာ၊ လူတကာကို သံသယ မျက်စိ နဲ့သာ တိုင်းတာ နေသမျှတော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ ကိုယ့်အရိပ် ကိုယ်လန့် နေမှာ ဖြစ်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် မလိမ်ကြ စတမ်း ရိုးသား ကြပါ။ ပွင့်လင်း ကြဖို့နဲ့ မျှတမှုကို ဦးစားပေး ကြမယ် ဆိုရင် မြန်မာ ပြည်ကြီး အေးချမ်း ကြမှာ ဧကန် မလွဲ ဖြစ်ပါတယ်။

Wednesday, October 23, 2013

Four kinds of human,sky,tree and horse 24/01/2013

မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး


 မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊

သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး

October 23, 2013
Tuesday

By မင်းစိုးစံ

ဘုရားတရားဒေသနာတွေမှာတော့ မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး ဆိုပြီးရှိပေမယ့်
အခုတော့ တိုးတက်လာပါပြီ။ ဒုက္ခသည် လေးမျိုးဆိုတာထပ်တိုးလာပါတယ်။ ဒုက္ခသည်တောင်မှ အဆင့်
တွေ အတန်းအစားတွေနဲ့ ဖြစ်နေပါလားဆိုပြီး အံ့သြမိတာအမှန်ပါ။
ကျုပ်လည်း ဒုက္ခသည်စခန်းထဲမှာ ဆယ်နှစ်ကျော်ကျော် လောက်နေခဲ့ပါတယ်။ ဒုက္ခသည်ဘ၀ဆိုတာ အင်
မတန်သိမ်ငယ်စရာကောင်းတဲ့ ဘ၀လို့ ခံစားရပါတယ်။ ဒီနေ့အထိလည်း ကိုယ့်ကိုယ်ကို ဒုက္ခသည်လို့သတ်
မှတ်ပြီး နေထိုင်နေမိတုန်းဖြစ်ပါတယ်။

ကျုပ်က ဒုက္ခသည်ဖြစ်တာမှ နှစ်ထပ်ကွမ်းဖြစ်တာ။ ပထမ မဲဆောက်က ဒုက္ခသည်စခန်းမှာ ဆန်၊ ဆီ၊ ဆား
မီးသွေး စတာတွေကိုတန်းစီပြီး စားသောက်ခဲ့ရသလို မြန်မာကျောင်းသားစခန်းရောက်ပြန်တော့ ထမင်းဂျိုင့်
လေးဆွဲပြီး ကြက်ဒူးဆစ်ရိုးရေလုံပြုတ်ကို တန်းစီပြီးစားခဲ့ရပြန်တယ်။

ဘယ်သူမျှ ဒုက္ခသည်ဘ၀ကို နှစ်ခြိုက်မြတ်နိုးခုံမင်ကြမှာမဟုတ်ပါဘူး။ မတတ်သာလို့သာ အကျဉ်းစခန်း
နီးပါးလောက် အချုပ်အချယ်ခံနေရတဲ့နေရာမျိုးမှာ ရှေ့မျက်နှာနောက်ထားပြီး ကြိတ်မှိတ်နေခဲ့ရတာပါ။
နိုင်ငံခြားသားတွေ စခန်းထဲလာလည်တဲ့အခါ ကိုယ့်ကိုယ်ကို ရန်ကုန်တိရိစ္ဆာန်ရုံထဲ ၀င်ကြည့်ခဲ့မိလို့ အဲဒီဝဋ်
ကြွေးကို ဆပ်နေရတာများလို့တောင် ထင်နေမိတယ်။ သံဆူးကြိုးခတ်ထားတဲ့ ခြံဝင်းကြီးထဲမှာနေရတာ။

ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကနေပြီး နန်းချယ်ရီခန်းတင်ဆက်ထားတဲ့ သွေးချင်းတို့ရဲ့အသံ အစီအစဉ်က
ဒုက္ခသည် တဦးရဲ့စကားကို ဘတ်ကြည့်ကြပါဦး။

ဒုက္ခသည်စခန်းထဲမှာ လာခိုကပ်နေရတဲ့အချိန် ကျနော်တို့ကို ဒုက္ခရောက်နေတယ်၊ ဗမာပြည်ထဲလည်းပြန်
လို့မရတာဖြစ်တဲ့အတွက်ကြောင့် ဒုက္ခသည်စခန်းကိုသွားပါဆိုပြီးတော့ TBBC နဲ့ UNHCR က သွင်းတယ်၊
သွင်းတဲ့အချိန်မှာ ကျနော်တို့ ၁၅ကီလိုရတယ်။
အခု လွန်ခဲ့တဲ့ ၂နှစ်လောက်က ၁၂ကီလိုဖြစ်သွားတယ်နော်။ ၁၂ကီလိုဖြစ်ပြီးတော့ အခု ၈ကီလိုထပ်ဖြစ်
မယ်ဆိုလို့ရှိလျင် ကျနော်တို့ဒုက္ခသည်တွေရဲ့ဘ၀ကို ဒုက္ခရောက်အောင် တမင်တကာဆောင်ရွက်နေသလို
ခံစားရတယ်။

မိုးလေးမျိုး

၁။ ချုန်းထစ်ဟိန်းဟောက်ပြီးမှ မရွာသော မိုး။
၂။ သဲသဲမဲမဲ ရွာသော်လည်း မထစ်ချုန်းသော မိုး။
၃။ မချုန်းလည်း မချုန်း မရွာလည်း မရွာသော မိုး။
၎။ ချုန်းလည်း ချုန်း၍ ရွာလည်း ရွာသော မိုး။
(အင်္ဂုတ္တိုရ်ပါဠိတော် စတုက္က)

လူလေးမျိုး

(၁) လူ့ငရဲသား
(၂) လူ့တိရစ္ဆာန်
(၃) လူ့ပြိတ္တာ
(၄) လူ့ပရမတ္တ

လူနဲ့တိရစ္ဆာန် ခြားနားဟန်
နှစ်တန်သိရမည်။

အိပ်၊ စား၊ ကာမ သိရုံမျှ
မှတ်ကြလူမပီ။

အကုသိုလ်ပါယ် ကုသိုလ်ဆွယ်
တကယ်လူပီသည်။

လူမပီက အပါယ်ကျ
ဒုက္ခမလွတ်ပြီ။

လူပီနေက ချမ်းသာရ
ရောက်ရနိဗ္ဗာန်ဆီ။
(ဆရာတော် အရှင်ဇ၀န)

မြင်းလေးမျိုး

ပထမမြင်းကား နှင်တံရိပ်ကိုမြင်ကာမျှဖြင့် မြင်းထိန်း၏သဘောကို ကောင်းစွာသိ၏။
ဒုတိယမြင်းကား နှင်တံရိပ်ကိုမြင်ကာမျှဖြင့် ကောင်းစွာမသိတတ်။ မဆင်ခြင်တတ်။ ထိတ်လန့်တုန်လှုပ်ခြင်း
မရှိ။ နှင်တံဖြင့် အမွေးကို တို့ထိမှသာလျှင် ကောင်းစွာသိတတ်၏။ ဆင်ခြင်တတ်၊တုန်လှုပ်ထိတ်လန့်တတ်
၏။
တတိယမြင်းကား နှင်တံရိပ်ကိုမြင်ရုံမျှဖြင့်၊ အမွေးကိုထိတို့ရုံမျှဖြင့် မသိတတ်၊ မဆင်ခြင်တတ်၊ ထိတ်လန့်
တုန်လှုပ်ခြင်းမရှိ။ နှင်တံဖြင့် အရေကိုထိမှသာလျှင် သိတတ်၏၊ ဆင်ခြင်တတ်၊ တုန်လှုပ်ထိတ်လန့်တတ်၏။
စတုတ္ထမြင်းကား နှင်တံရိပ်ကိုမြင်ကာမျှဖြင့်၊ အမွေးကိုထိတို့ကာမျှဖြင့်၊ အရေကိုထိတို့ကာမျှဖြင့် မသိတတ်၊
မဆင်ခြင်တတ်၊ ထိတ်လန့်တုန်လှုပ်ခြင်းမရှိ။ နှင်တံဖြင့် အရိုးကို ထိမှသာလျှင် ကောင်းစွာသိ၏။ ဆင်ခြင်
တတ်၊ တုန်လှုပ်ထိတ်လန့်တတ်၏။
(ဗုဒ္ဓ၊ ပတောဒသုတ်)

သစ်ပင်လေးမျိုး

(၁) အကာပင်ဖြစ်၍ အကာပင် အခြံအရံရှိသော သစ်ပင်။
(၂) အကာပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော သစ်ပင်။
(၃) အနှစ်ပင်ဖြစ်၍ အကာပင် အခြံအရံရှိသော သစ်ပင်။
(၄) အနှစ်ပင်ဖြစ်၍ အနှစ်ပင် အခြံအရံရှိသော သစ်ပင်။ ဟူ၍ လေးမျိုးရှိသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ၊ စတုက္ကနိပါတ်၊ ၀လာဟက၀ဂ်၊ ရုက္ခသုတ်။

ဒုက္ခသည်လူတန်းစား လေးမျိုး

TBBC တွေရဲ့ပြောတာကတော့ ရိက္ခာနဲ့ပတ်သက်ပြီးတော့ အပြောင်းအလဲလေးလုပ်ပေးတာပေါ့နော်။
နံပါတ် ၁လူတန်းစားကတော့ စခန်းထဲမှာနေပြီးတော့ ကိုယ့်ခြေထောက်နဲ့ကိုယ် ရပ်တည်နိုင်တဲ့လူတန်းစား။
နံပါတ် ၂တစားကျတော့ နည်းနည်းတော့ဒုက္ခရောက်တာပေါ့နော်။ ဒါပေမယ့် နည်းနည်းတော်တာပေါ့။
နံပါတ် ၃တမျိုးကျတော့ သူကတော့ဆင်းဆင်းရဲရဲပေါ့။
နံပါတ် ၄တမျိုးကျတော့ ဆင်းဆင်းရဲရဲကြပ်ကြပ်တည်းတည်းပေါ့။

မိမိကိုယ်တိုင်ရပ်တည်နိုင်တဲ့ မိသားစုကျတော့ စခန်းထဲမှာနေပိုင်ခွင့် အကုန်လုံး အစစအရာရာအခွင့်အရေး
ရှိတယ်။ ဒါပေမယ့်ရိက္ခာတခုကတော့ တခြားလူကိုငဲ့ညှာသောအားဖြင့်ပြန်ပြီးတော့ ကူညီပေးဘို့ပေါ့နော်။
နံပါတ် ၂တမျိုးကျတော့ ၈ကီလိုရမယ်။
နံပါတ် ၃တမျိုးကျတော့ ဆင်းရဲသောမိသားစုလို့သတ်မှတ်တဲ့အထဲမှာကျတော့ ၁၂ကီလိုအားလုံးရမယ်။
နံပါတ် ၄တမျိုးကျတော့ ဆင်းဆင်းရဲရဲကြပ်ကြပ်တည်းတည်းကျတော့ ၁၃ကီလိုခွဲရမယ်နော်။

(အုမ့်ဖျန်ဒုက္ခသည်စခန်း ဥက္ကဌ စောဝါးထီး)