Saturday, December 28, 2013

Done Competition at Shwe Kod Dor DKBA Hadeauater. 29/12/13

ရွှေကုက္ကိုကရင်နှစ်သစ်ကူး ဒုံးပြိုင်ပွဲ စတင်နေပြီ




ကရင့်နှစ်၂၇၅၃ခုနှစ် ကရင်ပြည်နယ် မြ၀တီမြို့နယ်ရွှေကုက္ကိုလ်မြိုင် ကရင်နှစ်သစ်ကူးပွဲတော်ရိုးရာဒုံးအကပြိုင်ပွဲစတင် ဖွင့်လှစ်ခဲ့ ဒီဇင်ဘာ ၂၈ ၂၀၁၃ ကရင်နှစ်၂၇၅၃ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ရိုးရာဒုံးအကပြိုင်ပွဲကို ယနေ့ညတွင် မြ၀တီမြို့နယ်ရွှေကုက္ကိုလ်မြိုင်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အခြေစိုက် အဆင့်မြှင့်လက်ရွှေးစင်ဒုံး အဖွဲ့ ၁၂ ဖွဲ့က စတင်ယှဉ်ပြိုင်လျှက်ရှိသည်။



 ဒုံးအကပြိုင်ပွဲကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကတက်ရောက် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ပရိသတ် နှစ်ထောင်ကျော်တက်ရောက် အားပေးခဲ့ကြသည်။ အဖွင့်အမှာစကားပြောကြားခဲ့သည့်ဗိုလ်မှူးချုပ်စောချစ်သူက အခြေအနေအရပ်ရပ်ကြောင့် ကရင်အမျိုးသားများ မည်သည့်အနေအထားကိုရောက်ရှိနေသည်ဖြစ်စေ အမျိုးသားရေးနှင့်ရည်မှန်းချက်များကို ဥပက္ခာပြုမည်မဟုတ်ဘဲ ပန်းတိုင်အရောက်သွားမည့်ဂတိသစ္စာကို ပေးအပ်သည့်အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။



 ကရင်အမျိုးသားအစည်းအရုံး KNU ပြည်ထဲရေးနှင့်သာသနာရေးဌာနမှူး ပဒိုစောအားတိုးနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ချုပ်ယဉ်နုတို့က အမျိုးသားရေးဆိုင်ရာ အမှာစကားများပြော ကြားခဲ့ကြသည်။ ဖွင့်ပွဲတွင်မီးရှုးမီးပန်းများပစ်ဖောက်ခဲ့ပြီး နှစ်သစ်ကူးအထိမ်းအမှတ် စာလုံးများကိုလည်း မီးပန်းများအသုံးပြုကာ သရုပ်ဖော်ပြသခဲ့သည်။


 ယနေ့ညမှစတင်ကာ ပြိုင်ပွဲဝင်ဒုံးအဖွဲ့များ လာမည့်ဇန်န၀ါရီလ(၁)ရက်အထိ အလှည့်ကျယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်ဇန်န၀ါရီလ (၁)ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပြီး ကရင်ပြည်နယ် ၅ မြို့နယ် စုပေါင်းကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ကို မြ၀တီရှိရွှေကုက္ကိုလ် တွင် ယနေ့ညမှစတင်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။



0 comments:

Post a Comment