Thursday, August 1, 2013

who cares huh? i dun even have a dick, right? hahaha.01/08/2013

မုဒိမ်းမှုပပျောက်ရေး ပြည့်တန်ဆာပပျောက်ရေး ယောက်ျားတွေ အားလုံးရဲ့ ဟိုဟာဖြတ်ထားပေး


သူတို့လေးတွေ (ကိုယ်ချင်းစာတတ်ပါစေ)

Posted by သက်ပိုင်မှူး
on နိုဝင်ဘာလ 22, 2011 at 12:00pm

သူတို့လေးတွေ

ကမ္ဘာကြီးက ဆိုးဝါးနေပါတယ်ဆိုမှ လူတွေကလည်း စုတ်ပြတ်နေပြီ။ ကိုယ့်ကိုကိုယ်တော့ အဟုတ်ထင်နေ
တာပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ် မနက်ဖြန် သေမလား ရှင်မလားတောင် မသိနိုင်တဲ့ ဘ၀မှာ တခါတလေ
နောင်အနှစ် ၅၀အတွက်ကြိုတွေးမိတာ နည်းနည်းများလွန်သွားမလားလို့။ လူတွေပြောကြတယ်။
အဲလိုအတွေးတွေတွေးမိရင် တောင်တွေးမြောက်တွေးနဲ့ စကားကြီးစကားကျယ်တွေပြောနေလိုက်တာတဲ့။

Heavy rain displaces thousands in Mon state



တနေ့က အိမ်သာထဲမှာ မြန်မာပြည်ကဂျာနယ်(လ်)တစောင်ဖတ်လိုက်ရတယ်။ မှုခင်းသတင်းတွေပါ။ နေပြည်တော်မှာ ပြည့်တန်ဆာလုပ်တဲ့မိန်းမနဲ့  ခေါင်း ၂ယောက်တို့ကို ပြည့်တန်ဆာ
နှိမ်နင်းရေးပုဒ်မနဲ့ ဖမ်းဆီးလိုက်တယ်။ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ဖို့စီအားပေးနေတာမဟုတ်ဘူး။ ဘယ်မိန်းမမှ အားအားယားယား ပိုက်ဆံရရင်ပြီးရော ဆိုပြီး ကာမဆက်ဆံတဲ့ အတွေးမရှိကြဘူး။ အထူးသဖြင့် မြန်မာအမျိုးသမီးတွေကြားမှာ။
ဒီလိုမျိုးသူများတွေ ရွံရှာတဲ့ အလုပ်ကိုလုပ်တယ်ဆိုကတည်းက တော်တော်လေး မျက်နှာပြောင်တိုက်ပြီး
လုပ်မှရတာ။ စင်ကာပူက ပြည့်တန်ဆာနဲ့ မြန်မာပြည်က ပြည့်တန်ဆာ ယှဉ်ကြည့်မယ်ဆိုရင် စင်ကာပူ
ကမှ တော်သေးတယ်။ ဒါတောင် သူတို့မှာ အဆင့်က အမျိုးမျိုးရှိတယ်။ အဲဒါတွေကထားလိုက်ပါ။
ပြောချင်တာက မြန်မာပြည်ကရဲတွေ အလုပ်မရှိ ကြောင်ရေချိုးပေးတာကိုပြောတာ။ မတရားမှုတွေကို ပြောချင်တာပါ။
အဲဒီ မှုခင်းဂျာနယ်(လ်)ကိုဖတ်လိုက်ရတော့ မြန်မာပြည်ကရဲတွေကို တော်တော်တော်တဲ့ ရဲတွေပါလားလို့။

မြန်မာပြည်ကြီး ဒီလောက်ကျယ်တာ။ သောင်းချီ သိန်းချီတန်တဲ့ စက်ဘီးလေး ခိုးသွားတဲ့သူခိုးတောင်မိ
တယ်။ ပြည့်တန်ဆာလုပ်ငန်း ဟဲဗီးတွေလုပ်တဲ့ နေရာတွေမမိပဲ… တယောက်စ နှစ်ယောက်စ နဲ့ လည်နေ
တဲ့ပြည့်တန်ဆာ လုပ်ငန်းတွေတော့မိတယ်။ ပြီးရင် ဂျာနယ်တွေထဲမှာ အလေးပေးဖော်ပြတယ်။

မှုခင်းဂျာနယ်ကိုဖတ်ရာတာ လိင်ဂျာနယ်ဖတ်ရသလိုပဲ။
တချို့သတင်းတွေက ဘယ်သူက ဘယ်သူကို ဘယ်ကိုလိမ်ခေါ်ပြီး သားမယားပြုကျင့်လို့ ဘယ်သူက တိုင်
တန်းတယ် ဘာညာနဲ့။
ယောက်ျားတဲ့။ စော်ကားတာတော့မဟုတ်ဘူး။ ယောက်ျားတိုင်းကိုမေးကြည့် တဏှာနဲ့ကင်းကြရဲ့လားလို့။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သတင်းစာထဲကသတင်းတပုဒ်မှာ ထိုင်းနိုင်ငံက ဘုန်းကြီးတပါး သူ တ
ရားကျင့်တာ တဏှာစိတ်ထလာလို့ သူ့ဟာကို သူ ဓါးနဲ့ခုတ်ချလိုက်တယ်တဲ့။
ပြန်ဆက်လားမဆက်လားတော့ မမှတ်မိတော့ဘူး။
who cares huh? i dun even have a dick, right? hahaha.

အဲဒီအခါကျတော့ ဒီလိုမျိုး မုဒိမ်းမှုတွ ပပျောက်အောင် ဘယ်လိုလုပ်မလဲ။
ပြည့်တန်ဆာလုပ်ငန်းကိုမနှိမ်နင်းခင် မုဒိမ်းမှုပပျောက်အောင်အရင်ဘယ်လို နှိမ်နင်းမလဲ။

problemရှိရင် solutionရှိရတယ်။ မရှိရင်တောင်မှ alternative ways ကို ဖန်တီးပေးရတယ်။
ပြည့်တန်ဆာဆိုတာ ယောက်ျားတွေရဲ့ တဏှာစိတ်ကို ဖြည့်ဆည်းပေးတဲ့ မိန်းမတွေလို့ပဲသိကြတယ်။ မုဒိမ်းမှုတွေ ကျူးလွန်တာကို တားဆီးနေတဲ့မိန်းမများလို့ ဘယ်သူက အားယားပြီးတွေးပေးခဲ့ဖူးကြလို့လဲ။
အတော်လေးရှားမယ်ထင်တယ်။

မြန်မာပြည်မှာ မိန်းကလေးအတော်များများ ပြည့်တန်ဆာမလုပ်ချင်ပဲလုပ်နေရတယ်။
မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကို အတူရင်ဘောင်တန်းဖို့  အခွင့်အရေးတွေဆုံးရှုံးခံပြီး အဲဒီအလုပ်ကို
လုပ်စားနေကြတယ်။
အဲဒီလို ကိုယ် မဖြစ်ချင်ပဲ အဲဒီလုပ်ငန်းကို လုပ်နေကြရတဲ့ မိန်းကလေးတွေဟာ တကယ်တော့ မုဒိမ်းကျင့်ခံ
နေရတာနဲ့ အတူတူပဲ။
သူတို့ကို ကာကွယ်ပေးမယ့်အစား လူတွေက ရှောင်သွားကြတယ်။
ပြည့်တန်ဆာတွေ မုဒိမ်းမှုတွေရဲ့ နောက်ဆက်တွဲက HIV တွေရလာမယ်။
ခုခံအားကျဆင်းတဲ့ ရောဂါဖြစ်လာမယ်။ ဒါတွေက ကလေးသွားမေးရင်တောင်သိတဲ့ အရာတွေပါ။

မြန်မာတနိုင်ငံလုံး မုဒိမ်းမှုပပျောက်ရေး ပြည့်တန်ဆာပပျောက်ရေးဆိုရင်တော့ မြန်မာပြည်က ယောက်ျား
တွေအားလုံးရဲ့ ဟိုဟာဖြတ်ထားမှ အမြစ်ပြတ်မယ်။
စင်ကာပူမှာဆိုရင် ပြည့်တန်ဆာလုပ်ငန်းကို ပေါ်တင်လုပ်ခွင့်ပေးထားတာ။
အဲ နယ်မြေတော့မကျော်စေနဲ့ပေါ့။
ဈေးအကြီးဆုံးက ဗီယက်နမ်မတွေပဲ။
ဒေါ်လာ ၅၀၀လောက်မှ ရတာ။
အဲဒီမှာ လည်တာက ဖိလစ်ပိုင်မတွေပဲ။
သူတို့က အလည်နဲ့ ဒီကို တလလာ။
ပြီးရင် အဲဒီ ကလပ်တွေရှိတဲ့နေရာမှာ ဘိုတွေ သွားရှာ။
တယောက်ကို ဒေါ်လာ၈၀ ဆိုနည်းလား။
တညဆို ၄၀၀လောက်ရှာရင် ရှာသလောက် ရတယ်။
စင်ကာပူမှာ ရက်ပေါင်း၃၀နေပါအုံးတော့။
ဒါပေမယ့် စားတာကတော့ကပ်စေးနဲတယ်။ တညလုံးမှာ ပါမုန့်တထုပ်လောက်ပဲစားတာ။
အားပြတ်ပြီး ဘယ်တော့ဆေးရုံရောက်မလဲမသိဘူး။
ပြောချင်တာက မဖြစ်ချင်သင့်တာတွေမဖြစ်ဖို့ လိုအပ်နေတဲ့နေရာတွေကို ဖြည့်ပေးရတယ်။

စင်ကာပူမှာ မုဒိမ်းမှုက ရှားပါးသလောက်ဆိုတာက
(၁) ပြည့်တန်ဆာတွေရှိတယ်။
(၂) သာမာန် မိန်းကလေးတယောက်ကို မုဒိမ်းကျင့်ရင် ကြိမ်ဒဏ် က လာပြီ။
(၃) ပြီးရင် ထောင်က ကျအုံးမယ်။
အဲဒီတော့ မုဒိမ်းကျင့်မယ့်အစား ပြည့်တန်ဆာကို ငှားလိုက်တာ တော်သေးတယ်။
မြန်မာပြည်မှာ က ဒါတွေမရှိဘူး။
ပြည့်တန်ဆာလည်းဖမ်း။
မုဒိမ်းကျင့်လည်းဖမ်း။
ဘာလုပ်လုပ်ဖမ်းဆိုတော့ ဖြစ်ချင်ရာဖြစ်ကွာ လုပ်မယ်ကွာ၊ ဖမ်းမိခါမှ ဖမ်းရော့ ဆိုပြီးဖြစ်လာကြတယ်။

နောက်ဆုံး .. မုဒိမ်းမှုကနေ လူသတ်မှုအထိဖြစ်ကုန်တယ်။
မြန်မာပြည်က မုဒိမ်းမှုအများစုက အဲဒီ case အောက်မှာရှိတယ်။
အဲလိုဖြစ်နေတာကို ဒီအတိုင်းလွှတ်ထားမယ့်အစား ယောက်ျားမရှိရင်မနေနိုင်တဲ့ မိန်းမတွေ။
ယောက်ျားအထိအတွေ့တွေ လိုချင်တဲ့မိန်းမတွေ ပိုက်ဆံရရင်ပြီးရော အကုန်လုပ်မယ်ဆိုတဲ့ မိန်းမတွေကို
ပြည့်တန်ဆာလုပ်ကိုင်ခွင့်တွေပေးလိုက်ပါလား။
အဲဒီလိုဆိုရင် ပြည့်တန်ဆာ မလုပ်ချင်ပဲလုပ်နေရတဲ့ မြန်မာမိန်းကလေးတွေရဲ့ ဘ၀တွေ ငြိမ်းချမ်းကုန်မယ်။
ယောက်ျားတွေလည်း လိုအပ်ရင်ဘယ်မှာရှာရမလဲ သိကုန်မယ်။ မှုခင်းတွေလည်း ကျဆင်းကုန်မယ်။
လူတွေရဲ့ စိတ်ဓါတ်တွေလည်း ပြောင်းကုန်မယ်။
ဒါပေမယ့် ဒါတွေဟာ လိုပါသေးတယ်။

ဘာပဲဖြစ်ဖြစ်လေ သူတို့လေးတွေရဲ့ဘ၀ကို သနားမိပါတယ်။
အော်  မြန်မာပြည်မှာလူဖြစ်ရတဲ့ ဘ၀ကလည်း နည်းနည်းနောနောကုသိုလ်မဟုတ်ဘူးနော်။
ကမ္ဘာကြီးတောင် လူတွေရဲ့ မုဒိမ်းကျင့်ဒဏ်ခံနေရလို့ ဖုတ်ဖတ်ခါဖြစ်နေမှတော့ ဒီလို ညှိုးငယ်တဲ့ပန်းက
လေးတွေရဲ့ ဘ၀ကို ဘယ်သူကများ အလေးထားပြီးမြတ်နိုးတတ်ကြမှာလဲ။
ပြည့်တန်ဆာ ဆို ပြည့်တန်ဆာပဲ။ ပိုက်ဆံပေးရင် ဟိုဟာ ပေးတယ်တဲ့။

ဒီမိန်းကလေးတွေရဲ့ နေရာကို ယောက်ျားလေးများ တခဏလောက် ၀င်နေရာယူပြီး ခံစားပေးတတ်ကြ
ရင်ကောင်းမှာပဲ။
ပြည့်တန်ဆာဆိုတာလည်း လူပါပဲ။
ပြည့်တန်ဆာဆိုတာလည်း မိန်းကလေးပါပဲ။
နှမချင်း စာနာ။ ချစ်သူချင်းစာနာ တတ်ကြတဲ့ ယောက်ျားများပေါများကြပါစေ။

ဖတ်မိတဲ့ ဂျာနယ် လေးတစ်စောင် ကကူးယူတင်ပြအပ်ပါတယ်။

Copy from http://www.fusarshinlay.net/profiles/blogs/6384739:BlogPost:3009180
ရုပ်သံဖိုင်ကို မိန်းမချောလေးတွေရဲ့ အလှအပပုံလေးတွေထည့်မလို့ပဲ ပြောစရာဖြစ်မှာစိုးလို့ ညဘက်ကား
မောင်းထွက်တဲ့ VEDIOကိုထည့်ပေးလိုက်တော့တယ်။
ပင်တိုင်ဆောင်းပါးရှင် ပေးထားတဲ့ ခေါင်းစည်းက သူတို့လေးတွေ(ကိုယ်ချင်းစာတတ်ပါစေ) ဖြစ်ပါတယ်။
ကျုပ်က တမင်သက်သက် ပြောင်းလိုက်တာပါ။
ပြောင်းချင်စိတ်ကို ထိန်းလို့ကိုမရဘူး။ ဆောင်းပါးမှာ ပါတဲ့အကြောင်းအရာတွေက လူမဆန်တဲ့ ဗမာစစ်အစိုး
ရရဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ကို မှုခင်းပြဿနာတွေ မရှိအောင်လား တိုးအောင်လား။
စဉ်းစားသာကြည့်ကြပါတော့ဗျာ။

0 comments:

Post a Comment