Monday, September 16, 2013

KNU Hopes Nationwide Ceasefire with Burmese to Sign in October 16/09/2013



ROAR (သီချင်းလက်ဆောင်)

X Factor သြစတျေးလျနိုင်ငံ သီချင်းပြိုင်ပွဲ Live show လေးပါ။ ဒီညရဲ့အကောင်းဆုံးတေးတပုဒ်ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ သူမ နာမည်က Dami Im လို့ ခေါ်ပါတယ်။ ကိုးရီးယားနိုင်ငံမှာမွေးဖွားပြီး သြစတျေးလျကို အသက် ၉ နှစ်အရွယ်မှာရောက်လာခဲ့ပါတယ်။ 2013 X Factor သီချင်းပြိုင်ပွဲမှာ အဖြူတွေကို ကျော်ပြီး တစ်ပြေးနေပါတယ်။ ယခုပွဲက Top 8 ဇကာချတဲ့ပွဲပါ။ Katy perry ရဲ့ Roar ယခုလက်ရှိ နာမည်ကြီး Hit song သီချင်းတပုဒ်ပါ။ လာလည်သူမိတ်ဆွေများရှုစားကြပါအုံး.......

Dami Im - Week 4 - Live Show 4 - The X Factor Australia 2013 Top 9


Four Karen Political Parties to merge ahead of 2015 election



KNUအဖွဲ့အတွင်း ၀က်ဆိုက်ဘ် နှစ်ခု ဖြစ်နေ



ယခုတလော အင်တာနက်ပေါ်တွင် KNUအဖွဲ့ပိုင် ၀က်ဆိုဘ်နှစ်ခု ရှိနေပြီး တပြိုက်နက်တည်း ၀င်ရောက် ဖတ်ရှူနိုင်တာကြောင့် အဘယ်ကြောင့်များ အဖွဲ့တခုထဲတွင်ပင် ၀က်ဆိုက်ဘ်နှစ်ခု ဖြစ်နေရသလဲဆိုတာ အင်တာနက်ပေါ်မှာ အများသူငှာ စိတ်ဝင်တစား ရှိနေကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အဲဒီဝက်ဆိုက်ဘ်တွေကတော့ အရင်ကတည်းက ရှိနှင့်ပြီးသား http://www.karennationalunion.net/၀က်ဆိုက်ဘ်နဲ့ လက်ရှိ အသစ်တခုဖြစ်တဲ့ http://www.knuhq.org/တို့ပဲ ဖြစ်ပါတယ်။

အဲဒီဝက်ဆိုက်ဘ်နှစ်ခုရဲ့ ခြားနားချက်ကတော့ ၀က်ဆိုက်ဘ်အသစ်ထဲမှာ လက်ရှိ အစိုးရနဲ့ KNUရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဝေေ၀ဆာဆာ ဖော်ပြထားပြီး  peace process ဆိုတဲ့ သီးသန့်ခေါင်းစဉ်တခုလည်း ထားထားတာကို တွေ့ရပါတယ်။

ဘာကြောင့်များ KNUအဖွဲ့ထဲမှာ ၀က်ဆိုက်ဘ်နှစ်ခု ဖြစ်နေရလဲဆိုတာကို အများပြည်သူတွေ ရှင်းရှင်းဘွင်းဘွင်း သိရှိနိုင်စေဖို့ရန် ယမန်နေ့က KNUဗဟိုဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူတဦးက ယခုလိုပဲ ဖြေကြားခဲ့ပါတယ်။

KNUအနေဖြင့် ယခင်ရှိနှင့်ပြီးသား ၀က်ဆိုက်ဘ်ကို သတင်းအချက်အလက်တွေ နည်းပညာပိုင်းတွေ ပိုမိုကျယ်ပြန့် ပြည့်စုံအောင် ပြုလုပ်ဖို့ အစီအစဉ်ရှိခဲ့သော်လည်း  အခြေအနေအကြောင်းကြောင်းကြောင့် အခြားဝက်ဆိုက်ဘ် အသစ်တခုကို ထပ်မံပြုလုပ်ခဲ့တာကြောင့် ယခုလို ၀က်ဆိုဘ်နှစ်ခု ဖြစ်နေရတာဖြစ်ကြောင်း၊ နောက်ပိုင်း ယခုလက်ရှိအသစ် ကိုပင် ထပ်မံသုံးသွားမှာ ဖြစ်ကြောင်း၊ ၀က်ဆိုက်ဘ်အဟောင်း http://www.karennationalunion.net/ဟာလည်း လပိုင်းသာ သက်တမ်းရှိတော့တာကြောင့် အလိုလိုနှင့် ပျက်သွားမှာ ဖြစ်ကြောင့်နှင့်လက်ရှိ ၀က်ဆိုက်ဘ် အသစ် http://www.knuhq.org/ကပဲ ဆက်လက် လည်ပတ်သွားမှာ ဖြစ်တယ်ဆိုပြီး ပြောဆိုသွားကြောင်းပါ ခင်ဗျား။

0 comments:

Post a Comment