Friday, October 18, 2013

Explosion in Burma 18/10/2013

ဗုံးပေါက်ကွဲမှု နှင့်ပါတ်သက်၍ သတင်းစာရှင်းလင်းပွဲ (ရုပ်သံ)

သေချာစွာနားထောင်ပြီး ကြည့်ကြပါ။

သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်မှာ ဗီဒီယိုဖိုင် ရဲ့ 10:42 အချိန်မှာကြည့်မယ်ဆိုရင်

“ နေတိုး၊ မြဖူး၊စိုးမြင့်အောင်၊ နှင့် စောမြလွင်တို့ သွားခဲသည့်နေရာများ”
ဆိုပြီး တရားခံများသွားသည့်ရက်နှင့်နေရာများကိုဖေါ်ပြထားတာ တွေ့ ရပါမယ်…

၈-၁၀-၁၃ တောင်ငူမြို့ တွင်ဒုတိယညအိပ်
၉-၁၀-၁၃ တောင်ငူ-သံတောင်-ပုဂံ (ညအိပ်)
၁၀-၁၀-၁၃ ညောင်ဦး-မကွေး (ညအိပ်) စသဖြင့်ဖေါ်ပြထားတာတွေ့ ရပါမယ်။

အဲဒီမှာစိတ်ဝင်စားစရာတစ်ခုက ၉-၁၀-၁၃ ခရီးစဉ်မှာပါပဲ….

သံတောင်နဲ့ ပုဂံကို ဘယ်လိုမှတ်ဆက်ဆပ်လို့ မရပါ။ တောင်ငူမှ ပုဂံ ခရီးစဉ်ဆိုရင်ယုတ္တိရှိတယ်
အခုက တောင်ငူ-သံတောင်-ပုဂံ ခရီးစဉ်…. ဗမာပြည်မှာ တခါမှမရှိခဲ့ဘူးသော ခရီးသွားလမ်းကြောင်းကြီး ခင်ဗျား…ဟားဟား… လုပ်ကြပါအုံးဗျို့  ပေါ်တင် လိမ်နေပြန်ပြီ တောင်ငူ မှ သံတောင် ကိုသွားရင် ကားလမ်းဆုံးပြီး.. ခြေချင် ခရီးပဲကြာတော့တယ်…. ဟရို့ …..

ဗုံးပေါက်ကွဲမှုများ KNU နှင့် မပတ်သက်ဟု ဦးရဲထွဋ်ပြောပြီ ဦးရဲထွဋ် နှင့် ရဲချူပ်ဇော်ဝင်းရဲ့ ရှင်းလင်းချက်တွေ ယုတ္တိမရှိဘူး.. KNU မဟုတ်ဘူး လုပ်ပြောပြီး ကရင်စီးပွားရေးသမားတစ်ဦးရဲ့လက်ချက်တဲ့.. ဒီလူတွေက KNU နဲ့  ငြိမ်းချမ်းရေးကိစ္စအပျက်မခံနိုင်သလို တဖက်မှာလည်း ကရင်တွေကိုကို ခပ်ကျပ်ကျပ်လေးကိုတွယ်ဖို့  ဖန်တီးသလားပဲ။ ဗမာပြည်မှာ ကရင်စီးပွားရေးသမားဆိုတာ ရှားပါးတဲ့ပစ္စည်းတစ်ခုလိုပါပဲ.. သိပ်မရှိလှပါဘူး။ ဒီလိုအနေအထားမှာ ကိုယ့်စီးပွားပျက်ခံပြီး ဒီလိုအလုပ်ကိုလုပ်မယ် ဆိုရင် ရုပ်ရှင်ကားထဲက တကယ့်နေတိုးကြီးပေါ့။


ဗုံးပေါက်ကွဲမှုများမှာ KNU နှင့် မပတ်သက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ယနေ့ ပြောကြားနေသည့် ဦးရဲထွဋ် (ဓာတ်ပုံ – ဂျေပိုင်


0 comments:

Post a Comment