Monday, August 19, 2013

Burmese General Nay Win' Speech in America (September 1966) 19/08/2013

 

ယခုနှစ် သြစီရောက် ကရင်တွေရဲ့ ကရင်လက်ချည်ပွဲ

ယခုနှစ် သြစတြေးလျား နိုင်ငံရောက် ကရင်တွေရဲ့ ကရင်လက်ချည်ပွဲတွေကတော့ ခါတိုင်းနှစ်ထက် ပိုပြီး အားရစရာ၊ ဂုဏ်ယူစရာ နှစ်တနှစ်လို့ ပြောရမယ် ထင်ပါတယ်။

ဘာဖြစ်လဲဆိုတော့ သြစတြေးလျားရဲ့ နေရာ အတော်များများကို ရောက်ရှိ နေထိုင်ကြသူ ကရင်တွေဟာ သူတို့နည်း သူတို့ဟန်နဲ့ ကရင့်လက်ချည်ပွဲကို ရိုးရာမပျက် နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့ကြသလို လက်ချည်ပွဲ မလုပ်ခဲ့ကြသေးတဲ့ နေရာဒေသက ကရင်တွေဟာလည်း ကရင်လက်ချည်ပွဲကို စတင်ကျင်းပလာခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယမန်နေ့က ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် ဆစ်ဒနီမြို့က ကရင်လက်ချည်ပွဲ အခမ်းအနား။

 "ကျနော်တို့ နေတဲ့ မြို့က ကရင်တွေ တော်တော်များများ နေထိုင်ပေမယ့်လည်း ယခုနှစ်မှပဲ ကရင်လက်ချည်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာက အလွန်ဝမ်းမြောက် ဂုဏ်ယူရမှာ ဖြစ်ပါတယ်"ဟု ပထမဦးဆုံးအကြိမ် လက်ချည်ပွဲ ပြုလုပ်ပြီးစီးခဲ့သည့် သြစတြေးလျား အနောက်ပိုင်း Perthမြို့က ဦးဆောင်ပြုလုပ်သူ တဦးက ပြောဆိုသည်။

ပထဦးဆုံးအကြိမ် Perthမြို့က ကရင်လက်ချည်ပွဲကို ယခုလ ၁၀ရက်နေ့က စည်စည်ကားကားဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်တဲ့ နယူးဆော့ဝေးပြည်နယ် ဆစ်ဒနီမြို့က ကရင်လက်ချည်ပွဲကို ယမန်နေ့ သြဂုတ်လ ၁၇ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး လူဦးရေ ၂၀၀ခန့် တက်ရောက်ဆင်နွဲခဲ့သည်ဟု သိရှိရသည်။

အဆိုပါ လက်ချည်ပွဲသို့ ကရင်လူမျိုးများသာမက မြန်မာပြည်ဖွား ရှမ်း၊ ထားဝယ်၊ မွန်၊ ဗမာစသည့် လူမျိုးများလည်း လာရောက်အားပေးခဲ့ကြသည်ဟု သိရှိရသည်။

ထို့အပြင် ကွင်းစလန်းပြည်နယ် Brisbaneမြို့တွင်လည်း ကရင်လက်ချည်ပွဲကို ယမန်နေ့က ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး ကရင်လူမျိုးများသာမက သြစတြေးလျားနိုင်ငံသားများလည်း တက်ရောက်အားပေးခဲ့သည်ဟု ဦးဆောင်သူတဦးက ပြောဆိုသည်။

လာမည့်  သြဂုတ်လ ၂၄ရက်နေ့တွင် နယူးဆော့ဝေးပြည်နယ် Coffs Harbour မြို့နှင့် ဗစ်တိုးရီးယားပြည်နယ်Bendigoမြို့တွင်၎င်း၊ သြဂုတ်လ ၃၁ရက်နေ့တွင် ဗစ်တိုးရီးယားပြည်နယ် Melbourneမြို့တွင်၎င်း ကရင့်လက်ချည်ပွဲတော်ကို ကျင်းပပြုလုပ်သွားရန် ရှိသည်ဟု စုံစမ်းသိရှိရသည်။

 

အာဏာရှင်ကြီး နေ၀င်း ၁၉၆၆ ခုနှစ် အမေရိကန် ရောက်တုန်းက ပြောတဲ့စကား။


၁၉၆၂ ခုနှစ်မှာ ပြည်သူ့ အာဏာကို အာဏာသိမ်းပြီး အာဏာရှင်စနစ်ဖြင့် စတင်ကာ အုပ်ချူပ်ခဲ့တဲ့ အာဏာရှင်ကြီး နေ၀င်း ၁၉၆၆ ခုနှစ် အမေရိကန်ကို ရောက်တုန်းက ပြောတဲ့ စကားမှတ်တမ်း ဗွီဒီယို (ရှားပါးမှတ်တမ်း ဖြစ်ပါတယ်)။

ဤ ရှားပါးဗွီဒီယိုမှတ်တမ်းအား ရှာဖွေတွေ့ ရှိခဲ့သူ ကိုမျိုးမြင့်အား ကျေးဇူးတင်ရှိပါတယ်။

(ဗွီဒီယိုမှတ်တမ်း ရှာဖွေတွေ့ ရှိသူ ကိုမျိုးမြင့်၏ ပြောကြားချက် - ၁၉၆၆ ခုနှစ်၊ စက်တင်ဘာလထဲမှာ အာဏာရှင်ကြီး ဗိုလ်နေဝင်းကို အမေရိကန်ကို ဖိတ်ပြီး စကားပြောခိုင်းခဲ့တဲ့ ဗီဒီယိုကလစ်ပါ။ ကျနော် ဧပြီ ၁၉-၂ဝ တုန်းက အဲ့မြို့လေးကို ရောက်ခဲ့တယ်။ ဒါပေမယ့် ဒီဗွီဒီယိုတွေ့ မှ ဒီလူကြီး ဒီလာပြီး ဒါတွေ ပြောခဲ့တာ သိရတာပါ။ သမိုင်းခံတဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေအဖို့ လေ့လာရေးမှာအကျိုးများမယ် တွေးမိပါတယ်။ နားထောင် ကြည့်ပါ)။

American Welcome. Produced by US Information Agency (USIA). Index terms: White House; Head of State Visits; Gen. Ne Win; Burma; Speeches; Williamsburg, VA; Washington, DC; U.N.; U Thant; State Dept.; Catholic Univ. School of Nursing; Arlington Nat'l Cemetery



0 comments:

Post a Comment