Tuesday, April 30, 2013

ဥက္ကံမှာ ပဋိပက္ခဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 30 ဧပြီလ 2013 - 09:19 GMT
ဥက္ကံမြို့မှာ ဒီကနေ့မနက်ကစလို့ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်နေပါတယ်။ မွတ်ဆလင် တွေပိုင်တဲ့ဈေးဆိုင် တွေကို လူအုပ်ကြီးက ဖျက်ဆီးခဲ့ကြောင်းနဲ့ ပြည်လမ်းမပေါ်မှာရှိတဲ့ ဗလီတလုံး ပျက်စီးသွားကြောင်း ဥက္ကံမြို့ခံတွေကပြောပါတယ်။
အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တကျောင်းလဲ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။သေနတ်ပစ်ဖောက်သံတချို့ကိုလည်းကြားရတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းက ဆွမ်းခံ ကြွတဲ့ ကိုရင်လေးတပါးနဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတဦး တိုက်မိရာက အပြန်အလှန် အခြေအတင် စကားများကြပြီး လူအုပ်ကြီးက တုတ်တွေ ကိုင်ဆွဲလို့ ရောက်လာပြီး ဗလီတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။
ဈေးပတ်လမ်းက ဗလီရှေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြပ်ပြီး ကာကွယ်ပေးထားတယ်လို့ အဲဒီ နားမှာ နေထိုင်တဲ့ မြို့ခံတဦးက ဘီဘီစီကို ပြောပါတယ်။


0 comments:

Post a Comment