Monday, December 30, 2013

Christmas and New Year Celebration at Baythasaday Church 31/12/13

ဆဿ၈့ၯဆဿ၀ါဘဢ္ဘ့ၯသစဲဒၯတဿ္အိဢ္ဖွိဢ္လဿယြၯအတဿ္ဆိဢ္၈့ၯအါကလိီၯဘဢ္အ၀ဲသ့ဢ္အလိၯ
ထူးထူူးတီၯတီၯတုၯတဿ္လဿတဿ္ပွဲၯတစုန့ဢ္လီၯ။တနံၯအံၯမ့ဿ္၀ဲဒဢ္တဿ္အိဢ္ဖွိဢ္မၯက့ၯတဿ္သ့ဢ္
နီဢ္က့ၯတနံဢ္တဘ်ီတဿ္စံးဘ်ဴးစံးဖွိဢ္တဿ္ဘါလဿအလဲၯခီဖ်ိတ့ဿ္၀ဲဒဢ္လဿဒီတနံဢ္အပူၯအမဲာ္ညါ
အိဢ္ဒီးတဿ္မၯလၯကပီၯက့ၯခ၇ံာ္အိဢ္ဖ်ဲဢ္တဿ္ဘူဢ္တဿ္ဘါန့ဢ္လီၯ။
ဒ္န့ဢ္သိးအိဢ္ဒီးတဿ္စံးဘ်ဴးဆိလဿကႏုာ္လိီၯဆူနံဢ္အသီအ၈ီဿ္တဿ္မၯလၯကပီၯ၀ဲဒဢ္သ၇ဢ္ဒိဢ္
လဿဘံဢ္ယဲးနဢ္ခီဖ်ိလဿဟ့ဢ္အီၯသ၇ိာ္လဿကဘါသကိးဘဢ္ယြၯတပုူၯဃီအ၈ိီဿ္အဃိန့ဢ္လီၯ။
လဿတဿ္မၯလၯကပီၯခ၇ံာ္အိဢ္ဖ်ဲဢ္တဘ်ီအံၯတဿ္ဟ့ဢ္လီၯစ့ဿ္ကီးပွၯကမ်ဿဿ္သ့ဢ္တဖဢ္လဿအဟဲ
ကိး၈ၯဒဲးလီၯဆီဒဢ္တဿ္လဿဟံဢ္တဖ်ဿဢ္ဘဢ္တဖ်ဿဢ္အ၈ီဿ္တဿ္ဟ့ဢ္တ၈ၯတဘိဢ္စုာ္စုာ္န့ဢ္လီၯ၊
မ္ယြၯအမံၯဘဢ္တဿ္စံးထီဢ္ပၾတ၊ၯအီၯအစိၯစိၯဃဢ္ဃဢ္တက့ဿ္
သ၇ဢ္ကူဢ္သ့ မ့ဿ္ပွၯပဿၯလီဿ္ဆ့ဢ္နီၯလဿတဿ္ဘါတဘ်ီိအံၯ
သ၇ဢ္မုဢ္ဘါဘဿဢ္ဒ့ ဟ့ဢ္တဿ္ကစီဢ္လဿတဿ္ဘါတဘ်ီအံၯ
နီဿ္ဘ်ဴးဖီသး၀ံဢ္တဿ္လဿတဿ္မၯလၯကပီၯသ၇ဢ္ဒိဢ္ဘံဢ္ယဲးနဢ္
ဆဿ
သ၇ဢ္ကူဢ္သ့ဟ့ဢ္လိီၯလံာ္အုဢ္သးလဿသ၇ဢ္ဒိဢ္ဘံဢ္ယဲးနဢ္အစုပူၯ
စီဒၯနံးယ့လး ကတိၯက်ိာ္ထံက့ၯဘံဢ္ယဲးနဢ္သ၇ဢ္တဿ္ကတိၯက့ၯတဿ္
 

Saturday, December 28, 2013

Done Competition at Shwe Kod Dor DKBA Hadeauater. 29/12/13

ရွှေကုက္ကိုကရင်နှစ်သစ်ကူး ဒုံးပြိုင်ပွဲ စတင်နေပြီ




ကရင့်နှစ်၂၇၅၃ခုနှစ် ကရင်ပြည်နယ် မြ၀တီမြို့နယ်ရွှေကုက္ကိုလ်မြိုင် ကရင်နှစ်သစ်ကူးပွဲတော်ရိုးရာဒုံးအကပြိုင်ပွဲစတင် ဖွင့်လှစ်ခဲ့ ဒီဇင်ဘာ ၂၈ ၂၀၁၃ ကရင်နှစ်၂၇၅၃ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ရိုးရာဒုံးအကပြိုင်ပွဲကို ယနေ့ညတွင် မြ၀တီမြို့နယ်ရွှေကုက္ကိုလ်မြိုင်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အခြေစိုက် အဆင့်မြှင့်လက်ရွှေးစင်ဒုံး အဖွဲ့ ၁၂ ဖွဲ့က စတင်ယှဉ်ပြိုင်လျှက်ရှိသည်။



 ဒုံးအကပြိုင်ပွဲကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကတက်ရောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပရိသတ် နှစ်ထောင်ကျော်တက်ရောက် အားပေးခဲ့ကြသည်။ အဖွင့်အမှာစကားပြောကြားခဲ့သည့်ဗိုလ်မှူးချုပ်စောချစ်သူက အခြေအနေအရပ်ရပ်ကြောင့် ကရင်အမျိုးသားများ မည်သည့်အနေအထားကိုရောက်ရှိနေသည်ဖြစ်စေ အမျိုးသားရေးနှင့်ရည်မှန်းချက်များကို ဥပက္ခာပြုမည်မဟုတ်ဘဲ ပန်းတိုင်အရောက်သွားမည့်ဂတိသစ္စာကို ပေးအပ်သည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။



 ကရင်အမျိုးသားအစည်းအရုံး KNU ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုတို့က အမျိုးသားရေးဆိုင်ရာ အမှာစကားများပြော ကြားခဲ့ကြသည်။ ဖွင့်ပွဲတွင်မီးရှုးမီးပန်းများပစ်ဖောက်ခဲ့ပြီး နှစ်သစ်ကူးအထိမ်းအမှတ် စာလုံးများကိုလည်း မီးပန်းများအသုံးပြုကာ သရုပ်ဖော်ပြသခဲ့သည်။


 ယနေ့ညမှစတင်ကာ ပြိုင်ပွဲဝင်ဒုံးအဖွဲ့များ လာမည့်ဇန်န၀ါရီလ(၁)ရက်အထိ အလှည့်ကျယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်ဇန်န၀ါရီလ (၁)ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပြီး ကရင်ပြည်နယ် ၅ မြို့နယ် စုပေါင်းကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ကို မြ၀တီရှိရွှေကုက္ကိုလ် တွင် ယနေ့ညမှစတင်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။



Wednesday, December 25, 2013

24th December Christmas news and song from burmese 26/12/13

ခရစ္စမတ် အထူးလက်ဆောင်

ခရစ္စမတ် အထူးလက်ဆောင်

December 24, 2013
Tuesday

By မင်းစိုးစံ

နင့်ကို ငါ ချစ်တယ်လို့ မပြောခဲ့ဘူးပါဘူး။
နင်လည်း ငါ့ကိုချစ်တယ်လို့ မပြောခဲ့ဘူးပါဘူး။

နှင်းအေးအေးထဲမှာ သီချင်းအတူမဆိုခဲ့ရပါဘူး။
ဘုရားကျောင်းလည်း အတူမသွားခဲ့ရပါဘူး။
တစ်ယောက်နဲ့တစ်ယောက် ခရစ္စမတ်ကဒ်လေးတွေ တခါမျှ မပေးခဲ့ရဘူးပါဘူး။

နင့်အဖေအမေတွေက နင်နဲ့ငါ ဘာသာမတူတဲ့အတွက် မချစ်ရဘူးလို့ပြောသလို ငါ့အဖေနဲ့အမေကလည်း အဲဒီလို
ပဲပြောတယ်။
ဒီတော့ တို့နှစ်ယောက်ရဲ့ နှလုံးသားတွေမှာ ဒါဏ်ယာကိုယ်စီနဲ့ပေါ့ဟာ။ 

ဒါပေမယ့် ဗမာစစ်သားတွေရွာထဲဝင်လာပြီး ပစ်ခတ်သတ်ဖြတ်တာလုပ်တော့ နင့်အိမ်မီးလောင်သလို ငါ့အိမ်လည်း
ပြာဖြစ်သွားတယ်။
နင့်နွားနှစ်ကောင်နဲ့ နင့်ကျွဲနှစ်ကောင်ကို ဗမာစစ်သားတွေ သတ်စားသလို ငါ့ဝက်တစ်ကောင်နဲ့ ငါ့ခွေးတစ်ကောင် လည်း သူတို့စားပစ်ကြတယ်။
ငါတို့မိသားစု ထမင်းအိုးတွေကို ဗမာစစ်သားတွေရဲ့ သေနတ်တွေနဲ့ ပစ်ဖေါက်ပစ်တာခံရသလို နင်တို့မိသားစုရဲ့
သေတ္တာထဲက လက်ဝတ်ရတနာတွေလည်း ဗမာစစ်သားတွေခိုးတာ ခံရတာပဲမဟုတ်လား။
 
နင့်မိဘနဲ့ငါ့မိဘ လယ်ကွင်းတွေဖြတ်ပြီး ရွာနဲ့ခပ်လှမ်းလှမ်းက တောအုပ်လေးထဲမှာ ပုန်းအိပ်ကြတာအတူတူပါ။
နင့်အမေငိုသလို ငါ့အမေလည်း ငိုပါတယ်။
နင့်အဖေ တောက်ခေါက်သံပြင်းပြင်းနဲ့ အံကြိတ်နေချိန်မှာ ငါ့အဖေလည်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အ
သံတိတ် မျက်ရည်ကျနေတာ တို့နှစ်ယောက်စလုံး အတူငေးကြည့်ဘူးတယ်။
ပြီးတော့ တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြိုင်တူငိုလိုက်ကြတယ်။



နင် ရွာကနေထွက်သွားတဲ့အချိန်မှာ မကြာမတင်မှာ ငါလည်းရွာကနေထွက်လာခဲ့တယ်။
နင်က ထိုင်းသူဌေးအိမ်မှာ အိမ်ဖေါ်လုပ်သလို ငါလည်းတရုတ်သူဌေးရဲ့ ဆန်စက်မှာ စပါးကြိတ်ပေးပြီး ၀က်မွေးခဲ့ရ
ပါတယ်။
နင်နဲ့ငါ ဘာသာမတူပေမယ့် ငါတို့တတွေရဲ့ဘ၀တွေက အတူတူပဲနော်။
ကဲအခု ငါတို့တတွေအိမ်ထောင်ပြုကြတော့မယ်။
နင်လည်း နင့်အဖေအမေသဘောကျတဲ့လူနဲ့ယူခဲ့သလို ငါလည်း ငါ့မိဘသဘောတူတဲ့သူနဲ့ယူခဲ့တယ်။

ငါတို့ကနေ မွေးလာတဲ့ နင့်သားသမီး ငါ့သားသမီးတွေကို ငါတို့လိုဘ၀မျိုး အဖြစ်ဆိုးမျိုးကလွတ်အောင် ငါတို့ဘယ်
လိုလုပ်ကြမလဲ။
သူတို့လေးတွေရဲ့ အနာဂတ်ဘ၀ လုံခြုံစိတ်ချရရေးအတွက် ငါတို့လူကြီးတွေ ဘာလုပ်ကြမလဲ။ဘာသာမတူပေမယ့် ငါတို့ကမွေးလာတဲ့ ရင်သွေးငယ်တွေရဲ့ဘ၀တွေဟာအတူတူပဲဆိုတာ နင်သိပါတယ်။

ဗမာစစ်သားတွေကတော့ သူတို့ကိုယ်သူတို့အစိုးရလို့ သတ်မှတ်ပြီး ငါတို့ကို အမျိုးဖြုတ်ဘို့ လုပ်စရာရှိတာဆက် လုပ်သွားမှာပဲဆိုတာကိုတော့ နင်ရောငါပါ သံသယဖြစ်နေစရာ မလိုပါဘူး။

တစ်ချိန်တုန်းက ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတို့သားသမီးတွေအတွက် ငါတို့ဘ၀ပေးတာဝန်ကျေပြွန်ဘို့လိုသလို သမိုင်း
ပေးတာဝန်လည်း ကျေဘို့လိုတာပေါ့။ ဟုတ်တယ်မဟုတ်လား။
နင်တို့မိသားစုတွေအားလုံး အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ။

Monday, December 23, 2013

Sea Games closing ceremony 24/12/13

ဆီးဂိမ်းပိတ်ပွဲ ပရိသတ် ကွင်းပြည့်တက်ရောက်

ဆီးဂိမ်းပိတ်ပွဲအခမ်းအနား နေပြည်တော်မှာ ကျင်းပနေစဉ်။ (ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၃)။
ဆီးဂိမ်းပိတ်ပွဲအခမ်းအနား နေပြည်တော်မှာ ကျင်းပနေစဉ်။ (ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၁၃)။

မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစားပြိုင်ပွဲတွေ မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အပြီးသတ်သွားခဲ့ပါပြီ။ ပိတ်ပွဲအခမ်းအနားကို နေပြည်တော် ၀ဏ္ဏသိန္ဓိ အားကစားကွင်းကြီးမှာ ကျင်းပခဲ့တာမှာ အခမ်းအနားတက်ချင်တဲ့ ပရိသတ်တွေ အားကစားကွင်း အပြင်ဘက်မှာ နာရီပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အခက်အခဲတွေ ရှိခဲ့သလို၊ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အခြေအတင် စကားများတာမျိုးလည်း ရှိခဲ့တဲ့အကြောင်း ဒီ ပိတ်ပွဲအခမ်းအနားကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုစည်သူ က ပြောပြပါတယ်။ မခင်ဖြူထွေးက ကိုစည်သူကို ဆက်သွယ်မေးမြန်း ထားပါတယ်။

Closing Ceremony: 27th SEA Games 2013 Myanmar

 


[ FULL ] CLOSING CEREMONY SEA GAMES 2013



မြန်မာနိုင်ငံမှာ (၂၇) ကြိမ်မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲဟာ မနေ့က ပိတ်ပွဲအခမ်းအနား လုပ်တယ်လို့ သိရပါတယ်။ ဒီအခမ်းအနားမှာ လူတွေရဲ့ ဘယ်လို ခံစားချက်တွေကို တွေ့ရသလဲ။ အဆင်မပြေဖြစ်မှုတွေရော ဘာတွေ ရှိခဲ့လဲ။ ကိုစည်သူက အဲဒီ နေရာမှာရှိနေတယ် ဆိုတော့ အဲဒီက တွေ့ရတဲ့အခြေအနေလေးကို နည်းနည်းလောက် ပြောပြပေးပါလားရှင့်။  

“ဟုတ်ကဲ့ပါ မခင်ဖြူထွေးရေ။ ဒီ ဆီးဂိမ်း ပိတ်ပွဲမှာတော့ ပရိသတ်တွေကတော့ ဒီ ကွင်းအပြည့်တော့ လာကြပါတယ်။ သူတို့က လွန်ခဲ့တဲ့ရက်ပေါင်း များစွာကတည်းက၊ ဖွင့်ပွဲ ပြီးကတည်းကိုက ဒီပိတ်ပွဲမှာ ၀င်ရဖို့အတွက် လက်မှတ်တွေဘာတွေလည်း ကြိုပြီးတော့ အားသွန်ခွန်စိုက် လိုက်ရှာပြီးတော့ ၀ယ်ရတယ်လို့ ပြောပါတယ်။ ကျနော်တို့ မေးမြန်းသလောက်တော့ ပုံမှန်ဈေးနှုန်းထက် လက်မှတ်ကြေး ပို ပေးရတဲ့သူတွေလည်း ရှိတယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။ သူတို့ကတော့ ဒီ ပိတ်ပွဲ အခမ်းအနားကြီးကို ကြည့်ရဖို့အတွက် အရမ်းကို တက်ကြွပျော်ရွှင်နေတာမျိုး တွေ့ရတယ်ခင်ဗျ။ ဒါပေမဲ့ တခုရှိတာက အခက်အခဲအနေနဲ့တော့ သူတို့လက်မှတ်ရှိနေပေမဲ့၊ ဒီကွင်းထဲကို ၀င်တဲ့အခါမှာ လုံခြုံရေးအရ ဂိတ်ပေါက်တွေက ၀င်ခွင့်ပေးထားပေမဲ့ လုံခြုံရေးက ဂိတ်တွေ အပြောင်းအလဲ ဖြစ်တာတို့၊ ကွင်းအပြင်မှာ နာရီပေါင်းများစွာ စောင့်နေခဲ့ရတာတို့ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ အဲဒီလို ပွဲစပြီဆိုရင်တော့ သူတို့ကို အဲဒီလို လုံခြုံရေးတာဝန်ရှိသူတွေက လာပြီးတော့ သူတို့နဲ့ အခြေအတင် ပြောဆိုပြီးတော့မှ ၀င်ခွင့်ပေးလိုက်တာတွေ ဘာတွေ ကျနော်တို့ အဲဒီနေ့မှာ တွေ့ခဲ့ရတယ်ခင်ဗျ။”

ဒီလိုမျိုး လုံခြုံရေးအရ ပြဿနာတချို့ ရှိခဲ့ပေမဲ့ အကြမ်းဖက်တာမျိုး၊ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုးတော့ မရှိခဲ့ဘူးပေါ့နော်။

“ဟုတ်ကဲ့။ အဲဒီလို အကြမ်းဖက်တာမျိုး ရုန်းရင်းဆန်ခတ် ဖြစ်တာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီလို စကား အခြေအတင် ပြောရတာ။ ပြီးတော့ အချင်းချင်း နားလည်မှုလွဲတာ၊ လက်မှတ်ထုတ်ပေးတဲ့သူက ဒီဂိတ်မှာ ၀င်ရဖို့အတွက် ထုတ်ပေးထားပေမဲ့၊ လုံခြုံရေးအရ တားမြစ်ထားတဲ့ သူတွေကတော့ ဒီဂိတ်က မဟုတ်ဘူး။ တခြား ဂိတ်က သွားရမယ် အဲဒီလိုမျိုး စကား အခြေအတင် ပြောတာလောက်ပဲဗျ။ ပဋိပက္ခဖြစ်တာမျိုးတော့ မဖြစ်ခဲ့ပါဘူး။”

အခု ဆီးဂိမ်းမှာ မြန်မာက ဒုတိယ ရွှေတံဆိပ် အများစု ရတာပေါ့နော်။ အိမ်နီးချင်း ထိုင်းကတော့ ထိပ်ဆုံးကနေ ဆုတံဆိပ်တွေ အများဆုံး ရသွားတယ်။ မြန်မာက ဘာပဲဖြစ်ဖြစ်တော့ ဒါ အားကစားဘက်မှာ ဒီအဆင့်အတန်းကို ရောက်လာတယ်ဆိုတာ့ အများကြီး တိုးတက်လာတဲ့ အခြေအနေလို့တော့ ပြောလို့ရမယ်ထင်ပါတယ်။ ဆိုတော့ ဒီအပေါ်မှာ ပွဲကိုတက်လာတဲ့ ပရိတ်သတ်တွေကြားမှာရော နောက်ဆုံး ပြိုင်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ ဘယ်လို ခံစားချက်တွေ တွေ့ရလဲ။

“ဟုတ်ကဲ့။ သူတို့ကတော့ ရွှေတံဆိပ်က သူတို့အတွက် ၈၆ ခုပဲ သူတို့ရတယ်။ ထိုင်းကတော့ ၁၀၇ ရွှေ့တံဆိပ်ရတယ်။ ဆိုတော့ နိုင်ငံအလိုက်တော့ မြန်မာက ဒုတိယ ရတယ်။ ဒါပေမဲ့ မြန်မာပရိသတ်တွေ အနေနဲ့ကတော့ ဒုတိယ ရတာကို သူတို့အနေနဲ့ ပျော်ရွှင်တဲ့သဘောမှာတော့ တွေ့ရတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်နိုင်ငံမှာလုပ်တာကို၊ အဓိက က ကိုယ့်နိုင်ငံမှာ ဒီပွဲကြီး အောင်အောင်မြင်မြင် ပြီးစီးသွားတာကိုပဲ သူတို့က ပျော်ရွှင်တဲ့ သဘောမှာ တွေ့ရတယ်ခင်ဗျ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယ ရတာကိုလည်း သူတို့ ဂုဏ်ယူကြတယ်လို့ပဲ ပြောရမယ်ခင်ဗျ။”

လူတွေရော တော်တော်များသလားရှင့်။ ဒီပိတ်ပွဲအခမ်းအနားမှာ လူ ဘယ်နှစ်ယောက်လောက် ရှိမယ်ထင်လဲ။

“ပိတ်ပွဲအခမ်းအနား လာတဲ့သူတွေ ပရိသတ်ကတော့ ကွင်းလုံးပြည့်ပဲဗျ။ ဒီကွင်းက လူ သုံးသောင်းခွဲ ဆန့်တယ်လို့ ကျနော်တို့ သိရတယ်ခင်ဗျ။ အဲဒီအထဲမှာတော့ ပရိသတ်တွေကတော့ အပြည့်ပဲဗျ။ အဲဒီအပြင်ကို လက်မှတ်မရတဲ့သူတွေက အများကြီး ရှိတယ်လို့လည်း ကျနော်တို့ သိရတယ်ခင်ဗျ။ ၀ယ်လို့မရတော့လို့ ဆိုပြီးတော့ ကွင်းထဲကို လာကြည့်ခွင့် မရတဲ့သူတွေ အများကြီး ရှိတယ်လို့လည်း ကျနော်တို့ သိရတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဖွင့်ပွဲ အခမ်းအနားထက်တော့ ဒီပိတ်ပွဲ အခမ်းအနားက ပိုပြီး မထူးခြားဘူးခင်ဗျ။ နည်းနည်းလေး ပြဿနာရှိတာက အဲဒီ ၀င်လို့မရတဲ့ပြဿနာတွေ၊ ၀င်ရတာ ခက်ခဲတဲ့ပြဿနာတွေ၊ ဂိတ်ပေါက်မှာ ပိတ်မိနေတဲ့ ပြဿနာတွေလောက်ပဲ ရှိတယ်ဗျ။ ပြီးတော့ လူတွေက ပွဲကြီးတခုလုံး ပြီးသွားလို့ ပျော်ရွှင်နေပေမဲ့ သူတို့မှာ နည်းနည်း အားမရတာမျိုး ကျနော်တို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဖွင့်ပွဲလိုပဲ သူတို့က ပိတ်ပွဲကို ပိုပြီးတော့ ဖွင့်ပွဲထက် ပိုကောင်းလိမ့်မယ်လို့ သူတို့က မျှော်လင့်ထားတယ်။ ဒါပေမဲ့ ဖွင့်ပွဲနဲ့ အလားသဏ္ဍာန်တူလောက်ပဲ သူတို့အနေနဲ့ ရတယ်လို့ ကျနော်တို့ ယူဆတယ်ခင်ဗျ။”

ဒါပေမဲ့ ယေဘုယျပြောမယ်ဆိုရင်တော့၊ စောစောက ကိုစည်သူ ပြောသွားတဲ့အတိုင်းဆို လူတွေက အနည်းအများတော့ ကျေနပ်မှု ရှိကြမယ်ထင်တယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ဟုတ်တယ်။ သူတို့ ကျေနပ်တယ်ဆိုတာထက် ဒီပွဲကြီးပြီးသွားတဲ့အတွက် သူတို့ ဂုဏ်ယူတယ်လို့ ပြောရင် ပိုမှန်တယ်ခင်ဗျ။”

မနေ့က ဆီးဂိမ်းပြိုင်ပွဲတွေ အားလုံး ပြီးသွားချိန်မှာ မြန်မာက ရွှေ ၈၆၊ ငွေ ၆၂၊ ကြေး ၈၅ နဲ့ နိုင်ငံအလိုက်မှာ ဆုတံဆိပ် ဒုတိယအများဆုံး ရရှိခဲ့ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက ရွှေ ၁၀၇ ခု၊ ငွေ ၉၄၊ ကြေး ၈၁ နဲ့ ပထမနေရာမှာ ရှိခဲ့ပြီး၊ ဗီယက်နမ်နိုင်ငံက ရွှေ ၇၃၊  ငွေ ၈၆၊ ကြေး ၈၆ နဲ့ တတိယလိုက်ခဲ့တာဖြစ်ပါတယ်ရှင်။

Thursday, December 19, 2013

Nay Pyi Taw Sea Game's conditions 20/12/2013

နေပြည်တော် ဆီးဂိမ်းကို နိုင်ငံခြား ဧည့်သည်များ အံ့သြ

 Print This Post
ဆီးဂိမ်းပွဲတော်, နေပြည်တော်,ကမ္ဘာလှည့် ခရီးသွား
ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ ကြီးကျယ်သော အဆောက်အဦများစွားဖြင့် ဖွံဖြိုး တိုးတက်လျက်ရှိသော်လည်း မြို့ကြီး သီးသီးသန့်သန့် တည်ရှိနေခြင်းက ထူးဆန်း အံသြစရာ ကောင်းနေကြောင်း နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲသို့ရောက် နိုင်ငံခြားသား ဧည်သည်များက မှတ်ချက်ပြု ကြသည်။
နေပြည်တော်တွင် အဆောက်အဦး ကောင်းများစွာရှိပြီး  ကြီးမားကျယ်ပြန့်သော လမ်းများဖြင့် လှပနေသော်လည်း စည်းကမ်း ပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံခြားသား တချို့က ပြောသည်။ ယင်းအပြင် နေပြည်တော်မှာ ဆင်းရဲ ချမ်းသာ လူတန်းစား အလွှာစုံကို မတွေ့မြင်ရဘူးဟု ၎င်းတို့က ဆိုသည်။

ဖေ့စ်ဘွတ်ခ်မှာ ဖတ်ရှုရတဲ့ ကာတွန်းများ (၁၉-၁၂-၂၀၁၃)


“ အခု မြန်မာက ပွင့်လင်းသွားပြီ ဆိုတော့ ခရီးသွားရတာ အဆင်ပြေတယ်။ နေပြည်တော်ကြီးက ရန်ကုန်လောက် ကားတွေ ၊ လူတွေ မများဘူး။ ဒီတိုင်းပြည်က တခြားမြို့တွေလို မဟုတ်ဘဲ သပ်သပ်ကြီး ဖြစ်နေတာ အရမ်း အံသြစရာပဲ။ လူတွေကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ချမ်းသာတဲ့ပုံပဲ။ ရန်ကုန်က လူဦးရေ ၈ သန်းကို ဒါမျိုး ဖန်းတီးပေးသင့်တယ် ”ဟု နေပြည်တော် ဆီးဂိမ်းသို့ သီးသန့် လာရောက် လည်ပတ်သူ ဂျာမနီနိုင်ငံသား Mark က ဆိုသည်။
နေပြည်တော် ဆီးဂိမ်းသို့ ရောက်ရှိ လာသော Mark တို့ ကမ္ဘာလှည့် ခရီးသွား အဖွဲ့သည် ရန်ကုန် ၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး ဖြစ်ရာ မန္တလေးနှင့် ပုဂံရှိ မြန်မာ ပြည်သူများမှာ သူတို့၏ တိုင်းပြည်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲကြီး ကျင်းပနေသည်ကို မသိရှိကြကြောင်း Mark တို့အားပြောဆိုသည်ဟု ဧရာဝတီသို့ ပြောပြသည်။
“ တကယ်ဆိုရင် ကိုယ့်နိုင်ငံမှာ ဒီလောက်ကြီးတဲ့ အားကစားပွဲကြီး လုပ်တာ ပြည်သူတွေ သိသင့်တာပေါ့။ ပုဂံက ပြည်သူတွေ မသိတာ ထားလိုက်တော့၊ မန္တလေးမှာ အမျိုးသမီး ဘောလုံးပွဲ ရှိတာပဲ ။ သူတို့ သိသင့်တာပေါ့။ မှန်းပြောရရင် အစိုးရက နိုင်ငံတကာကို ကြွားချင်လို့ သက်သက် လုပ်ပြတာမျိုး ဖြစ်နေမလား” ဟု Markက မှတ်ချက်ပြု ပြောဆိုသည်။
နေပြည်တော်သည် မြန်မာနိုင်ငံတွင် နေရာ အသစ်တခုကဲ့သို့ သီးသီးသန့်သန့် တည်ရှိနေခြင်းသည် အပြောင်းအလဲ တခုဖြစ်ပြီး အလွန် ဖွံဖြိုးတိုးတက်သော တိုင်းပြည်ကြီး တခုသို့ အလုပ် လာလုပ်နေရသည်ဟုပင် ခံစားရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Nation Man ကုမ္ပဏီမှ အသက် ၄၆ နှစ်အရွယ် ထိုင်းလူမျိုး Mr.MonGkon က ဧရာဝတီသို့ ပြောသည်။
“ ဒီကို မရောက်ခင်က နေပြည်တော်ကို ဒီလောက် ကြီးကျယ် ခမ်းနားလိမ့်မယ်လို့ ထင်မထားဘူး။ တကယ်နေရာ အသစ်တခုပဲ။ ကျနော်က ဒီမှာ လက်ဝှေ့စင် အတွက် လိုအပ်တာတွေ လာကူတာ။ ဒါပေမဲ့ နေပြည်တော်ထက် မန္တလေးကို ပိုကြိုက်တယ်။ အဲဒီက မြန်မာတွေက ဖော်ရွှေတယ်။ မန္တလေးက ကျနော်တို့ နိုင်ငံနဲ့ ပိုတူတယ်” ဟု Mr.MonGkon က ဆိုသည်။
Mr.MonGkon သည် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်အတွက် လက်ဝှေ့စင်နှင့် လက်ဝှေ့ ပစ္စည်းများ ကူညီ ထောက်ပံပေးရန် နည်းပညာ

Women footballers suffer heartbreak but restore Burmese pride 

 

အကူအညီပေးနေသူတဦး ဖြစ်ပြီး နေပြည်တော်သို့ နှစ်ကြိမ်မြောက် ရောက်ရှိလာသူဖြစ်သည်။
“ ဒီမှာ လူတိုင်းက ကွမ်းတံတွေးကို ကြုံသလို ထွေးနေတာမျိုး တွေ့ရတယ်။ ထွေးတဲ့သူတွေအတွက် ထွေးဖို့နေရာတို့ ၊ အမှိုက်ပုံးတို့ ပေးထားတာလည်း မတွေ့ဘူး။ စည်းကမ်း လိုက်နာဖို့အတွက် အမှိုက်ပုံးတို့ ၊ ကွမ်းတံထွေးတဲ့ နေရာတို့ ထားပေးသင့်တယ်။ ထိုင်းမှာလည်း တချို့နေရာတွေက ညစ်ပတ်ပေမယ့် မြန်မာတွေလိုတော့ ကွမ်းတအား မစားကြဘူး။ နိုင်ငံတိုင်းမှာလည်း စည်းကမ်း မလိုက်နာတဲ့ သူက ရှိတာပဲ”ဟု ထိုင်းနိုင်ငံသား မစ္စတာ Mr.MonGkonက ပြောသည်။
နေပြည်တော်သည် ရန်ကုန်မြို့ထက် ပိုကောင်းမွန်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာနာ ဒေသနှင့် ဆင်တူကြောင်း ၊ မြန်မာ့ ရိုးရာ လက်မှု ပစ္စည်းများ ၀ယ်ယူချင်သော်လည်း နေပြည်တော်တွင် ရှာမတွေ့ကြောင်း ပထမဆုံးအကြိမ် နေပြည်တော်သို့ ရောက်ရှိလာသော မလေးရှားနိုင်ငံမှ အသံလွှင့်အင်ဂျင်နီယာ မစ္စတာ အင်မန်အီဟတ်က ပြောသည်။
“ မြန်မာတွေ ဧည့်ဝတ်ကျေတယ် ။ ဆီးဂိမ်း အပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ခြင် ပြဿနာကတော့ ကြီးကြယ်တဲ့ Issue ကြီးမဟုတ်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီ ။ ဒီမှာ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားလို့ ရနေတာပဲ ” ဟု မလေးရှားနိုင်ငံ National Sport Council မှ မစ္စတာ ဘက်စမန်က ဆိုသည်။
“ဒီဆီးဂိမ်း အားကစား ကွင်းထဲမှာတော့ သယ်ယူ ပို့ဆောင်ရေးက သိပ်အဆင်မပြေဘူး။ ကားတွေက အချိန်မမှန်ဘဲ သူဘာသာ သွားနေတယ်။ ဒါပေမဲ့ ကျနော်က မွတ်စလင်ဆိုတော့ ဆိုင်တွေမှာ စားရတာ အဆင်ပြေပါမလား စိတ်ပူတာ။ အဆင်ပြေတယ်။ ဟာလာ အစားအစာတွေ ရတယ်။ တခုက မြန်မာ့ရိုးရာ လက်မှုပညာ ပစ္စည်းတွေတော့ ၀ယ်ချင်တယ်။ ဒီမှာရောင်းတာက ဆီးဂိမ်းနဲ့ ပတ်သက်တာတွေပဲ ဖြစ်နေတယ်”ဟု အင်မန်အီဟတ်က ဆိုသည်။
အာရှ အားကစား အဖွဲ့ချုပ်မှ ထိုင်း နိုင်ငံသား မစ္စတာ Paiboon က “ နေပြည်တော်ကြီးက တကယ် ကောင်းပါတယ်။ အပြင်မှာ ကြားခဲ့ရသလို စစ်တပ်က ထိန်းချုပ်ထားတယ်။ မလွတ်လပ်ဘူးဆိုတာ မဟုတ်ဘူး။ ဒီမှာ ဟိုတယ်တွေလည်း အများကြီး ဖွင့်ထားတယ်။ ဒါပေမဲ့ ဟိုတယ်တွေပဲ ရှိပြီး စီးပွားရေး ဖွံဖြိုးတာတော့ မတွေ့ရဘူး။ မြန်မာတွေ ခုထက်ထိ သနပ်ခါး လိမ်းနေသေးတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ မိတ်ကပ်တွေ
ပြောင်းလိမ်း ကြလိမ့်မယ်။ ထိုင်းမှာတော့ ယဉ်ကျေးမှု ပြောင်းသွားပြီ ”ဟု ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်သော ဗီယက်နမ် နိုင်ငံအသင်းမှ အားကစားသမားများအတွက် တည်းခိုရန် ပေးထားသည့် နေအိမ်အချို့တွင် ခြင် အန္တရာယ် ရှိနေပြီး ခြင်ပြဿနာ အပါအ၀င်၊ တခြားပြဿနာ တချို့ကြောင့် အားကစား သမားများ၏ စွမ်းရည် အပေါ် သက်ရောက်မှု ရှိနေသည်ဟု ဗီယက်နမ် အခြေစိုက် သတင်းဌာန တခုက ဖော်ပြခဲ့သောကြာင့် ကျန်းမာရေးဝန် ကြီးဌာနက ခြင်ထောင်များ ထပ်မံ ဖြည့်ဆည်းပေးခြင်းဖြင့် ခြင် ပြဿနာကို ဖြေရှင်းပေးရကြောင်း သိရသည်။
နေပြည်တော်တွင် နိုင်ငံခြားသားများကို ၀န်ဆောင်မှု ပေးနေသော အငှားတက္ကစီယာဉ် စရိတ်မှာ အနည်းငယ် ဈေးကြီးသည်ဟု ဂျာမနီ နိုင်ငံသား မစ္စတာ Toddy က ပြောသည်။ ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ Tourist Police က အကူအညီ ပေးသည်ဟု ၎င်းက ဆိုသည်။
“ ကျနော်တို့ အဖွဲ့ ဟိုတယ်ဇုန်ကနေ ဒီကို ကားငှားလာတာ ဒေါ်လာ ၂၀ ပေးရတယ်။ ဈေးကြီးပေမယ့် အစိုးရက ဆီးဂိမ်းကို ဘယ်လိုလုပ်ထားလဲ ဆိုတာ စိတ်ဝင်စားလို့လာကြည့်တာ။ မြန်မာကို ရောက်တော့ Tourist Police တွေက ကူညီတယ်။ မျက်နှာတွေက ပြုံးနေတာပဲ။ ဆီးဂိမ်း ပွဲထဲကိုလည်း ၀င်ခွင့်ရတယ်။ ဒီထဲမှာတော့ ပွဲတွေကို ကြည့်လို့ရမယ့် Time Scaledule ရှာတာတော့ အခုထိ မတွေ့သေးဘူး”ဟု မစ္စတာ Toddy က ပြောသည်။
ဘောလုံးပွဲတွင် အိမ်ရှင် မြန်မာကို အနိုင်ရစေချင်ပြီး အင်ဒိုနီးရှား အနိုင်ရသွားသည့် အတွက် စိတ်မကောင်းကြောင်း ဂျာမနီနိုင်ငံသား Rainerက ယခုလို ပြောဆိုသေးသည်။”တီမောနဲ့ ထိုင်းတုန်းက တီမောကို အားပေးတယ်။ မြန်မာနဲ့ ထိုင်းမှာတော့ မြန်မာကို အားပေးခဲ့တယ်။ မြန်မာတွေ ရှုံးတာနဲ့ ရှက်လို့ ရန်ကုန်မှာ ရန်တွေ ဖြစ်ကြတာ မင်းသိလား” ဟု Rainer မေးခွန်းထုတ်သည်။

Wednesday, December 18, 2013

Myanmar Sea Games show to the World 19/12/13

Sea Games မှာ ဗမာ့စိတ်ဓါတ် ကမ္ဘာကိုပြပြီ 19/12/13
 
ကရင်အမျိုးသားတွေ ဆီးဂိမ်းမှာလက်ဝှေ့ထိုးဘို့  ကရင်လူငယ် လက်ဝှေ့အားကစားသမား ၆ယောက်ပါဝင်ယှဉ်ပြိုင်
မယ်။ အင်္ဂလိပ်လက်ဝှေ့ကို တစ်ယောက်ထိုးမယ်၊ ကျန်တာကတော့ အာရှလက်ဝှေ့ထိုးမယ်။
ကရင်လူငယ်တွေကို နိုင်ငံတော်က ခေါ်လို့ဆိုပဲ။
ဒီကနေ့ ကရင်တွေကြားမှာ ပြောပြောနေတာ နိုင်ငံတော်နိုင်ငံတော်နဲ့ ဘာနိုင်ငံတော်လဲ။
အမေရိကန် ပြည်ထောင်စု နိုင်ငံတော်လား။ ထိုင်းနိုင်ငံတော်လား။ ဂျပန်နိုင်ငံတော်လား။
ဗမာနိုင်ငံတော်ဆိုလျင်လဲဗမာပေါ့။ တရုတ်ဆိုလျင်လည်း တရုတ်ပေါ့။ အခုတော့ နိုင်ငံတော်  နိုင်ငံတော်နဲ့ပြောနေ
လိုက်ကြတာများ။ ကျုပ်လည်းလိုက်မမီတော့ဘူး။
နိုင်ငံတော်ဆိုတာ လူပုဂ္ဂိုလ်လား။ လူပုဂ္ဂိုလ်က နိုင်ငံတော်တဲ့လား။
ထားလိုက်ပါတော့။

ကရင်လူငယ်တွေကို ဆီးဂိမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်ကစားဘို့ ဘိတ်ခေါ်တယ်ဆိုတာ အင်မတန်ဂုဏ်ယူစရာဖြစ်
ပါတယ်။ သို့သော် လာကစားကြသူတွေအားလုံးကို အသိအမှတ်ပြုလေးစားဘို့တော့ လိုတာပေါ့။
အားကစားဆိုတာ နိုင်တာရှုံးတာအဓိက မဟုတ်ပါဘူး။ ယှဉ်ပြိုင်ခြင်းက အဓိကပါ။ အဲဒီလို ယှဉ်ပြိုင်တဲ့အခါမျိုးမှာ
စိတ်ဓါတ်ရေးရာအရ အားပေးတဲ့အနေနဲ့ အားကစားဖွင့်ပွဲမှာ ကရင့်ရိုးရာဒုံးလေးကိုသာ ထည့်ပေးလိုက်မယ်ဆို
လျင် လက်ဝှေ့ထိုးတဲ့ ကရင်လူငယ်တွေ ဘယ်လောက်အားရှိလိုက်မလဲ။
အဲဒါ ဗမာစစ်အစိုးရရဲ့ စိတ်ရင်းစေတနာပဲ။ နေပြည်တော်လိုနေရာမျိုးမှာ မဆိုထားနဲ့ ကရင်ပြည်နယ်မှာလုပ်တဲ့ က
ရင်ပြည်နယ်နေ့မှာတောင် ရိုးရာယဉ်ကျေးမှုပြခမ်းထက်  အရောင်းပြခမ်းတွေကို ပိုပြီးအသားပေးထားတာဆိုတော့
ဘာမျှပြောဘို့တောင်မလိုတော့ဘူး။
ထားလိုက်ပါတော့။
Print This Post
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, ဖွဲ့စည်းပုံ အခြေခံဥပဒေ, ရွေးကောက်ပွဲ, ဒေါ်အောင်ဆန်းစုကြည်

Daw Aung San Suu Kyi's rallies in Kawtmu and Tharyawaddy wrap up 

 

ဒါတင်လားဆိုတော့မကသေးဘူး။
နိုင်ငံအသီးသီးက အားကစားသမားတွေ နံပါတ်စဉ်အလိုက်ဝင်လာတဲ့အခါ မြန်မာအားကစားအသင်း ကွင်းထဲဝင်
လာမှ ထပြီးအားပေးကြတဲ့အလုပ်ကလည်း အင်မတန်အောက်တန်းကျတယ်လို့ထင်တာပဲ။
သဘောထားမကြီးတာပဲလား။ သဘောထားကြိးရမှန်းမသိလို့လား။ ဒါမှမဟုတ် ၄၄နှစ်ကြာမှ ပြန်ပြီးကျင်းပရတဲ့အ
တွက် ထူပူပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားတာများလား မသိပါဘူး။
ထားလိုက်ပါတော့။

ပိုဆိုးတာက ဘောလုံးပွဲမှာ ရှုံးရကောင်းလားဆိုပြီး ပွဲဆူအောင်လုပ်တာကတော့ ဒါလည်း ဗမာ့စိတ်ဓါတ်ပဲလား မ
ပြောတတ်ဘူး။ ကျုပ်ထင်တာကတော့ အလံတွေ။ အလံတွေဆိုတာက တီရှပ်တွေမှာ ဗမာအလံလေးတွေရိုက်ထား
တယ်မဟုတ်လား။ အဲဒီတော့ ကိုယ့်တီရှပ်ကိုယ်ချွတ်ပြီး မီးရှို့တယ်ဆိုကတည်းကိုက  ဆက်မရေးတာပဲကောင်းပါ
တယ်။ ဘောလုံးအားကစားသမားတွေပဲ မှားသလား မှန်သလား။ လောလုံးနည်းပြတွေပဲ မှားသလား မှန်သလား။
ဘယ်သူတွေမှားမှား ဘယ်သူတွေမှန်မှန် နောက်ဆုံးမှာတော့ စီးပွါးရေးသမားတွေပဲ တွက်ခြေကိုက်သွားမှာပါလေ။

အောက်ခြေလူတန်းစားအတွက်ကတော့  ကောင်းတဲ့တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်ထွန်းလာဘို့ရှိမှာမဟုတ်ပါဘူး။
အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းအချို့နဲ့ တို့ဗမာ သီချင်းကိုနားဆင်ရင်း အင်ဒိုနီးရှားနဲ့ ဗမာ ကန်တဲ့ပွဲလေးကို အားပေးလိုက်ကြပါဗျား။

Burmese habbit on the Sea game 18/12/13

မြန်မာဘောလုံးအသင်း ရှုံးနိမ့်မှုကြောင့် မြန်မာတို့၏ ဆီးဂိမ်းဝိညာဉ်ပျောက်ဆုံး အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့၍ ပရိသတ်များ အကြမ်းဖက်မှု ဖြစ်ပွား(သို့) မြန်မာတွေရဲ့ ဖျောက်မရတဲ့ အကျင့်ဆိုးကြီး

Q.17.12
အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ပြီးနောက် ပရိသတ်အချို့က ထိုင်ခုံများဖျက်ဆီး၍ ကွင်းအတွင်း ပစ်ပေါက်ထားသည်ကို တွေ့ရစဉ် ( ဓာတ်ပုံ-ညီညီစိုးညွန့်)
ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားသော ဆီးဂိမ်းစ်အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုမှထွက်ခဲ့ရပြီ ဖြစ်သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနည်းများအနက် ပရိသတ်များ အမျှော်လင့်ဆုံး၊ အားအပေးဆုံး အားကစားနည်းဖြစ်သော ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသောကြောင့် မျှော်လင့်တကြီး အားပေးခဲ့ကြသော ပရိသတ်များမှာ ဒေါသထွက်ကာ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဘောလုံးပရိသတ်အချို့ကြား ပဋိပက္ခများလည်း ဖြစ်ပွားခဲ့သည်။ မြန်မာဘောလုံးအသင်း အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းသည် ဆီးဂိမ်းပြိုင်ပွဲ၏ ၀ိညာဉ်ပျောက်ဆုံးခြင်းပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
P.17.12
ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် ပရိသတ်တစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
R.17.12
မြန်မာဘောလုံးသမားများ ပုံပါ ဆီးဂိမ်းစ်လှုံ့ဆော်ရေးဆိုင်ဘုတ်ကို မီးရှို့နေကြစဉ် (ဓာတ်ပုံ-အာကာ)
S.17.12
ပရိသတ်များ ၀တ်ဆင်အားပေးသည့် မြန်မာအသင်းအင်္ကျီအား မီးရှို့နေကြစဉ်(ဓာတ်ပုံ-အာကာ)
"ဒီနှစ်နှစ်အတွင်းမှာလည်း ပတ်ဆောင်ဟွာကိုင်တွယ်ချိန်မှာ ပြိုင်ပွဲများစွာကို ရှုံးနိမ့်ပြီး အရှက်ရခဲ့တယ်။ ခြေစမ်းပွဲတွေမှာလည်း အကြိမ်ကြိမ် ရှုံးနိမ့်စဉ်ကတည်းက ဒီနည်းပြမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့သိနေတယ်။
ဒီဆီးဂိမ်းစ်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတယ်။ ဒါကို သူနားလည်ထားရမယ်။ ဒီပွဲအစ လူထုတ်ပုံကြည့်ကတည်းက အတော့်ကိုစိတ်ပျက်သွားမိတယ်။ ဘာလို့ ကျော်ကိုကို ကို ပွဲအစမှာ ထည့်မသုံးခဲ့တာလဲ။ နည်းပြရဲ့ လူထုတ်ပုံမှားယွင်းမှု၊ လူစားလဲပုံ မှားယွင်းမှုတွေက ဒီပွဲကိုရှုံးနိမ့်စေတယ်လို့ ပြောချင်တယ်။ ပတ်ဆောင်ဟွာဟာ အခုမှဒီလိုအမှားမျိုးကျူးလွန်တာမဟုတ်ဘဲ အရင်ကတည်းက အကြိမ်ကြိမ် မှားခဲ့ဖူးသူဖြစ်တယ်။
ဘာပဲပြောပြောသူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်က ကျွန်တော်တို့မြန်မာပရိသတ် သန်း ၆၀ စလုံးရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်စေခဲ့တယ်" ဟု ၀ါရင့်အားကစား ကလောင်ရှင်တစ်ဦးဖြစ်သူ ဦးချစ်ဝင်းမောင် (အယ်ဒီတာချုပ်၊ တက်လမ်းအားကစားဂျာနယ်) က ပြောကြားခဲ့သည်။

"ပွဲထွက်လူစာရင်းကိုကြည့်ကတည်းက ဘာတွေဖြစ်ကုန်တာလဲလို့ ကျွန်တော်တို့ အံ့အားသင့်ခဲ့ရပါတယ်။ ဒီပွဲက အင်တာနေရှင်နယ်အဆင့် ပွဲတစ်ပွဲဖြစ်ပြီး ပြိုင်ဘက်အသင်းကလည်း လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ပွဲတွေမှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် အင်ဒိုနီးရှားဟာ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းဆိုတာ မေ့မထားသင့်ဘူး။ နောက်ပြီး Head to Head အရ သူတို့အသင်းကနိုင်ရင် နောက်တစ်ဆင့်တက်မယ်ဆိုတာ သိနေတော့ သူတို့ကလည်း ကြိုးစားမှာပဲ။ ဒါကိုဘာဖြစ်လို့ ဒီလူထုတ်ပုံနဲ့ ရင်ဆိုင်သလဲဆိုတာ အံ့အားသင့်ရပါတယ်။ နောက်ပြီး ကျော်ကိုကို ကိုထည့်ချိန်မှာ ကျော်ဇေယျာဝင်းကို ထုတ်လိုက်တာလည်း အံ့သြစရာပါပဲ။ မြန်မာအသင်းဟာ ကစားကွက်လည်း လုံးဝမရှိဘဲ ရယ်စရာပြောရရင် ကလေးပွဲတစ်ပွဲ ကြည့်ရတာတောင် ပိုကောင်းဦးမယ်။ ဒီလိုတစ်နိုင်ငံလုံးက မျှော်လင့်နေတဲ့အချိန်မှာ အုပ်စုအဆင့်ကထွက်ရတာ တော်တော့်ကိုစိတ်မကောင်းပါဘူး" ဟု ဇွဲကပင်ယူနိုက်တက်အသင်း၏ နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောကြားခဲ့သည်။
T.17.12
ကွင်းအတွင်းဝင်ရောက်လာသော ပရိသတ်တစ်ဦးအား လုံခြုံရေးများက ခေါ်ဆောင်လာစဉ်(ဓာတ်ပုံ-ညီညီစိုးညွန့်)

U.17.12
ဆူပူနေသော ပရိသတ်အချို့အား မီးသတ်ပိုက်ဖြင့် ရေပက်၍ လူစုခွဲနေစဉ်(ဓာတ်ပုံ-မင်းသိန်းနိုင်)
V.17.12
ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မီးပွိုင့်တွင် ပရိသတ်အချို့မှ ပစ်ပေါက်ထားသည့် ခဲအပိုင်းအစများ(ဓာတ်ပုံ-၀င်းမြင့်ကျော်)
အကြိုဗိုလ်လုပွဲတက်ရောက်ရေး အဆုံးအဖြတ်ပွဲတွင် မြန်မာအသင်းမှာ အင်ဒိုနီးရှားအသင်းအား တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်နေပြီး ပွဲစဉ်ပြီးခါနီးတွင် ပရိသတ်အချို့မှာ ရေအိတ်များဖြင့် ပစ်ပေါက်ခြင်း၊ ဖိနပ်များဖြင့် ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်းအပြင် ထိုင်ခုံများကိုချိုးဖျက်ပြီး လာရောက်အားပေးသည့် ပရိတ်သတ်အချို့မှ ကွင်းထဲသို့ ပစ်ပေါက်ခဲ့မှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေချိန်တွင် ပရိတ်သတ်သုံးဦးမှာ ကွင်းထဲသို့ ဆင်းသွားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ယူထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များမှ ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

ထို့နောက် ပွဲပြီးဆုံးသွားသည့်အချိန်တွင် ဒေါသထွက်နေသော ပရိသတ်များက ကွင်းအတွင်းရှိ ထိုင်ခုံများစွာ ချိုးဖျက်ခဲ့ပြီး ကွင်းထဲသို့ပစ်ချခဲ့သည့်အပြင် မြန်မာအသင်းအင်္ကျီများနှင့် လက်မှတ်များကို ဂိတ်ပေါက် ၇၊ ၈၊ ၉ ဘက်သို့သွားသည့် လမ်းမတွင် မီးရှို့မှုများပြုလုပ်ခဲ့၍ မီးလန့်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ပရိသတ်အချို့က သုဝဏ္ဏအားကစားကွင်းရှေ့ ဝေဇယန္တာလမ်းမနှင့် လေးထောင့်ကန်လမ်းထောင့်တွင် စိုက်ထူထားသည့် ဆီးဂိမ်းလှုံ့ ဆော်ရေး ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း လုံခြုံရေးဆောင်ရွက်နေသောရဲများကို ရေမြောင်းလုပ်ရန်ထားရှိသော အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ သုဝဏ္ဏကွင်းနားရှိ ယာဉ်ထိန်းရဲရုံးကိုလည်း ခဲများဖြင့်ပစ်ပေါက်ခဲ့ကြပြီး ၎င်းဆူပူအကြမ်းဖက်သူများအား မီးသတ်ကားများ၏ ရေပိုက်ဖြင့် လူစုခွဲခဲ့သော်လည်း လူစုမကွဲဘဲ ပိုဆိုးလာသဖြင့် ရဲတပ်ဖွဲ့အင်အား ထပ်မံတိုးခဲ့ပြီး အဆိုပါလူစုအား အင်အားသုံး ဖြိုခွင်းခဲ့ရသည်။
N.17.12
မြန်မာအသင်း ရှုံးနိမ့်ပြီးနောက် သုဝဏ္ဏဘောလုံးကွင်းအပြင်ဘက် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံ အသင်းတိုက်မီးပွိုင့်အနီး မြန်မာပရိသတ်အချို့က အရာဝတ္ထုများဖြင့် ပစ်ပေါက်နေကြစဉ် (ဓာတ်ပုံ-အာကာ)
ထိုသို့ဖြိုခွင်းခဲ့ရာတွင် ဆူပူသည့် ပရိသတ်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။ ဒေါသထွက်နေသော ပရိသတ်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားမှုမှာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
O.17.12
ကိုရီးယားလူမျိုးနည်းပြ၏အတ္တနှင့် သန်း ၆၀ ၏ မျှော်လင့်ချက် လဲလှယ်ခဲ့ရ (ဓာတ်ပုံ-ညီညီစိုးညွန့်)

"ရှုံးတဲ့အတွက် အ၀တ်တွေမီးရှို့တယ်။ ဘေလ်ဘုတ်တွေကို မီးရှို့တယ်။ လုံခြုံရေး အင်အားအနေနဲ့ ရဲတပ်ရင်းနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါပါတယ်။ တရားမ၀င် လုပ်ထုံးလုပ်နည်းနဲ့ လုပ်တဲ့သူတွေကို ဖမ်းဆီးသွားမှာပါ။ သာမန်သူများယောင်လို့ ယောင်တဲ့သူတွေကိုတော့ မဖမ်းထားပါဘူး။ ကွင်းထဲမှာတုန်းက ဖမ်းထားတဲ့သူတွေကိုတော့ ပြန်လွှတ်လိုက်ပါပြီ။ ဒီလိုဖြစ်မယ်လို့ ထင်တောင်ထင်မထားဘူး။ မြန်မာတွေ မရင့်ကျက်သေးတာပါ"ဟု အကြမ်းဖက်မှုကို တားဆီးခဲ့သည့် ရဲတပ်ရင်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသားဘောလုံးအသင်းပြိုင်ပွဲမှ ထွက်ခွာသွားရသည့်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မည်သည့်အဓိပ္ပာယ်မှ မရှိတော့ကြောင်း ပရိသတ်များက ပြောကြားသည်။

" ကျွန်တော်တို့အတွက်တော့ အဓိကက ဘောလုံးပွဲပဲ။ တခြားအားကစားတွေ ရွှေဆုရတာ မရတာကို ကျွန်တော်တို့ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ ထိုင်းနဲ့ပွဲတုန်းကဆို လက်မှတ်ရဖို့ နံနက် ၃ နာရီကတည်းက သွားတန်းစီခဲ့ရတာ။ နေပြည်တော်အထိ လိုက်အားပေးဖို့လည်း စီစဉ်ထားတာ။ ကျန်တဲ့ကစားနည်းတွေ ဆုရရ မရရ ဘောလုံးမှာ ဆုရရင်ကျေနပ်တယ်ဗျာ။ အခုကျတော့ ဆီမီးတောင်မတက်ဘူးဆိုတော့ဗျာ။ ပရိသတ်အားပေးမှုဆိုတာကလည်း တစ်ခြားစီပဲ။ အခုကတော့ ဆီးဂိမ်းစ်ဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်တော့သလို ဖြစ်သွားပြီ"ဟု မြန်မာ -အင်ဒိုနီးရှားပွဲ သွားရောက်အားပေးခဲ့သည့် NLEC မှ ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုဟိန်းကိုဇော်က ပြောကြားသည်။

ကွင်းအတွင်းသွားရောက် အားပေးခဲ့သည့် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသန်းစိုးက "ကျွန်တော်တို့ အတွက်တော့ အမျိုးသားအားကစားဆိုတာ အမျိုးသားဘောလုံးပွဲပဲဗျာ။ အခု အမျိုးသားဘောလုံးအသင်း ထွက်သွားတော့ ဆီးဂိမ်းစ်ပြိုင်ပွဲအပေါ်မှာ အာရုံလုံးဝမရှိတော့ဘူး" ဟု ပြောကြားသည်။