Sunday, June 2, 2013

ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်ပေါင်းကြတော့မယ် 01/06/2013

ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်ပေါင်းကြတော့မယ်


 

 ကရင်လက်နက်ကိုင်အဖွဲ့တွေ
ပြန်ပေါင်းကြတော့မယ်

By  မင်းစိုးစံ
May 31, 2013 Friday

ကရင်လက်နက်ကိုင်အဖွဲ့တွေ ပြန်ပေါင်းကြတော့မယ် ဆိုတဲ့ သတင်းကတော့ ကျုပ်တို့ကရင်တွေအတွက်
အလွန်မင်္ဂလာရှိတဲ့ သတင်းကောင်းတရပ်ဖြစ်ပါတယ်။
လူထုခမျာမှာလည်း ဟိုအဖွဲ့ကတမျိုး ဒီအဖွဲ့ကတဖုံ ဗမာစစ်တပ်ကလည်း တ မှောင့် ဆန်ကောထဲက ဇီးဖြူ
သီးလို ခြာလပတ်ကိုလည်နေရှာတာဆိုတော့ ကရင်အဖွဲ့တွေပြန်ပေါင်းစည်းသွားပြီ ဆိုလျင်ဖြင့် ၀မ်းမြောက်
ဝမ်းသာဖြစ်ကြမှာကတော့ မြေကြီးလက်ခတ်မလွဲပါ။

ကရင်အဖွဲ့တွေ ပြန်ပေါင်းစည်းနိုင်မယ်ဆိုတာကို မလိုလားတဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)အတွက်က
တော့ ငယ်ထိပ် မြွေပေါက်ခံရတဲ့ သတင်းပေါ့ဗျာ။
အဲဒီတော့ အဲဒီလိုပြန်ပေါင်းစည်းတော့မယ့်အခြေအနေကို မဖြစ်ဖြစ် တဲ့နည်းနဲ့ ကွဲပြဲအောင်လုပ်မှာကိုတော့
ဗေဒင်မေးနေစရာမလိုပါဘူး။

ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဆိုတာက ကျုပ်ပြောနေကျစကားအတိုင်း ပြန်ပြောရမယ်ဆိုလျင် ကောင်း
ရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်တတ်တဲ့ အမျိုးတွေမဟုတ်ဘူးလေ။
ခုတ်မယ် ထစ်မယ်ပါပါးလှီးမယ်။
ကျီးကန်းလို သူများ အစားအစာကို အလစ်သုပ်ပြီးစားရတာကိုမှ မျိုကျတာမျိုးလေ။
အဲဒီတော့ဟိုလူကို တစ်မျိုးပြော ဒီလိုကိုတမျိုးလှိမ့် ပြီးတော့ သူများပစ္စည်းကိုယ့်ပစ္စည်းဖြစ်အောင်လုပ်တဲ့
အနွယ်တွေလေ။

ပြည်သူပိုင်သိမ်းလည်း လူမွေးလူ တောင်မပေါက်။ အရေးအခင်းတွေ ဖန်တည်းပြီးလုပ်စားတော့လည်း မ
ကြီးပွါး။ အာဏာပါဝါတွေသုံးပြီး အချင်း ချင်းထောင်ချလည်း မတိုးတက်။ လိမ်စားညာစား ခြောက်စား လှန့်
စား ခိုးစားဝှက်စားတာကြာလာတော့ လူတွေသိလာကြလို့ အဲဒီနည်းတွေက အဆင်မပြေမှန်းလည်းသိရော
ဟော ဒီမိုကရေစီယောင်ယောင်လုပ်ပြရင်း ငြိမ်းချမ်းရေးလုပ်မလိုလိုအယောင်ဆောင်ပြီး တိုင်းသူပြည်သား
တွေပိုင်တဲ့ ပစ္စည်းကို ကိုယ့်ပစ္စည်းလုပ်ပြန်ရော။

ကရင့်တော်လှန်ရေးအဖွဲ့နဲ့ ဗမာစစ်အစိုးရ (မြန်မာအစိုးရ) ငြိမ်းချမ်းရေးဆွေးနွေးတာတွေမလုပ်ခင်တုန်းက
ကရင်လူထုပိုင်တဲ့မြေကို မျက်စောင်းတောင်မထိုးရဲခဲ့တဲ့ ဗမာစစ်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း
လုပ်ရော တခါတည်းမောင်ပိုင်စီးတော့တာပဲ။

နင်တို့ကရင်တွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိဘူး လို့ပြောပြီး ကရင်ပိုင်ပစ္စည်းတွေမှန်သမျှကို သူတို့ပစ္စည်းလုပ်
လိုက်ပုံများ ခွင့်လွှတ်နိုင်စရာတောင်မရှိဘူး။ အရင်တုန်းကတော့ ကရင်ရွာကိုမီးရှို့ အိမ်မွေးတိရိစ္ဆာန်တွေကို
သတ်စား။ ပစ္စည်းခိုး။ လူသတ်။ မုဒိန်းကျင့်။ ကရင့်တော်လှန်ရေးတပ်လာပြီဆိုတာနဲ့ တစ်ချိုးထဲပြေး။
ကရင်တွေ လယ်မြေမပျောက်ဘူး။ အိမ်မြေမပျောက်ဘူး။ ခြံမြေမပျောက်ဘူး။ အသက်ရှင်ရပ်တည်လို့ ဖြစ်
နိုင်သေးတယ်။

အခုတော့ လယ်မြေတွေပျောက် ခြံမြေတွေဆုံးရှုံး။ နောက်ဆုံး ဘ၀တွေပျက်။ ဘာလုပ်လို့ဘာကိုင် ရမှန်းမ
သိဖြစ်။ နှစ်လုံးထီ။ သုံးလုံးထီ။ မူးယဇ်ဆေး။ လောင်းကစား။ မုသားဝါဒ နဲ့မကင်းတဲ့အလုပ်နဲ့ အသက်မွေး
ကြရတဲ့ဘ၀မျိုးကိုရောက်။ ရာဇ၀တ်မှုတွေ ဆူပွက်။ အဲဒီလို ကရင်တွေဘ၀ပျက်အောင်လုပ်နေတာ။

အရင်တုန်းကတော့ ဗမာစစ်အစိုးရ (မြန်မာအစိုးရ)မှ လူ့အခွင့်အရေးချိုးဖေါက်ခြင်း ဆိုတဲ့ သတင်းတွေ အ
ဆက်မပြတ် နေ့စဉ်ရက်ဆက် ကြားနေရပေမယ့် အခုတော့ မကြားရတော့ဘူး။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) လူစိတ်ဝင်သွားတာပဲလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေဆဲကာလမို့
ဟန်ဆောင် ယုံကြည်မှုတည်ဆောက်ပြနေတာပဲလား။
ကျုပ်အထင်ပြောရလျင်တော့ ကျုပ်တို့ကရင်တွေရဲ့ဘ၀ဟာ အရင်တုန်းကလို အထိတ်တလန့်နဲ့ လုယက် စားသောက်နေရတဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ကို တရားဝင်လုယက်စားသောက်ခွင့်ပေးလိုက်သလို
မျိုး ဖြစ်သွားရပါပြီ။


ရလဒ်ကောင်းရသွားတာကတော့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ဖြစ်ပါတယ်။
အောက်ခြေက ဗမာစစ်တပ် တပ်ဗိုလ် တပ်မှူးတွေက ကရင်တွေပိုင်တဲ့ လယ်ယာမြေအားလုံးကို ထင်သ
လိုသိမ်းလို့ရတယ်။ ကရင်တွေကိုမောင်း ထုတ်လို့ရတယ်။ ကရင်တွေအပေါ်ကြိုက်သလို လုပ်လို့ရတယ်။
ထင်သလို အမိန့်ပေးလို့ရတယ်။
အထက်ပိုင်းကျတော့ နိုင်ငံတကာက ချီးမြှင့်တဲ့ ဟိုဆု ဒီဆုတွေအပြင် နာမည်ကောင်းဆုတွေသာမကပဲ
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကအကူအညီတွေ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအတွက်အကူအညီတွေ
သောက်သောက် လဲကိုရနေကြပါတယ်။ နိုင်ငံတကာက လူရာမသွင်းခဲ့တဲ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)
ခုတော့ လူတောထဲတိုးလို့ ရသွားပါပြီ။

ကျုပ်တို့ကရင်တွေမှာတော့ ကရင်လက်နက်ကိုင်အဖွဲ့တွေရှိလို့ နင်တို့ကရင်လူမျိုးတွေ ဒုက္ခသည်ဖြစ်ရတာ
ဆိုတဲ့ လွဲမှားတဲ့အမြင်မျိုး ကမ္ဘာက မြင်နေတာကို ဘယ်လိုချေပရှင်းလင်းရမလဲဆိုတာ တွေးရင်း ကရင်
လက်နက်ကိုင်အဖွဲ့ ပေါင်းစည်းရေးကိစ္စ အမြန်ဆုံး ဖြစ်မြောက်အောင်မြင်ပြီး အကောင်အထည်ပေါ်လာပါ
စေလို့ ကရင်ပြည်သူ လူထုနဲ့အတူ ဆုတောင်းလိုက်ပါတယ်။

0 comments:

Post a Comment