Friday, May 3, 2013

ဖားကန့် ဒေသမှာ ဆိုင်တချို့ ဖျက်ဆီး ခံရ 03/05/2013

Phakant Map
ဖားကန့်မှာ မွတ်ဆလင် စျေးဆိုင်တွေ ဖျက်ဆီးခံရ
ကချင် ပြည်နယ် ဖားကန့် ဒေသမှာ မွတ်ဆလင်တွေ ပိုင်တဲ့ ကုန်မာဆိုင် သုံး ဆိုင် ဖျက်ဆီး ခံခဲ့ရ ပါတယ်။
ကြာသပတေးနေ့ ညနေ ၅နာရီ ဝန်းကျင်က ဖားကန့် ဒေသမှာ ဆိုင်းတောင်လို့ လူသိများတဲ့ စဉ့်ငူ ရွာက မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ ကမ္ဘာကျော်၊ ဝင်းမေတ္တာနဲ့ မလိခ စတဲ့ ကုန်မာဆိုင် သုံးဆိုင်ကို လူ ၁၀၀ ကျော်က ဝိုင်းပြီး ဖျက်ဆီး လိုက်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဖျက်ဆီး ခံရတဲ့ ဆိုင်တွေ ရှေ့မှာ တွေ့ရတဲ့ လူ နှစ်ယောက်ကို ဖမ်းဆီးသွာ တယ် လို့လည်း သူက ပြောပါတယ်။
အခု ဖားကန့်မှာ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာဝင် တွေကြား ဖြစ်တဲ့ ပြဿနာက မိတ္ထိလာနဲ့ ဥက္ကံ တို့မှာ ဖြစ်သလို အကြောင်း အရာတစ်ခု ကနေစတင် ဖြစ်တာ မဟုတ်ဘဲ နှစ်ဘက် ဘာသာဝင်တွေက တဘက်နဲ့ တဘက် အထင်လွဲစေနိုင်တဲ့ ကောလ ဟာလသတင်းတွေ ဖြန့်တဲ့ အပေါ် အခြေခံ တယ်လို့ စဉ့်ငူ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဖားကန့် ရဲစခန်းကော့ လောလောဆယ် အသေးစိတ် မပြောနိုင် သေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။
လက်ရှိ အခြေ အနေမှာ လုံခြုံရေး တင်းကျပ် ထားတဲ့ အတွက် တည်ငြိမ် သလိုရှိပေမဲ့ ဒေသခံတွေ ကတော့ ဆူပူ တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာ မှာကို စိုးရိမ် နေကြ ပါတယ်။

0 comments:

Post a Comment