Monday, May 20, 2013

KNDO လေယာဉ်ပြန်ပေးဆွဲမှုဖြစ်ရပ် ရုပ်ရှင်ရိုက်မည် 20/05/2013

လွန်ခဲ့တဲ့ နှစ်(၆၀)နီးပါးက ဖြစ်ပျက်ခဲ့တဲ့ KNDO ကရင်သူပုန်တွေရဲ့ လေယာဉ်ပြန်ပေးဆွဲမှု ဖြစ်ရပ်ဇါတ်လမ်း
ကိုရုပ်ရှင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

ဖြစ်ရပ်မှန်ဖြစ်တဲ့အကြောင်းကိုလည်း စာရေးဆရာလှသောင်းကလည်း မကြာခင်ကမှ "မြန်မာနိုင်ငံ၏ ကမ္ဘာ့
ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကြီး" နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပါတယ်။

အဲ့ဒီပြန်ပေးဆွဲခဲ့တဲ့ ကရင်သုံးဦးထဲက ခေါင်းဆောင်ဖြစ်သူစောကျော်အေးဟာ အခုဆိုရင်အသက် ၈၇ နှစ်
ရှိပြီဖြစ်ပြီး သက်ရှိထင်ရှားရှိနေပါတယ်။

ဒီဖြစ်ရပ်မှန်ဇါတ်လမ်းဟာ ၁၉၅၄ ဇွန်လပိုင်းက ရန်ကုန်ကနေ စစ်တွေကိုသွားတဲ့လေယာဉ်ကို KNDO ကရင်သူပုန်တွေက ပြန်ပေးဆွဲပြီးသူတို့ဒေသကို ခေါ်သွားဖို့ဖြစ်ပါတယ်။

ဒါပေမယ့် လေယာဉ်ဟာ ဂွနဲ့ ချောင်းသာကြားမှာ ဆင်းဖို့နေရာရှာရင်း ဆီကုန်သွားတာကြောင့် မြေပြင်မှာပဲ
ဆင်းသက်လိုက်ရပြီး၊လေယာဉ်မှူးရဲ့ အကြံပြုချက်နဲ့ ပြန်ပေးသမားတွေက လေယာဉ်ပေါ်ပါလာတဲ့ ငွေတွေ
ကိုပဲ ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ကမ္ဘာပေါ်မှာပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုဖြစ်တယ်လို့် ယူဆရကြောင်းကိုလည်း စာရေး
ဆရာလှသောင်းကပြောပါတယ်။

ဒါကိုရုပ်ရှင်ရိုက်ဖို့စီစဉ်နေတဲ့ ဒါရိုက်တာ အဏ်ထော်နီကလည်း မြေအောက်အဖွဲ့အစည်းကနေလျှို့ဝှက်ပြီး
လေယာဉ်ကိုရအောင်ပြန်ပေးဆွဲခဲ့တာရယ်၊နောက်ပြီး လေယာဉ်မှူးကလည်း ကွင်းမဟုတ်တဲ့နေရာမှာ
ရအောင်ဆင်းပြီး လူတွေရဲ့အသက်ကိုရအောင်ကာကွယ်နိုင်ခဲ့တဲ့ဖြစ်ရပ်ဟာ တကယ့်သည်းထိတ်ရင်ဖို
ဖြစ်တယ်လို့ပြောပါတယ်။

ကျပ်ငွေသိန်းပေါင်း သုံးလေးထောင်လောက် ကုန်ကျမှာဖြစ်ပေမယ့် နိုင်ငံတကာဈေးကွက်ဝင်အောင်
ရိုက်ကူးဖို့စီစဉ်နေတယ်လို့ ဒါရိုက်တာအဏ်ထော်နီကပြောပါတယ်။

0 comments:

Post a Comment