Tuesday, January 7, 2014

Kachin and Burma battle area 08/01/2014

KIA တပ်မဟာ (၃) ဧရိယာ မှ စစ်ဆင်ရေး အပြောင်း အလဲ များ

KIA လှုပ်ရှားမှု  ပြ ဧရိယာ မြေပုံ KIA လှုပ်ရှားမှု ပြ ဧရိယာ မြေပုံ 

ကချင်ပြည် နယ် ဗန်းမော် ခရိုင်   မံစီမြို့နယ် ထဲမှ နန်းလင်းပါ  ကျေးရွာ နှင့် ဂေါင်ကြာ ကျေးရွာ  များမှ  အစိုးရ စစ်ကြောင်းများ သည် ယနေ့ မနက်ပိုင်း တွင်  ထို နေရာမှ () မိုင်ခန့်ဝေးသော ဗန်းမော်  မဘိန်း ကားလမ်း ရှိ ဆင်ကမ်း ချောင်း သံတံတား ဖက်သို့ဆုတ်ခွာ သွားခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘိုင် ဂျွမ်းအောင် ကဆိုပါသည်။
စစ်ဆင်ရေး သစ်ကို စက စားနေတာပေါ့နော် ။ပြီးခဲ့တဲ့ ()ရက် ကဆုတ် သွားတဲ့ မုန်ဒိန်ပါ ကျေးရွာ ကစစ်ကြောင်း တွေလည်း အခုပြန် ရောက် လာပြန်ပြီး။ အခု လည်း ဘာပရိယာယ်  သစ်လည်းတော့  မသိဘူး ။ နောက်ဆုတ် တယ်။ ဒါပေမဲ့ သူတို့ ဆုတ်ပေးရင် ကျနော်တို့ တော့ နေရာ တိုးမှာဘဲ။ဟုဆိုပါသည်။
ဤကဲ့သို့ နန်းလင်း ပါ ကျေးရွာ ဖက်မှ အစိုးရ စစ်ကြောင်းများ ဆုတ်ပေး ချိန်တွင် (KIA ) တပ်ရင်း (၂၇) နှင့်တပ်ရင်း () ကြား နယ်မြေထဲ သို့စစ်ကြောင်း () ကြောင်း မှ အင်အား (၅၀၀) ခန့် တပ်များ ထိုးစစ် ဆင်နေ ကြောင်း ဆိုပါသည်။ တပ်ရင်း (၂၇) ဧရိယာသည် တပ်ရင်း (၁၂)နှင့် နယ်ချင်း ကပ်ပြီး ကချင်ပြည် နယ်ဗန်းမော် မှ မံစီမြို့ နှင့် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ကားလမ်း၏ အောက်ဖက် (အနောက်ဖက်) ပိုင်းတွင် တည်ရှိပါ သည်။
တပ်ရင်း () ဧရိယာ သည်တပ်ရင်း (၂၇) နှင့် ကျောချင်း ကပ်နေပြီး ဗန်းမော်မံစီ နမ့်ခမ်း ကားလမ်း၏ အထက်ပိုင်း တွင်တည်ရှိ ပါသည်။ အစိုးရတပ် များသည် တပ်ရင်း (၁၂) ဧရိယာမှ အဆုတ်ပြပြီး တပ်ရင်း  (၂၇) နှင့် တပ်ရင်း () ကြားရှိ  ဧရိယာထဲ သို့တိုးပြီး စစ်ဆင် နေခြင်း ဖြစ်သည် ဟုဆိုနိုင် ပါသည်။  

0 comments:

Post a Comment