Tuesday, November 19, 2013

Saw Chit Thu speech for developement education in Country 20/11/2013

တိုင်းပြည်တည်ဆောက်တဲ့အခါမှာ တိုင်းရင်းသားလူငယ်များအတွက် ပညာရေးကဏ္ဍမြှင့်တင်ပေးရေး ဗိုလ်ချစ်သူပြောပြီ


တိုင်းရင်းသားလူငယ်များ 
တိုင်းပြည်တည်ဆောက်ရေးတွင် ပါဝင်လာစေရေး
အတွက် ပညာရေးကဏ္ဍအထူးမြှင့်တင်ပေးရန်
အစိုးရသို့ ဗိုလ်ချစ်သူတိုက်တွန်း
November 19, 2013
Tuesday

By ခန့်ခန့်(ဒဿနိက)

တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းပြည်၏ပညာရေးစနစ်အပေါ်အခြေခံ၍ ပညာသင်ကြားရသောမျိုးဆက်သစ်
လူငယ်များအပေါ်ဝယ် အဓိကကျနေသောကြောင့် ယခင်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ
၍ ပညာသင်ကြားရန်အခွင့်မသာခဲ့သော တိုင်းရင်းသားလူငယ်များအား သွားနေသောတိုင်းပြည် တည်ဆောက်ရေး
နှင့် ဒီမိုကရေစီလမ်းစဉ်ဖော်ဆောင်အကောင်အထည်ဖော်ရာ၌ ပါဝင်လာနိုင်စေရေးအတွက် တိုင်းရင်းသားလူငယ်
များ၏ပညာရေးကဏ္ဍအား အထူးမြှင့်တင်ပေးရန် နိုင်ငံတော်သို့တိုက်တွန်းကြောင်း နယ်ခြားစောင့်တပ် များဗဟိုအ
ကြံပေးနှင့် ကွပ်ကဲရေးကောင်စီအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်စောချစ်သူကပြောကြားလိုက်သည်။

“ကျွန်တော်တို့တိုင်းပြည်နဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ပညာတတ်တွေအများကြီးလိုအပ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၄မှာDKBA ဖြစ်ပေါ်လာပြီးတော့ ခုချိန်ထိဆိုရင် ကျွန်တော်တို့ကရင်ပြည်နယ်မှာ တော်တော်ကိုပညာ
ရေးပိုင်းရော ပြည်နယ်ရဲ့ဖွံ့ဖြိုးရေးပိုင်းရော ပြောင်းလဲလာပါပြီ။
ကျွန်တော်တို့ဒေသရဲ့ ဖွံ့ဖြိုးမှု၊ တိုင်းရင်းသားတွေ အားလုံးရဲ့ဖွံ့ဖြိုးမှုဟာ ပညာတတ်များများရှိမှဖြစ်မယ်။
ဒီတော့ ဒီတိုင်းရင်းသားလူငယ်တွေ ပညာရေးမှာထူးချွန်ပြီး သွားနေတဲ့တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းစဉ်ဖေါ်ဆောင်
အကောင်အထည်ဖေါ်နေမှုမှာ ပါဝင်လာနိုင်စေရေးအတွက် မိဘတွေအနေနဲ့ကလည်း စာမတတ်လည်း ထမင်းစား
ရတာဘဲဆိုတဲ့ အမြင်မှား၊ အတွေးမှားတွေဖယ်ပြီး လူငယ်တွေကိုပံ့ပိုးပေးဖို့လိုသလို နိုင်ငံတော်ကလည်း ဒီတိုင်းရင်း သားလူငယ်တွေရဲ့ ပညာရေးကဏ္ဍကိုအထူးမြှင့်တင်ပေးဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်”
ဟု နယ်ခြားစောင့်တပ်အမှတ် (၃) တပ်နယ်မှူးဗိုလ်မှူးချုပ်စောချစ်သူ ကပြောကြားသွားခဲ့သည်။

တိုင်းရင်းသားနယ်မြေများ၌ အချို့သောမိဘများမှ ယင်းတို့၏ သားသမီးများ၏ပညာရေးပိုင်းအား အကြောင်းအမျိုး
မျိုးကြောင့် ထောက်ပံ့ပေးနိုင်မှုအားနည်းခဲ့သောကြောင့် ရာစုတစ်စုခန့်နီးပါး ဒေသခံတိုင်းရင်းသားလူငယ်များမှာ ပ
ညာသင်ကြားရေးနှင့် ဝေးကွာခဲ့ရပြီး ယင်းသို့တစ်ရာစုနီးပါးခန့် တိုင်းရင်းသားလူငယ်များပညာရေးနှင့် ဝေးကွာခဲ့
ခြင်းမှာလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်န စ်နာမှုတစ်ခုပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်သုံးသပ်ပြောကြားခဲ့သည်။

0 comments:

Post a Comment