Sunday, December 15, 2013

Rangoon Forien University 16/12/2013

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အချိန်ပိုင်း အထွေထွေဘာသာဗေဒ သင်တန်းဖွင့်မည်

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် အထွေထွေဘာသာဗေဒဘာသာရပ်ကို အချိန်ပိုင်း၊ နှစ်နှစ် ဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးလျှောက်ထား ရမည် ဖြစ်သည်။
အထွေထွေ ဘာသာဗေဒဘာသာရပ် အချိန်ပြည့်တစ်နှစ် ဒီပလိုမာသင်တန်းကို လွန်ခဲ့သည့်နှစ်က ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ယခုနှစ်တွင်အချိန်ပိုင်းနှစ်နှစ် သင်တန်းကို တိုးချဲ့ဖွင့်လှစ်ရန် ကြေညာခြင်းဖြစ်သည်။
"တချို့သင်တန်းသားတွေက အလုပ်နဲ့ဆိုတော့ အချိန်ပြည့်မတက်ရောက်နိုင်ဘူး အဲ့ဒီအတွက် အချိန် ပိုင်းသင်တန်းကို တိုးချဲ့ဖွင့်လှစ်တာပါ။ အခုလောလောဆယ်တော့ အချိန်ပြည့်သင်တန်းမှာ သင်တန်း သား ၃ ယောက်ဝင်ခွင့်ရထားပါတယ်" ဟု၎င်းတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အထွေထွေ ဘာသာဗေဒသင်တန်းတွင် ဘာသာပြန်၊ စကားပြန်လုပ်ငန်းလုပ်ကိုင်နေသူများ၊ ဘာသာ စကားသင်ကြားနေသူများ၊ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်ပါက ဘွဲ့ဒီဂရီမရရှိသော် လည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်ရရှိပါက တနင်္လာနေ့မှ သောကြာ အထိ နံနက် ၇ နာရီမှ နံနက် ၉ နာရီအချိန်တွင်း သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံ ခြားဘာသာ တက္ကသိုလ်ကကြေညာထားသည်။

NLD မှ ကော့မှူးတွင် ပြုလုပ်သည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲသို့ လူထုအင်အား ၃၀၀၀၀ ခန့်တက်ရောက်

 

 

0 comments:

Post a Comment