Monday, September 2, 2013

General Information from Malasia 02/09/2013

နောင်ကမြိုင်ရွာသားစောအေးမြင့်နှင့်ဇနီးကို ရက်ရက်စက်စက် ဘယ်သူသတ်ခိုင်းသလဲ

စောအေးမြင့်ကို ဒေါက်တာပက်ထရစ်က ကျန်းမားရေးစစ်ဆေးနေပုံ
မလေးရှားနိုင်ငံ pahang ပြည်နယ်၊ Sungai Jalit တောင်ပေါ်စိုက်ပျိုးရေးဒေသက အခြေအနေတွေကို အောက်က Post မှာ ရုပ်သံတင်ဆက်ပေးပြီးဖြစ်ပါတယ်။

အဲဒီဒေသမှာ နောင်ကမြိုင်၊မှိုင်းကံ၊ တဝေါင့်ဖန်ရား၊ ထီးဖိုးခလုံး၊ နောင်လ စတဲ့ ရွာတွေက ကရင်အမျိုးသားတွေ အများစု လုပ်ကိုင်ကြပါတယ်။သူတို့တွေက အများအားဖြင့် ရှေးက အယူသည်းမှုတွေကို ဖက်တွယ်နေတုန်းလို့ ပြောလို့ရပါတယ်။

စောအေးမြင့်၏ဇနီး


တခါတလေ ဆေးရုံမှာအရေးပေါ် တက်ရောက်ကုသနေရတဲ့သူတွေကို ရောဂါရဲ့အရင်းအမြစ်ကို မဆန်းစစ်ပဲ ပြုစားခံရတာတို့ အောက်လမ်းနဲ့လုပ်ကြံခံရတာတို့ စတဲ့ပယောဂတခုခုကိုပဲ ပိုပြီး ယုံကြည်ကြပါတယ်။ ရောဂါအမျိုးအမည်မသိပဲ သေဆုံးသွားတဲ့သူတွေဆိုရင် ပိုပြီးဆိုးပါတယ်။

ကွာလာလမ်ပူဆေးရုံမှာ ကျွန်တော်သွားပို့ဖူးတဲ့ အသက်(၁၆)နှစ်အရွယ် လူငယ်လေးတဦးဆိုရင် အလုပ်သွားမဲ့လမ်းမှာ ချော်လဲပြီး(၄)ရက်အကြာမှာ ဆေးတက်ရောက်ကုသတဲ့ ဆရာဝန်တွေနဲ့တိုးလို့
ဆေးရုံတက်ဖို့ခေါ်လာတာဖြစ်တယ်။ ဆေးရုံမှာ (၃)ရက်ပဲခံပြီးဆုံးသွားပါတယ်။ဆေးရုံဆရာဝန်တွေအဆိုအရ ကျောက်ကပ်အပါအ၀င် အတွင်းအစိတ်အပိုင်းတွေ အကုန်ပျက်စီးနေတယ် လို့ ဆိုပါတယ်။ ဒါလည်း အောက်လမ်းလား ပြုစားခံရတာလား အဲလိုပဲ ယုံကြည်ကြပါတယ်။

ဆေးကုသနေစဉ်


အဲလို ခံရပြီဟေ့ဆိုရင် အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ စောအေးမြင့်လုပ်တာလို့ မှတ်ယူကြပါတယ်။သူတို့အဆိုအရ စောအေးမြင့်ရဲ့အဖေက အောက်လမ်းဆရာတယောက်လို့ ဆိုပါတယ်။ ဒီပညာကို သူ့သားဆီကို မုချအမွေပေးခဲ့လိမ့်မယ်လို့လည်း ပြောကြပါတယ်။

ကျွန်တော်အနေနဲ့ စောအေးမြင့်ဆိုတာ မျိုးချစ်ကရင်တဦးလို့မှတ်ယူပါတယ်။ ကရင်နှစ်သစ်ကူး၊ လက်ချည်ပွဲတွေကို ရှိတာလေးနဲ့ ကမကထပြုပြီး တောင်ပေါ်ဒေသမှာ ဦးဆောင်ဦးရွက် ကျင်းပတဲ့သူ တဦးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးအဖွဲ့နဲ့ သွားတော့လည်း သူ့တဲမှာပဲ စခန်းချ ဆေးကုသတာ များပါတယ်။ ဆေးအဖွဲ့တွေတက်ရောက်လာရင် အိပ်ဖို့တဲကိုလည်း သူဆောက်ထားပေးပါတယ်။ဆရာဝန်တွေက သူ့တဲကိုပဲ သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့နေရာက ကျယ်ပြီးတော့ အိမ်သာနဲ့ ရေချိုးရတာ အဆင်ပြေလို့ဖြစ်ပါတယ်။
UN အရာရှိတွေ မှတ်ပုံတင်ဖို့ စာရင်းယူ ဓါတ်ပုံရိုက်လုပ်တုန်းကလည်း သူ့တဲမှာပဲ လုပ်ပါတယ်။ သူ့ရဲ့သူဌေးကလည်း သဘောကောင်းတာလည်းပါပါတယ်။

ဆေးအဖွဲ့စားရန် စောအေးမြင့်တို့လင်မယား ချက်ပြုတ်နေစဉ်


ဒါပေမဲ့ သူ့တဲမှာ အဲလိုစခန်းချပြီး ဆေးကုတာ တခြားသူတွေက မနှစ်မြို့ကြပါဘူး။ မလာချင်ကြဘူး။ဘာကြောင့်လဲဆိုတာလည်း အရင်က ကျွန်တော်မသိခဲ့ပါဘူး။ ကျွန်တော်တို့ ဆေးအဖွဲ့သွားပြီဆိုရင် စောအေးမြင့်လင်မယားနှစ်ယောက် အလုပ်တောင်မဆင်းအားပဲ ချက်ရပြုတ်ရပါတယ်။ ဆေးလာရောက်ကုသသူတွေကိုပါ ထမင်းပါ သူကျွေးတာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့လည်း အဲဒီမှာ အလုပ်လုပ်ကြတဲ့သူတချို့က သူ့ကို ဘယ်လိုပြောရမလဲ၊ အောက်လမ်းဆရာလား၊ ပယောဂဆရာလား အဲလိုပဲ မှတ်ယူကြပါတယ်။ မနာမကျန်းဖြစ်ပြီဆိုရင် သူပြုစားတယ်လို့ပဲ ထင်ကြပါတယ်။

နောက်ဆုံးကြားရတာက အဲဒီမှာအလုပ်လုပ်တဲ့ လင်မယားတစုံက သူ့မိန်းမကိုယ်ဝန်ရချိန်မှာ ခေါင်းတခြမ်းကိုက်နေပါတယ်။ မြို့ပေါ်သွားပြီး ဆေးကုသဖို့ ဆက်ဆိုင်ရာက အကြံပေးတော့လည်း သူ့မိန်းမရောဂါက ဆေးရုံနဲ့မဆိုင်ဘူး။ အဲလိုအဲလို လုပ်ခံရတယ်လို့ပဲ ပြောပါတယ်။



အဲလိုယုံကြည်သူတွေက လူစူပြီးတော့ တိုင်ပင်ဆွေးနွေးကြပါတယ်။ ရွာကသူတို့အားထားရတဲ့ ဆရာကို
ပင့်ခေါ်ပြီး ဒီပြသနာကို ဖြေရှင်းဖို့ပဲ ဖြစ်ပါတယ်။ သူတို့ယုံကြည်အားထားရတဲ့ ဆရာကလည်း သူတို့အဆိုအရ ဒီလိုမရိုးသားတဲ့ပယောဂတွေကို ကုတာ နာမည်ကြီးသလို ဈေးလည်းကြီးပါတယ်။
သူတို့ဆရာဆိုတာက နောင်လရွာက ဦးဇာတိမာလို့ သိရပါတယ်။ ဦးဇာတိမာက မလေးရှားကို အရင်တခေါက် လာပြီးသွားပြီလို့လည်း သိရပါတယ်။

ဒီလိုနဲ့ ဦးဇာတိမာ ဒုတိယအကြိမ် ထပ်ရောက်လာပါတယ်။ သူတို့ထင်တဲ့အတိုင်းပဲ ဆရာက
လူတယောက်ကို ၀င်ပူးစေတဲ့အခါမှာ သူဟာ စောအေးမြင့်ဖြစ်တဲ့အကြောင်း အသံမာမာနဲ့ ခြိမ်းခြောက် တဲ့အသုံးအနှုန်းတွေနဲ့ပဲ ပြောလာပါတယ်။ သူတို့တွေလည်း အဖြေသေသေချာချာ ရသွားပြီမို့ ဆရာကို ခေါ်ရတာ ငွေဘယ်လောက်ကုန်ကုန် တန်တယ်လို့ သဘောထားကြပါတယ်။

အမည်မဖေါ်လိုသူတဦးက ဒီတခေါက် ဆရာလာတာ မလေးငွေ ရင်းဂစ် သုံးသောင်းကျော် လေးသောင်းနီးပါးလောက် ရသွားတယ်။ ပြီးတော့ စောအေးမြင့်ကို နင်တို့မြန်မြန်ရှင်းမှ ဒီဒေသမှာ ငြိမ်းချမ်းမယ်လို့လည်း မိန့်မှာသွားပါတယ်။

ဆရာကိုယ်တိုင်က အဲလိုမိန့်လား မမိန့်လားတော့ မသိဘူး။ ပြီးခဲ့တဲ့လကပဲ စောအေးမြင့်တို့ လင်မယား နှစ်ယောက်အသတ်ခံရပြီး ဖြစ်ပါတယ်။ သူတို့အသတ်မခံရမီ စောအေးမြင့်ဇနီးက ရွာကသူ့မိဘဆီကို ဖုန်းဆက်ပြီး အကြောင်းကြားနိုင်တဲ့အတွက် တောင်ပေါ်ဒေသကလူတွေမသိခင် ရွာက လူတွေ အရင်သိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီပြသနာက လွယ်လွယ်နဲ့တော့ ရှင်းမယ်လို့တော့မထင်ပါဘူး။ ဆရာဇာတိမာကတော့ မလေးကနေပြန်ပြီး ဘန်ကောက်မှာ လူထွက်ပြီးတော့ မိန်းမယူတယ်လို့တော့ ကြားသိရကြောင်းပါခင်ဗျာ။

0 comments:

Post a Comment