Monday, November 25, 2013

No peace without ethnic rights 25/11/2013

 A long festering war between the central government and the ethnic states has torn and divided Burma for over 60 years. Can the current peace process, launched by president Thein Sein in 2011, bring about a lasting peace?

 

တရုတ်လေကြောင်း ကာကွယ်ရေး ဥပဒေသစ် ဂျပန်ကန့်ကွက်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး။

ဗွီအိုအေ (မြန်မာဌာန)
တရုတ်နိုင်ငံက လေကြောင်းပိုင်နက်ဇုန် သတ်မှတ်လိုက်တာမှာ ဂျပန်ပိုင်နက်လည်းပါတဲ့အတွက် အန္တရယ်ကြီးတဲ့ လုပ်ရပ်ဖြစ်ပြီး ပြဿနာ အကြီးအကျယ်တက်နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က သတိပေးလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ဒီတရုတ်လေကြောင်းပိုင်နက်ဇုန်ဟာ လက်တွေ့ အသက်သွင်းလို့မရတဲ့ ကိစ္စဖြစ်တယ်၊ ဂျပန်နိုင်ငံအတွက် တရားဝင်မှုမရှိဘူး၊ ဒါကြောင့် ပြန်ရုပ်သိမ်းသင့်တယ်လို့ ဒီနေ့ ဂျပန်ပါလီမန်မှာ ထုတ်ပြောခဲ့ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ ဒီလေကြောင်းပိုင်ဆိုင်မှုဇုန် စည်းမျဉ်းသစ်ကို စနေနေ့က ကြေညာခဲ့ရာမှာ ဒီဇုန်အတွင်း ဖြတ်သွားမယ့် လေယာဉ်တွေ အားလုံး အနေနဲ့ ကြိုတင် သတင်းပို့ရမှာဖြစ်ပြီး တရုတ်နိုင်ငံက အမိန့်တွေအားလုံးကို လိုက်နာရမှာ ဖြစ်တယ်လို့ ထည့်သွင်းခဲ့ပါတယ်။

ခုလို တရုတ်ရဲ့ လေကြောင်းပိုင်ဇုန် သတ်မှတ်ကြေညာမှုကို ဂျပန်အပြင် အမေရိကန်ကလည်း ကန့်ကွက်ခဲ့ရာမှာ တရုတ်ဘက်ကတော့ ဒီ ဝေဖန်မှုတွေကို ပယ်ချခဲ့ပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဝေဖန် ကန့်ကွက်မှုတွေဟာ အခြေအမြစ်မရှိဘူး၊ တာဝန်ယူတာဝန်ခံမှု မပါဘူးလို့ ပြန်ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ကာကွယ်ဝန်ကြီးဌာနကပဲ ဒီလေကြောင်း ဇုန်သတ်မှုတ်မှုဟာ တရုတ်ရဲ့အခွင့်အရေးဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံဘက်ကတော့ ဒီလေကြောင်းဇုန်ကြေညာချက်အပေါ် တရားဝင် ကန့်ကွက်စာ ပို့ခဲ့ပြီး တရုတ်အစိုးရ အနေနဲ့ နယ်မြေအငြင်းပွားနေရတဲ့ ဂျပန်အခေါ် Senkaku ကျွန်း၊ တရုတ်အခေါ် Daioyu ကျွန်းတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေပိုဆိုးလာအောင် တရုတ်ဘက်က လုပ်လိုက်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

0 comments:

Post a Comment