Thursday, May 2, 2013

SSPP Amy at Shan State



မြန်မာတပ်မ အားလုံးနီးပါး တိုင်းရင်းသားနယ်မြေများသို့ ပို့လွှတ်ထားဟု စစ်ရေးလေ့လာသူပြော

E-mail Print
လက်ရှိအချိန်တွင် မြန်မာတပ်မအားလုံးနီးပါးကို တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများအတွင်း ပို့လွှတ်ဖြန့်ခွဲ ထားသဖြင့် ကကကြည်း၏ အရံတပ်အဖြစ် ထားရှိသည့် တပ်မ ၃၀ ကျော်ရှိသည့် အနက် တပ်မ ၂ ခုသာ ကျန်ရှိ တော့ကြောင်း တရုတ် နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။
alt
Burma Army

“ဒီနေ့ ဗမာတပ်မှာ တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိတယ်။ ကကကြည်းရဲ့အရံတပ်အနေနဲ့ထားတာကတပ်မ ၁၁ ကနေ ၁၀၁ အထိ စကခ ၁ ကနေ ၂၁ အထိ အားလုံး ၃၀ ကျော်ရှိတယ်။ အခုတပ်မ ၆၆ နဲ့ ၇၇ နှစ်ခုကလွဲလို့ ကျန် တပ်မ တွေအကုန်လုံး လူမျိုးစုနယ်မြေ တွေမှာနေရာ ဖြန့်ယူထားတယ်။ နောက်ထပ်လဲစရာတပ်မရှိဘူး” ဟု သူကဆိုသည် ။

KIO အဖွဲ့မှလွှဲ၍ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနီးပါးနှင့် မြန်မာအစိုးရတို့ အကြားအပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားသော်လည်း  မြန်မာအစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စကား ပြောရာတွင် အပေါ်စီးရရေး အတွက် ထိုသို့ တပ်များတိုးချဲ့နေရာယူခြင်း ဖြစ်ကြောင်း ဆိုသည် ။

“အမှန်တော့ KIO ကလွှဲလို့ ကျန်အဖွဲ့အားလုံးနဲ့ ပဏာမအပစ်အခတ်ရပ်စဲရေးအဆင့်ပဲ။ ဘယ်အဖွဲ့နဲ့မှအခိုင် အမာအဆင့် လက်မှတ် မထိုးရသေးဘူး။ နောက်အခိုင်အမာ စကားပြောကြတဲ့ အခါ သူ့တပ်ကိုယ့်တပ် နယ်မြေ သတ်မှတ်ရေးတွေ လို လာတယ်။ အဲဒါတွေ လုပ်ရတော့မယ်ဆိုတော့ ဗမာတပ်က နေရာအများစု ရယူထားရေး ဆက်စပ်နယ်မြေ အားလုံး တပ်တိုး ချဲ့ထားရေးဆိုတဲ့ ပေါ်လစီအရ ရှိတဲ့တပ်တွေအားလုံးကို ထိုးထည့်ထားတာ ဖြစ်တယ် ” ဟု ဆိုသည် ။

ထိုသို့ မြန်မာတပ်မတော်က ရည်ရွယ်လုပ်ဆောင်နေခြင်းမှာ လက်နက်ကိုင်အဖွဲ့များ အင်အားချည့်နဲ့သွားစေရန် ဖြစ်ပြီး အဆိုပါ လုပ်ရပ်ကြောင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိလာမည်ဟု မယုံကြည်ကြောင်း သူက ဆက်ပြောသည် ။

ဧပြီလကုန်ပိုင်းက သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း KIA နှင့် အစိုးရတပ်များ နေ့စဉ်လိုလို တိုက်ပွဲများ ဖြစ် ပွားခဲ့ပြီး သျှမ်းပြည်တပ်မတော် SSPP / SSA နယ်မြေဖြစ်သည့် တန့်ယန်းနှင့်မိုင်းရှူးမြို့နယ်များ တွင်လည်း အစိုးရ တပ်များ အင်အားတိုးချဲ့ချထားကြောင်း သိရသည် ။

0 comments:

Post a Comment