Sunday, October 27, 2013

Unfair game_Burmese version_ Mp4 27/10/2013

Unfair game_Burmese version_ Mp4 27/10/2013

The KNU has engaged in the ceasefire agreement however the political dialogue cannot be moved to anywhere. In contrst, due to the rapid penetration business investments, community livelihoods have fragmented. Case study of Pawklo area, Dawei region.


ဒီသတင်းနှင့် ပတ်သက်ပြီး KNU ဘက်မှ ရှင်းရှင်းလင်းလင်း တုံ့ပြန်ဖြေရှင်းဖို့လို

The Voice Weekly က သတင်းပါ။ KNU အပေါ် အထင်မှားအမြင်မှား မဖြစ်အောင် ဖြေရှင်းပေးဖို့လိုပါတယ်။


အငြင်းပွားလယ် ထွက်ရှိစပါး KNU ခွဲပေးရန် တောင်းဆို

ထန်းတပင်၊ အောက်တိုဘာ ၂၆

တောင်ငူခရိုင် ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စုတွင် အငြင်းပွားမှု ဖြစ်ပွားနေသော လယ်မြေ ဧက၂၀၀ တွင် စိုက်ပျိုးထားသည့် လယ်ဧက ၅၀ မှ ထွက်ရှိမည့် စပါးတစ်ဝက်ကို ခွဲပေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) အမှတ် (၆) တပ်ရင်းက တောင်းဆို ခဲ့ကြောင်း ဒေသခံ တောင်သူများက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၂၅ ရက် နံနက် ၁၀ နာရီအချိန်က ထန်းတပင်မြို့နယ် ပျဉ်ဂန်းကျေးရွာ၌ အငြင်းပွားမှု ဖြစ်ပွားနေသော လယ်မြေ ဧက၂၀၀ တွင် လယ်စိုက်ထားသည့် တောင်သူများကို ခေါ်ယူ တွေ့ဆုံ တောင်းဆိုခဲ့ရာတွင် KNU အမှတ် (၆) တပ်ရင်းက ဗိုလ်ကြီး ဖဒိုစောတောသာက စိုက်ထားသော လယ်များကို ရိတ်သိမ်းမည်ဆိုပါက စပါးတစ်ဝက် ခွဲပေးရန်နှင့် မပေးနိုင်ပါက ရိတ်သိမ်းခွင့်ပြုမည် မဟုတ်ဟု ပြောကြားကြောင်း ထန်းတပင်မြို့နယ် တပြေးကျေးရွာနေ လယ်လေးဧကခန့် စိုက်ပျိုးထားသူ ဦးတင်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ ခေါ်ယူတွေ့ဆုံခဲ့ရာတွင် ထန်းတပင်မြို့နယ် တပြေးကျေးရွာမှ တောင်သူနှစ်ဦး အပါအဝင် ဒေသခံတောင်သူ ၁၀ ဦးခန့် ရှိနိုင်ပြီး KNU တပ်မဟာ (၂) လက်အောက်ခံ အမှတ် (၆) တပ်ရင်းမှ ဗိုလ်ကြီးအဆင့်ရှိ ဖဒိုစောတောသာ အပါအဝင် ငါးဦးခန့်က လာရောက်တွေ့ဆုံ အမိန့် ထုတ်ပြန်သွားခြင်း ဖြစ်သည်ဟု ထန်းတပင်မြို့နယ် တပြေးကျေးရွာမှ သွားရောက် တွေ့ဆုံခဲ့သူ တောင်သူနှစ်ဦးက ဆိုသည်။

လွန်ခဲ့သော စက်တင်ဘာလ အတွင်းက ထန်းတပင်မြို့နယ် တပြေးကျေးရွာအုပ်စု ကွင်းအမှတ် (၄၆၂ခ) ဦးပိုင်အမှတ် (၂၆/၁၊၂၆/၂၊၂၆/၃) တွင် စိုက်ပျိုးထားသော လယ်မြေများကို KNU တပ်ရင်း (၆) တာဝန်ရှိသူများက ရိတ်သိမ်းခြင်း မပြုရန် လာရောက် တားမြစ်ခဲ့သည့်အတွက် လယ်ယာမြေ စုံစမ်းလေ့လာ ဖော်ထုတ်ရေး ကော်မရှင်ထံ စက်တင်ဘာလ၂၈ ရက်နေ့က တင်ပြ တိုင်တန်းခဲ့ရပြီး ယခုကဲ့သို့ စိုက်ပျိုးပြီးလယ်မှ ထွက်ရှိသော စပါးကို တစ်ဝက်ပေးအပ်ရန် တောင်းဆို ခံခဲ့ရကြောင်း နစ်နာသူတောင်သူများက ဆိုသည်။


“ကျွန်တော်တို့ တောင်သူတွေဘက်က ဘယ်သူကမှ မရပ်တည်ပေးသလို ဖြစ်နေပြီ။ ဒါပေမဲ့ ကျွန်တော်တို့က ခေါင်းငုံ့ မခံနိုင် ပါဘူး။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကြီးထံ တိုင်ကြားစာ ပေးပို့သွားပါမယ်” ဟု ထန်းတပင်မြို့နယ် တပြေးကျေးရွာမှ ဒေသခံတောင်သူ ဦးမြင့်အောင်က ဆိုသည်။

ဒေသခံ တောင်သူများက ကေအန်ယူ တပ်ရင်း (၆) က ဝင်ရောက် စွက်ဖက်နေသည်ဟု အကြိမ်ကြိမ် ပြောဆိုသော်လည်း အဆိုပါ တပ်ရင်းမှူး ဗိုလ်မှူးစောမောင်ရွှေက ဒေသခံ တိုင်းရင်းသားများ စိုက်ပျိုး လုပ်ကိုင်ခဲ့သည့် မြေများကို မူလပိုင်ရှင် ကရင်လူမျိုးများ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် ဗဟိုက ခိုင်းစေ၍ ဝင်ရောက်တိုင်းတာ စစ်ဆေးပေးနေခြင်းသာ ဖြစ်ကြောင်း ငြင်းဆိုထားသည်။

ယင်းပြဿနာနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး တောင်ငူခရိုင် ဥက္ကဋ္ဌ ဖဒိုစောအဲဝါးထံသို့ ဆက်သွယ်ရန် ပေးထားသည့်ဖုန်း-၀၉ ၄၂၈ ၂၀ ၈၉၀၅ ကို The Voice မှ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် လက်ခံဖြေကြားပေးသူနှင့် မတွေ့ရှိခဲ့ရချေ။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်တွင် နယ်မြေလုံခြုံရေး အခြေအနေအရ စွန့်ခွာခဲ့သူ ဒေသခံက ရင်တိုင်းရင်းသားများနှင့် လက်ရှိ လုပ်ကိုင်နေသူများအကြား လွန်ခဲ့သော ငါးလခန့်မှစတင်ကာ ပိုင်ဆိုင်ခွင့် အငြင်းပွားနေခြင်း ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုက တရားမဝင် ဝင်ရောက် စီမံခန့်ခွဲနေခြင်း ဖြစ်ကြောင်း ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။


0 comments:

Post a Comment