KNU အဖွဲ့ ကာချုပ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံ
ကေအန်ယူ ဖက်မှာ အဖွဲ့ဝင် ရှစ်ယောက်ပါတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ နှစ်ဖက် တပ်တွေကြား ယုံကြည်မှု တည်ဆောက်ဖို့ ကိစ္စကို အဓိကထား ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲဟာ အတိုင်းအတာ တခုအထိ အောင်မြင်ပြီး အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်မတော် ဖက်က ယာယီ စခန်းချထားတဲ့ နေရာတွေနဲ့ လူတွေ နေရာ အရပ်ထဲ စခန်းချထားတဲ့ ကိစ္စတွေကို ဆွေးနွေး ဖြစ်ခဲ့ကြတယ်လို့ ကေအန်ယူ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် မန်းငြိမ်းမောင်က ပြောပါတယ်။
ဒါ့အပြင် ရှေ့ဆက်ပြီး လုပ်ဆောင်သွားမယ့် တပ်တွေရဲ့ အနေအထားကိုလည်း ညှိနှိုင်းခဲ့ကြပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ယေဘုယျ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
သူတို့ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အသစ် ရေးဆွဲဖို့ အပေါ် လက်ခံမယ့် ပုံ မရှိဘူးလို့ သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
သူတို့ အဖွဲ့ကတော့ လက်ရှိ ဖွဲ့စည်းပုံကို ပြုပြင်ရေးဆွဲဖို့ကိုဘဲ သဘောတူတယ်လို့ ကေအန်ယူ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် မန်းငြိမ်းမောင်က ဘီဘီစီကို ပြောပါတယ်။
"၂၀၀၈ အခြေခံဥပဒေ ကို မည်သည့်တိုင်းရင်းသားမှလက်မခံ ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို မည်သည့်တိုင်းရင်းသားမှ လက်မခံ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင်
ထုတ်ဖော်ပြောကြားလိုက်သည်။
" ဒီဖွဲ့စည်းပုံကို ဘယ်တိုင်းရင်းသားမှလက်မခံဘူး။ပြည်တွင်းငြိမ်း
ချမ်းရေးအတွက် ဖွဲ့စည်းပုံ ကို ပြင်ရမယ်" ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရအနေဖြင့် သာ တရားဝင် လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး NLD အနေဖြင့်
ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်နိုင်ရေးကို ပါ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံ ဆွေးနွေးနေကြောင်းဒေါ်အောင်ဆန်း
စုကြည်က ထပ်လောင်းပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် တရားဥပဒေ စိုးမိုးရေးကို မကြာခဏပြောကြားလုပ်ဆောင်နေရခြင်း
ဖြစ်ကြောင်း၊နိုင်ငံ၏ ရေရှည် အလားအလာတွင်လည်း တိုင်းရင်းသားအားလုံး၏ ယုံကြည်မှု အပါအ၀င် ကြေနပ်လက်ခံမှု
များမရှိပါက ပြည်ထောင်စု သည် အေးချမ်းသာယာမှု မရရှိနိုင်ကြောင်း
ထပ်လောင်းပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ယနေ့တွင် ပြုလုပ်သော ၂၅ နှစ်မြောက်ငွေရတု
အခန်းအနား ကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ် ၊ရွှေဂုံတိုင် ရှိ ရုံးချုပ်ခန်း
မတွင် ကျင်းပခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ မီဒီယာ
များကို အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Victory bite: Rafael Nadal celebrates winning the US Open final against Novak Djokovic. Photo: AFP
Winner: Rafael Nadal hits a return to Novak Djokovic. Photo: Reuters
Novak Djokovic of Serbia slams a forehand. Photo: Getty Images
Rafael Nadal celebrates winning the US Open. Photo: Getty Images