Tuesday, December 10, 2013

Thai Election on 2nd of February 2014

ထိုင်းရွေးကောက်ပွဲ ဘတ်ငွေ ၃၈ ဘီလီယံ ကုန်ကျမည် 

 ရွေးကောက်ပွဲ ပြန်လုပ်ပေးမည့်အစီအစဉ် ထိုင်းဘုရင် အတည်ပြု

                           ထိုင်း ဘု၇င် ဘူမီဘေါ ထိုင်းေ၇ႜးကေါက်ပွဲအတွက်အတည်ပြု



ထိုင်းဝန်ကြီးချူပ်၇ှင်လပ်ေ၇ွးကေါက်ပွဲအသစ်ပြုလုပ်မည်

 ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ့် အစီအစဉ်ကို ဘုရင် ဘူမိဘော အဒူယာဒတ်က အတည်ပြု ပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးဖို့အစီအစဉ်ကို ဘုရင်ကြီးက အတည်ပြုတဲ့အကြောင်းကို တော်ဝင် ဂေဇက် (Royal Gazette)သတင်းစာမှာ ဖော်ပြ ထားပါတယ်။

                                          လူထုေ၇ွးကေါက်ပွဲအသစ် တေါင်းဆို

ဘန်ကောက် ဒီဇင်ဘာ ၁၀

ဖေဖေါ်ဝါ၇ီလ ၂ ရက်နေ့တွင် ကျင်းမမည့် ထိုင်းအထွေထွေ ရွေးကောက်ပွဲအတွက် အစိုးရဘတ်ဂျက်မှ ဘတ်ငွေ ၃၈ ဘီလီယံ ကျခံသုံးစွဲသွားရမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုး Puchong Nutrawong က ပါတီများမှ ကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၃ မှ ၂၇ အတွင်း ပြုလုပ်ရမည်ဖြစ်ပြီး မဲဆန္ဒနယ်အလိုက် မှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၂၈မှ ဇန်န၀ါရီ ၁ရက်နေ့အတွင်း ပြုလုပ်ရမည်ဟု ဆိုသည် ။

ဇန်န၀ါရီလ ၂၆ရက်နေ့ ကြိုတင်မဲပေးရန်ရက်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည် ။ ထိုင်းနိုင်ငံတွင် မဲပေးခွင့်ရှိသူ ၄၈ သန်းရှိကြောင်း Puchong Nutrawong က ပြောသည် ။ ပြင်းထန်လာသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထိုင်းလွတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ကျင်းပရန် ဆုံးဖြတ်ကာ ထုတ်ပြန်ကြေညာခဲ့သည် ။

သို့ရာတွင် အစိုးရသစ်ကို အာဏာလွဲအပ်ခြင်း မပြုနိုင်မီ အထိ ကြားဖြတ်အစိုးရအဖွဲ့ အကြီးအကဲအဖြစ် ယင်လတ် တာဝန်ယူမည့်အပေါ် ဆန္ဒပြလူထူက မကျေနပ်ဘဲ အစိုးရသစ်တစ်ရပ် မပေါ်ပေါက်မီအထိ လူထုကောင်စီတစ်ခု ဖွဲ့စည်းကာ ကြီးကြပ်စေရေး ၊ ပြည်ပတွင် နေထိုင်နေရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အမျိုးအနွယ်များအားလုံးကို နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှု မပြုစေရေးအတွက် နောက်ထပ် ၃ ရက်ကြာ ဆန္ဒဖေါ်ထုတ်မှုများ ဆက်လက် ပြုလုပ်သွားရန် ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban က တိုက်တွန်း လှုံ့ဆောင်ထားသည်။

ထို့အတူ ယင်လပ်ကလည်း ယနေ့မနက်တွင် သူမအနေနှင့် ဆန္ဒပြသမားတို့၏ ယခုတောင်းဆိုချက်ကိုမူ မလိုက်လျောနိုင်တော့ဘဲ ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် အစိုးရသစ်ကို အာဏာ လွဲအပ်နိုင်သည့်အချိန်အထိ တာဝန်ယူသွားမည်ဟု ပြောဆိုခဲ့သည် ။

0 comments:

Post a Comment